ကတ်တလန်ဒေသ စပိန်နိုင်ငံကနေ ခွဲထွက်မယ်ဆိုရင် ဘာစီလိုနာအသင်းဟာလည်း လာလီဂါကနေ နုတ်ထွက်နိုင်တယ်လို့ အသင်းဥက္ကဋ္ဌ ဘာတိုမြူက ပြောကြားလိုက်ပါတယ်။
ဘာစီလိုနာအသင်း အခြေစိုက်တဲ့ ဘာစီလိုနာမြို့ဟာ စပိန်အရှေ့မြောက်ပိုင်းမှာရှိတဲ့ ကတ်တလန်ဒေသမှာ ဖြစ်ပါတယ်။
ကတ်တလန်ဒေသခံတွေဟာ စပိန်နိုင်ငံကနေ ခွဲထွက်ဖို့ ကာလကြာရှည် တောင်းဆိုနေတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က ခွဲထွက်ရေးအတွက် ဆန္ဒခံယူပွဲ ကျင်းပခဲ့လို့ စပိန်ရဲတွေနဲ့ ကတ်တလန်ပြည်သူတွေအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဘာစီလိုနာက လက်စ်ပါးမက်စ်ကို ၃ ဂိုးပြတ် အနိုင်ရတဲ့ပွဲကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပရိသတ်မပါဘဲ ကစားခဲ့ရပါတယ်။
ကတ်တလန်ဒေသ ခွဲထွက်ဖြစ်ခဲ့ရင် လာလီဂါကနေ နုတ်ထွက်ဖို့ ရှိနေပေမယ့် အကောင်းဆုံးအဖြေကို ဘုတ်အဖွဲ့က ဆုံးဖြတ်မှာဖြစ်တယ်လို့လည်း အောက်တိုဘာ ၂ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်းဥက္ကဋ္ဌ ဘာတိုမြူက ပြောကြားခဲ့ပါတယ်။
DVB
No comments:
Post a Comment