Latest News

Wednesday, October 18, 2017

ဖြိုးကိုကိုတင့်ဆန်း ပုဒ်မ ၃ ခုထပ်တိုး

ဖြိုးကိုကိုတင့်ဆန်း ပုဒ်မ ၃ ခုထပ်တိုး

လက်နက်တွေနဲ့ အတူဖမ်းမိထားတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါတွေကို  မြန်မာနိုင်ငံလျှို့ ဝှက် ဥပဒေ၊ ပို့ ကုန်သွင်းကုန် ဥပဒေ နဲ့ ဆက်သွယ်ရေး စက်နဲ့ ပတ်သက်တဲ့ ဥပဒေတွေနဲ့ အမှု ထပ်မံဖွင့်ထားတယ်လို ဒက္ခိဏခရိုင် ရဲတပ်ဖွဲ့ မှူး ဒုတိယ ရဲမှူးကြီးလှရီက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီး ရမိတဲ့ကားတွေကိုလည်း ကုန်းလမ်း ပို့ဆောင်ရေးဦးစီးဌာန နဲ့ တိုက်ဆိုင်ပြီး စစ်ဆေး နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

လေဆိပ်မှာ လက်နက်တွေနဲ့ စတင်ဖမ်းမိတဲ့အချိန်တုန်း က ဦးဖြိုးကိုကိုတင့်ဆန်း နဲ့ အပေါင်းအပါ တွေကို မူးယစ်ဆေးဝါး နဲ့ စိတ်ကို ပြောင်းလဲ စေနိုင်တဲ့ ဥပဒေ ပုဒ်မ တွေနဲ့ အမှု ဖွင့် စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဓါတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန

ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment