Latest News

Monday, October 2, 2017

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဘင်္ဂလားဒေ့ရှ်မှာ ဆွေးနွေး

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး  ဘင်္ဂလားဒေ့ရှ်မှာ ဆွေးနွေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ ရောက်နေတဲ့  နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ် အလီနဲ့ ဒီနေ့ တွေ့ ဆုံပြီး  ဘင်္ဂလားဒေ့ရှ် နယ်မြေထဲရောက်နေတဲ့ ရိုဟင်ဂျာတွေ ပြန်ခေါ်ရေးကိစ္စကို ဆွေးနွေးခဲ့ ပါတယ်။

ဘယ်တော့ စတင်မယ် ဘယ်နှစ်ယောက် ပြန်ခေါ်ဆိုတာတွေကို အသေးစိတ် ထုတ်ဖေါ်ကြေညာတာ မရှိပေမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး က နှစ်ဖက် ကိုယ်စားလှယ်တွေ ရင်းရင်းနှီးနှီး ဆွေးနွေးနိုင်ခဲ့ကြပြီး မွတ်ဆလင်တွေ ပြန်ပို့ရေးနဲ့ ပတ်သက်လို့  အသေးစိတ်  ညှိနှိုင်းနိုင်အောင် ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းသွားဖို့ သဘောတူခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီ ပူးတွဲကော်မတီက  ရခိုင်ပြည်က လာရောက်သူတွေ ဟုတ် - မဟုတ်ဆိုတာ စိစစ်သွားမှာဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ အစည်းတွေ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

 ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သတင်းတွေမှာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေရတဲ့ မွတ်ဆလင်ဦးရေ လေးသိန်းကျော်ရှိတယ်လို့ ဖော်ပြကြပေမယ့်  မြန်မာအာဏာပိုင်တွေကတော့ အဲဒီကိန်းဂဏန်းကို လက်မခံဘူးလို့ သိရ ပါတယ်။

RFA

No comments:

Post a Comment