Latest News

Wednesday, October 18, 2017

ပျောက်ဆုံးနေသောလေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်အား ပြန်လည်တွေ့ရှိ

ပျောက်ဆုံးနေသောလေ့ကျင့်ပျံသန်းရေး G-4  ဂျက်လေယာဉ်အား ပြန်လည်တွေ့ရှိ

နေပြည်တော်၊ အောက်တိုဘာ - ၁၈

တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်တစ်စီးသည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းစဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးသွားခဲ့သည်။

အဆိုပါဂျက်လေယာဉ်အား ရှာဖွေတွေ့ရှိစေရေးအတွက် အဆက်အသွယ်ပြတ် တောက်ခဲ့သည့် ယင်းနေ့ နံနက် ပိုင်း မှစတင်၍ လေယာဉ်ပျံသန်းရာလမ်းကြောင်း တစ်လျှောက်တွင် မြေပြင်တပ်များနှင့် တပ်မတော် (လေ)မှ လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေးလုပ်ငန်းများကြိုးပမ်းဆောင်ရွက်ခဲ့ရာ မြေပြင်တပ်များက ယနေ့ ညနေ ၃ နာရီခန့်တွင် G-4 ဂျက်လေယာဉ်၏ လေယာဉ်ဦးခေါင်းအစိတ်အပိုင်း၊ ဘီး ၁ လုံး၊  တောင်ပံအပိုင်း ၂ ခု၊ ထိုင်ခုံ၊ လေထီး၊ စက်ပစ္စည်းအပိုင်းအစများနှင့် PT2  တံဆိပ်ပါ ဘူး ၁ ဘူးတို့အား လေယာဉ်ဆက်သွယ်မှု ပြတ်တောက်ခဲ့သည့် နေရာ၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ၊ ဂွမြို့၏ တောက်ဘက် ၁၂ မိုင်ခန့််အကွာ တောင်၂ လုံးအကြားရှိ လျှိုမြှောင် အတွင်း၌ ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

၎င်းဂျက်လေယာဉ်ကိုမောင်းနှင်ခဲ့သည့် လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက်၊ တွဲဖက် လေယာဉ်မှူး ဗိုလ်ကြီး သော်ဇင်စိုးနှင့် ကျန်ရှိလေယာဉ်အစိတ်အပိုင်းတို့အား ဆက်လက် ရှာဖွေလျက်ရှိကြောင်းနှင့် ပျက်ကျသွားသည့် အကြောင်းအရင်းအား ဖော်ထုတ်သိရှိနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Ref; တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment