Latest News

Tuesday, October 3, 2017

မြန်မာ – ဘင်္ဂလားဒေ့ရှ် ခြံစည်းရိုး ပြုပြင် ကာရံ လုပ်ငန်းစတင်ပြီ

မြန်မာ – ဘင်္ဂလားဒေ့ရှ်   ခြံစည်းရိုး ပြုပြင် ကာရံ လုပ်ငန်းစတင်ပြီ

မြန်မာလူထု  စိတ်ဝင်စားမှု ပြင်းထန်နေတဲ့ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ် ခြံစည်းရိုး ပြုပြင်တာနဲ့ ဆက် လက်ကာရံတာကို စတင်လုပ်ဆောင်နေပါ ပြီ။

နိုင်ငံတော် သမ္မတ ရုံးရဲ့ ထုတ်ပြန်ချကမှာ ခြံစည်းရိုးကာရံမှုကို အဆင့်မီ  လုံခြုံစွာ ကာရံဖို့ အမြန်ဆုံး လုပ်ဆောင်ဖို့ ပါပေမဲ့ အခု စတင်လုပ် ဆောင်ချက်တွေကတော့ အရင်လို သံဆူးတွေကိုသာ သုံးမယ်လို့ သိ ရပါတယ်။

“သံဆူးကြိုးတွေနဲ့ပဲ ဖြစ်လိမ့်မယ်၊ ဒီဒေသမှာ အုတ်တံတိုင်းခတ်ဖို့ သိပ်မဖြစ် နိုင်ဘူး၊ ရာသီဥတုအရမ်းကြမ်းတယ်၊ ကွန်ကရစ် အုတ်ဖောင် ဒေးရှင်းတိုင်တွေနဲ့ အခိုင်အမာတော့ လုပ်ရမှာပဲ” လို့ ရခိုင်ပြည် နယ် မဲဆန္ဒနယ် အမှတ်(၃) က ဦးခင်မောင်လတ်က ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ် ထိ စပ် လျက်ရှိတဲ့  ကုန်းမြေနယ်နိမိတ်က ၁၂၈ မိုင်ရှိ ကာ ရေပိုင်နက် ထိစပ်မှုက မိုင်  ၄၀ ဖြစ် လို့ စုစု ပေါင်း ၁၆၈ မိုင်ဖြစ်ပါတယ်။  ကုန်း မြေ ထိစပ်မှုတွေမှာ ခြံစည်းရိုးခတ်ဖို့ ကျန် နေတာကတော့ မိုင် ၄၀ ဖြစ်ပါတယ်။  ဘင်္ဂ လား ဒေ့ရှ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နောက်တစ်နိုင်ငံကတော့ အိန္ဒိယ ဖြစ်ပါ တယ်။ အိန္ဒိယ နိုင်ငံကတော့ ကုန်းနယ် နိ မိတ် ထိစပ်မှုကို အခိုင်အမာ ကာရံပြီး လုံခြုံရေး အင်အား တင်းတင်းကျပ်ကျပ်ချထား တာကြောင့် ခိုးဝင်တဲ့ရန်က ကာကွယ်နိုင်ခဲ့ပါတယ်။

နယ်စပ်ခြံစည်းရိုး တစ်လျှောက်မှာ သတိပေးဆိုင်းဘုတ်တွေကို နှစ်ဖက်စလုံး  နားလည်မယ့် ဘာသာစကား နဲ့  ထင်ထင်ရှားရှား ရေးကာ နေရာ အများအပြားမှာ သတိပေးသင့်ပါတယ်။

ခြံစည်းရိုးတစ်လျှောက်မှာလျှပ်စစ်လွှတ်ဖို့ကတော့ လက်တွေ့မှာမဖြစ်နိုင်ဘဲ စိတ်ကူးသက်သက်သာ ဖြစ်တယ်လို့ ဦးခင်မောင်လတ်က ဆို တယ်။ ရခိုင်ပြည်နယ်မှာ လျှပ်စစ်ရရှိမှုက နည်းပါးသလို ရေ၊ မီးလမ်းရရှိမှုကလည်း နည်းပါး တယ်။

ခြံစည်းရိုး ကာရံပြီးနောက် လုံခြုံရေး ဝန် ထမ်းတွေကို လိုအပ်ရင် ပစ်မိန့်ပေးတာတွေ တခြားနိုင်ငံတွေမှာ ရှိတယ်လို့  ဆိုပေ မဲ့ လစ် ဘရယ် ဒီမိုကရေစီနိုင်ငံတွေမှာတော့ ဥပဒေနဲ့သာ အုပ်ချုပ်ကြတယ်လို့  သိရပါ တယ်။

ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့   ခြံစည်းရိုးအခြေ အနေ၊ တစ်ဖက်နိုင်ငံရဲ့  အခြေအနေအချိန်  အခါ ပေါ် မူတည်ပြီး လုံခြုံရေး စနစ်ကို နေ့ တစ်မျိုး ည တစ်မျိုး ကျင့်သုံးသင့်တယ်လို့ အငြိမ်းစား အရာရှိတစ်ဦးက ဆိုတယ်။

အိန္ဒိယ နိုင်ငံက နယ်စပ်ခြံစည်းရိုး တစ်လျှောက်လုံး ကာရံထားပြီး တပ်ရင်း   ၃၀ဝ ကျော် နဲ့ စောင့်ကြပ်ထားတာ ဖြစ်ပါတယ်။ တောင်ဘက်မှာရှိတဲ့ ဘင်္ဂလားပင်လယ်  အော်ကနေ ရာသီဥတုသာယာတဲ့အချိန်မှာ Boat  People အ နေနဲ့ ထိုင်းနဲ့ မလေးရှား  နိုင်ငံတွေကိုရွက်လွှင့်ကြပါတယ်။ဒါကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြောက် ဘက်၊ အနောက်ဘက်နဲ့ တောင်ဘက်ကို  စိမ့်ဝင် လို့ မရတာကြောင့် မြန်မာနိုင်ငံသို့ ခိုး ဝင်လာ ခြင်းဖြစ်တယ်လို့  ယခင် စက်မှုဝန် ကြီး ဟောင်း တစ်ဦးလည်း ဖြစ် လက်ရှိ  မင်းကင်း မဲဆန္ဒနယ် အမတ်ဖြစ်တဲ့ ဦးမောင်မြင့် က လွှတ်တော်တွင်း မှာ ရခိုင်အရေး ဆွေးနွေးစဉ် ပြောပါတယ်။

လုံခြုံရေးချ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ခြံ စည်း ရိုး ကာရံရုံနဲ့ မပြီးသေးဘဲ လုံခြုံရေး ထူထူထပ် ထပ် နဲ့ စောင့်ကြပ်ဖို့ ခြံစည်းရိုး တစ်လျှောက်မှာ LofC(Line of Communication )ကောင်းရန်အတွက် ညပိုင်း မီးရသည်အထိ ဆောင်ရွက် ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ခြံစည်းရိုးတစ်လျှောက်ထိန်းသိမ်းခြင်း လုပ်ငန်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အလွယ်တကူ လှည့်လည်စစ်ဆေးနိုင်တဲ့ ကားလမ်းတွေ ထည့်သွင်းဖောက်လုပ်ဖို့လည်း  လိုအပ်နေပါတယ်။ လတ်တလော မှာ ကျန်တဲ့ မိုင်တိုင် ၄၀ ကို ကာရံနိုင်ဖို့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး လေ့လာတိုင်း တာရေးအဖွဲ့တွေ သွားပြီး ဖြစ်ပါတယ်။ ခြံစည်းရိုးကာရံမှုက နယ်စပ်လုံခြုံရေးရဲ့ တစ်ဝက်သာ ကာကွယ်နိုင်မှာ ဖြစ်ပြီး ကျန်တာကို  လုံခြုံရေးအင်အားနည်းပညာတွေနဲ့ ကာကွယ်ရမှာ ဖြစ်ပါတယ်။

သံဆူးကြိုးနဲ့ဖြစ်စေ ၊ သံပြားနဲ့ ဖြစ်စေ၊  အုတ် တံတိုင်းနဲ့ ဖြစ်စေ  ကာရံထားပေမဲ့  အဓိက အရေးကြီးတာကတော့ လုံခြုံရေးချ ထားမှု ဖြစ်ပါ တယ်။ လုံခြုံရေးအင်အားကို လုံလုံလောက်လောက် နဲ့ ထိရောက်စွာ ကာကွယ်နိုင်အောင် အမိန့်ညွှန်ကြားချက် ပေးနိုင်ဖို့ လိုအပ်ပါတယ်။ လုံခြုံရေးအင်အား သုံးစွဲမှုအပေါ် နိုင်ငံတကာ ရဲ့ စောင့်ကြည့်ဖိအားပေးမှုတွေ ခံနိုင်တာလည်း ရှိ ပါတယ်။ ဒါကြောင့်  မြန်မာနိုင်ငံအနေနဲ့ နိုင်ငံ တ ကာ သဘောတူစာချုပ် ချုပ်ဆိုထားခြင်း မရှိ သေးတဲ့ မိုင်းထောင်ခြင်းကိုပါ ခြံစည်းရိုးခတ်ကတည်းက လုပ်ထားသင့်တယ်လို့ သိရပါတယ်။

ဦးခင်မောင်လတ်က “သံဆူးကြိုးပဲ ခတ်တာကြောင့် သိပ်လိုအပ်ရင် မိုင်းတွေ ဘာတွေ လုပ်သင့်ရင် လုပ်ရမယ်၊ ဒါနဲ့ပတ်သက်လို့ နိုင်ငံတကာမှာ မြန်မာဘက်က လက်မှတ်ထိုးထားတာမရှိဘူး”လို့ ပြောပါ တယ်။

အကြမ်းဖက်ရန်ကို ကာကွယ်နိုင်ဖို့ဆိုရင် လုံခြုံရေးကို နှစ်ဖက်စလုံးက လုပ်ကြရမှာ ဖြစ်တယ်။

ငွေဘယ်လောက်သုံးမလဲ

နယ်စပ်ခြံစည်းရိုး ပျက်စီးနေတဲ့ နေရာတွေ ပြုပြင်တာ၊ ခြံစည်းရိုးကာရံဖို့  ကျန်ရှိ တဲ့ နေရာတွေကို အဆင့်မီလုံခြုံစွာ အမြန် ဆုံး ကာရံတာ တွေကို အချိန်မဆိုင်းဆောင်ရွက်ဖို့ သမ္မတက ပြောထားပြီး ဖြစ်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံ စည်းရိုး ကာရံခြင်းလုပ်ငန်းအတွက် ၂၀ဝ၉- ၂၀၁၀ ခုနှစ်ကနေ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ ဘဏ္ဍာရေးနှစ်အတွင်း နှစ်စဉ်မူလ ခန့် မှန်းခြေငွေစာ ရင်းနှင့် ဖြည့်စွက်ခွင့်ပြုငွေ စုစုပေါင်း ကျပ် ဘီလျံ၁၉၀ ကျော် ပြည် ထဲရေး ဝန်ကြီးဌာနကို ခွင့်ပြုပေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနကနေ ကာကွယ်ရေးဝန် ကြီးဌာန၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေး မှူးရုံးကို လုပ်ငန်းအပ်နှံဆောင်ရွက်စေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇- ၂၀၁၈  ဘဏ္ဍာရေးနှစ်မှာ  ခြံ စည်းရိုး ကာရံတာနဲ့ ဆက်စပ်လုပ်ငန်းတွေအတွက် ကျပ် ခြောက်ဘီလျံကျော်ကို ခွင့်ပြုခဲ့ပါတယ်။  ဖြည့်စွက်ခွင့်ပြုငွေ  အဖြစ် ကျပ် နှစ်ဘီလျံကျော်ကို  ထပ်မံသုံးစွဲမှာ ဖြစ်ပါတယ်။   ခြံစည်းရိုးကာရံ ခြင်းကို ချက် ချင်းလုပ်နိုင်ဖို့ ပထမအဆင့် အနေ နဲ့ ကျပ် ၂၀ ဘီလျံကို နိုင်ငံတော်  အစိုးရက လက်ငင်း ဖြည့်ဆည်းပေးခဲ့ပါတယ်။

ခြံစည်းရိုးကာရံမှုတွေမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာ  ညွှန်ကြားရေး မှူးရုံး(GE)ကို လုပ်ငန်းအပ်နှံခဲ့ တဲ့ အပေါ်  လူထုအနေနဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ယင်း နယ်စပ်ခြံစည်းရိုးကာရံမှုကို ပုဂ္ဂလိကကို လုပ် ကိုင်ခွင့်ပေးလည်း လာရောက်လုပ်ကိုင်လို့ ရ လောက် အောင် နယ်မြေ လုံခြုံမှု မရှိချိန်ဖြစ်နေပါတယ်။  ယခင်ကလည်း ခြံစည်းရိုးကာရံမှု လုပ်ဆောင်နေတဲ့ GE တပ်သား သုံးယောက်ကို RSO တွေက ဖမ်းဆီးသတ် ဖြတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လှူကြ၊ ကူကြ

