Latest News

Monday, October 2, 2017

အော်ဂဲနစ်သီးနှံများဝယ်ရန် စင်ကာပူကမ်းလှမ်း

အော်ဂဲနစ်သီးနှံများဝယ်ရန် စင်ကာပူကမ်းလှမ်း

ပြည်တွင်း၌ စိုက်ပျိုးလျက်ရှိသော အော်ဂဲနစ်သီးနှံများကို ဝယ်ယူရန်အတွက် စင်ကာပူနိုင်ငံဘက်က ကမ်းလှမ်းမှုများရှိကြောင်း မြန်မာ့ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။

အော်ဂဲနစ်သီးနှံများကို ဝယ်ယူနိုင်ရန်အတွက် စင်ကာပူနိုင်ငံမှအဖွဲ့က ပြည်တွင်း အော်ဂဲနစ်သီးနှံများ စိုက်ပျိုးသည့်နေရာများနှင့် အော်ဂဲနစ်သီးနှံ စိုက်ပျိုးသူများကို ကွင်းဆင်း လေ့လာမှုများ လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါအသင်း၏ အတွင်းရေးမှူး ဦးကျော်သူက ပြောကြားသည်။

“အခုကတော့ အော်ဂဲနစ်ဝယ်ဖို့အတွက်က စင်ကာပူပဲ ရှိသေးတယ်။ ဟင်းသီးဟင်းရွက်ကျတော့ အော်ဂဲနစ်ရောင်းနိုင်ဖို့ နည်းနည်း ခက်တယ်၊ မရောင်းနိုင်သေးဘူး”ဟု ၎င်းကဆိုသည်။

အော်ဂဲနစ် ဟင်းသီးဟင်းရွက်များကို ပြည်ပနိုင်ငံများသို့ ရောင်းချမည်ဆိုပါက မှန်လုံအိမ်များဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ရမည်ဖြစ်ပြီး ယင်းအတွက် ကုန်ကျမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည် ရယူမည့် ဟင်းသီး ဟင်းရွက်ဈေးနှုန်းဖြင့် တွက်ခြေကိုက်ရန် လေ့လာမှုများ လုပ်ဆောင်နေကြောင်း ၎င်းကပြောဆိုသည်။

ပြည်တွင်းသီးနှံ စိုက်ပျိုးသည့် တောင်သူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာ့ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းတို့က နိုင်ငံတကာအသိ အမှတ်ပြုလက်မှတ် GAP ရရှိနိုင်ရန်အတွက် သင်တန်းပို့ချခြင်းများ လုပ်ဆောင်လျက်ရှိသည်။

The Voice

No comments:

Post a Comment