ဧရာဝတီဖောင်ဒေးရှင်းက နယ်စပ် ခြံ စည်းရိုး  နှစ်မိုင် ကာရံခြင်းအတွက် ကျပ် ၁၂,၆၇၆ သိန်း၊ အမျိုးဘာသာ သာသနာ  စောင့်ရှောက် ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင် ဒေးရှင်း(ဗဟို)က ကျပ်  သိန်း ၂၀ဝ၀၊ ကွန်းခိုရာ ဖောင်ဒေးရှင်းက ကျပ်သိန်း ၃၀ဝ၀၊ ရွှေသံလွင် စကိုင်းနက် ကုမဏီ က ကျပ် သိန်း  ၁၀ဝ၀၊ ထူးဂရု(ပ်)က ကျပ် သိန်း ၅၀ဝ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ဇနီး ဒေါ်ခင်သက်ဌေး  မိသားစုက ကျပ် ၂၅ သိန်း စ သည်ဖြင့်  အလှူရှင်တွေက လှူဒါန်းခဲ့ရာ တတိ ယ အကြိမ်  အလှူငွေအဖြစ် စုစုပေါင်း ကျပ်သိန်း ပေါင်း ၂၂,၇၇၈   သိန်း ရရှိခဲ့ပါတယ်။

အနာဂတ်အလင်းတန်းဖောင်ဒေးရှင်းက ကျပ်သိန်း၃၁,၆၉၀၊ Gate Ways Group of Co., Ltd က ကျပ် ၆၃၃၈ သိန်း၊ Kythar Co., Ltd က ကျပ်သိန်း၁၀ဝ၀၊ဖား ကန့်ဒေသရခိုင်လူ မှုရေးအဖွဲ့မှ ကျပ်သိန်း  ၁၅၀ဝ လှူဒါန်းကြတယ်။

နယ်စပ်ခြံစည်းရိုး ခတ်ဖို့ အဖွဲ့အစည်းအလိုက် တစ်ဦးချင်းအလိုက် သုံးကြိမ်  လှူ ဒါန်းငွေတွေ ကျပ် ဘီလျံနဲ့ ချီပြီး ထည့်ဝင်ထားကြတာ ကြောင့် အများပြည်သူကလည်း သုံးစွဲမှုကို စောင့်ကြည့်နေကြပါတယ်။

စောင့်ကြည့်မှုတွေကြောင့် အခုတစ် ကြိမ် ခြံ စည်းရိုးကာရံမှုနဲ့   ပြင်ဆင်မှုက ဆီးသီးဗန်း မှောက်သလို မဖြစ်ဘဲ အယို အ ဖိတ်နည်းအောင် ကိုင်တွယ်ကြရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း အရေးကြီးတဲ့ မေ ယုတောင်တန်း  နဲ့ အပြိုင် ဖောက်လုပ် မယ့် လမ်း မကြီး (၂)လမ်း၊ မေယုတောင်တန်းကို ဖြတ်ကျော်ဖောက်လုပ်မယ့် မေယုတောင်ကျော် လမ်းမကြီး(၂) လမ်း ပါဝင်တဲ့ မေယုတောင် တန်းလမ်း  ကွန်ရက်ဖောက်လုပ်ရေး စီမံကိန်း ကို  အမြန်ဆုံး ဖောက်လုပ်ဖို့ ကို  ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်မှာ ဖြစ်ပါတယ်။

နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းနဲ့ မေယုတောင်တန်း လမ်းကွန်ရက် စီမံကိန်းလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေကို အစိုး ရက ဦးစားပေး ချပေးမှာ ဖြစ်ပါတယ်။

ဘယ်လိုဖြစ်ခဲ့လဲ

နစက (နယ်စပ်ဒေသကွပ်ကဲမှု ဌာန) လက် ထက်မှာ လူကို လူနဲ့  ကာမယ်ဆိုတဲ့  ရည်ရွယ်ချက်နဲ့ နတလ ရွာ (တိုင်းရင်းသား ရွာ) တွေ တည်ခဲ့ပေမဲ့ ငွေကြေးအခြေအနေ ကြောင့်  ပြည့်ပြည့် စုံစုံ မဖန်တီးနိုင်ခဲ့ပါဘူး။

အကောင်းဆုံးထိန်းချုပ်မှုကတော့ လူဦးရေ  အတိုး၊  အလျှော့ကို စာရင်းဇယား နဲ့ ထားပြီး မှန်မှန်စစ်ဆေးတာ ဖြစ်ပါတယ်။ နစကရဲ့  လုပ် နည်းလုပ်ဟန်က ရွာတိုင်းမှာ အိမ်ထောင်စုစာ ရင်း ရှိတယ်။  ဖွား၊ သေစာရင်းရှိတယ်။   သွားချိန်၊ လာချိန် သတင်းပို့ ရတယ်။ သည်လိုလုပ်နည်း လုပ်ဟန်ကို အင်္ဂလိပ်လက်ထက်ကတည်းက လုပ်ခဲ့တာလို့လည်း သိရပါတယ်။ ဒါကို  ထိန်း ချုပ် ထားတဲ့အတွက် ဟိုဘက်က ဘင်္ဂါလီတွေ ဝင်လာလို့ မရသလို သည်ဘက်က ဘင်္ဂါ လီတွေလည်း  ထွက်သွားလို့ မရပါဘူး။  ထွက်သွား ရင်သိတဲ့  သတင်းပေးစနစ်တွေ ရှိခဲ့ပါတယ်။

တပ်မတော်  ကာကွယ်ရေးဦးစီးချုပ်က ‘ယခုဖြစ်စဉ်ရဲ့ အခြေခံအကြောင်းအရင်း မှာ ဥပဒေ နှင့်အညီ  လိုက်နာနေထိုင်မှု ၊လုပ်ကိုင်ဆောင်ရွက်မှုတွေ အားနည်းခဲ့ ခြင်းကြောင့် ဖြစ်၍ ဤဒေသတွင် နေထိုင် ကြသူ အားလုံး ဥပဒေနှင့်အညီ လိုက်နာ  လုပ်ကိုင်ဆောင်ရွက်စေရေး တာဝန်ရှိ သူများက တိကျစွာ ထိန်းသိမ်း  ကြပ်မတ် ဆောင်ရွက်ကြရမှာ ဖြစ်တယ်”လို့ ရခိုင် ပြည်နယ်အတွက် အလှူငွေ ပေးအပ်ပွဲမှာ ပြောပါတယ်။

နစက အုပ်ချုပ်စဉ်က အကြမ်းဖက်တွေနဲ့ ဆက်သွယ်ရင် သူတို့ဒုက္ခရောက်မယ်ဆိုတဲ့ အကြောက်တရားနဲ့ အုပ်ချုပ်ထားလို့  ဆက်သွယ်ချင်ရင်တောင် မဆက် သွယ်ရဲကြပါဘူး။ အေး အေးချမ်းချမ်းနေရင် ဘာမှလည်းမဖြစ်ဘဲနေနိုင် ခဲ့ကြ တယ်။ နစက ဖျက်သိမ်းလိုက်တဲ့နောက်မှာ အကြောက်တရားက ပြတ်ထွက်သွားတယ်လို့  ယူဆခဲ့သူတွေ ရှိခဲ့ပါတယ်။

နယ်စပ်ဒေသ လူမှုဖွံ့ဖြိုးဖို့ဆိုပြီး နစက  ကို ဗိုလ်မှူးသန်းအေးလက်ထက်မှာ စပြီး တည် ထောင်ခဲ့ပါတယ်။ နစက အဖွဲ့အစည်းထဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့နဲ့ တပ်မတော် ခြေလျင်တပ်၊ လူဝင်မှုကြီး ကြပ်ရေး၊ အကောက်ခွန်တို့ ပါဝင်ပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်မှာ လူ့အခွင့်အရေးရရှိရေး ခေါင်းစဉ်အောက်ကနေ နိုင်ငံတကာရဲ့ ဖိအားတွေနဲ့ အတူ နစက ကို ဖျက်သိမ်းလိုက်ပါတယ်။

လူဦးရေ မှန်မှန်စစ်ဖို့ လဝကကို တိုး ချ ပေးတာ၊ တပ်အင်အား တိုးချတာ၊ ရဲတွေကိုလည်း အင်အားတိုးမြှင့် ချထားပေး ရမှာ ဖြစ်ပြီး  ဘင်္ဂါလီတွေကို ဥပဒေအရရ သင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပေးရမှာ ဖြစ်ပါတယ်။

အခြေခံဥပဒေအရပြည်တွင်းပြည်ပလုံခြုံ ရေးဟာ တပ်မတော်မှာ အဓိကတာဝန်ရှိပေမဲ့လူ တိုင်းပူးပေါင်းပါဝင်ဖို့တာဝန်ရှိတယ်။လူမှုကွန် ရက်တွေပေါ်မှာသွေးဆူအောင်လှုံ့ဆော်နေတာတွေက နိုင်ငံ တော်အတွက် ကူညီဖြေရှင်းရာ မရောက်ဘဲ ပြဿနာကို ပိုပြီး ရှုပ်ထွေးစေနိုင်တယ်။

လက်ရှိမှာရခိုင်ပြည်နယ်အရေးက  နိုင်ငံတ ကာ စိတ်ဝင်စားတဲ့ အကြောင်းအရာ ဖြစ်နေပါတယ်။

Author / ချိုဇင်မာဝင့်
Kumudra

No comments:

Post a Comment