Latest News

Monday, October 2, 2017

ဘိုကလေးမြို့နယ်အတွင်းလေးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

ဘိုကလေးမြို့နယ်အတွင်းလေးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

ဘိုကလေးlအောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် သရော်ချောင်း ကျေးရွာအုပ်စု ခိုင်ရွှေဝါကျေးရွာတွင် စက်တင်ဘာလ ၁ရက်နေ့တွင် လောင်းလောင်းပြိုင်လူလတ်မှုဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိပါသည်။

 လောင်းလောင်းပြိုင်လူသတ်မှုဖြစ်စဉ်တွင် ယောက်ကျားဖြစ်သူတရားခံ ကိုကျော်ထင်မှာ သူ၏ဇနီးဖြစ်သူထံမှအရက်ဖိုးတောင်းရာ မပေးသည့်အတွက် အပြန်ထွက်၍အရက်အလွန်အကျွံသောက်ကာ အိမ်ပြန်လာစဉ် အိပ်၏အိပ်ယာတွင်အိပ်ပျော်နေသူ ဇနီးဖြစ်သူမသန်းညွှန့်ပါ သမီး(၃)ဦးကို ဓားဖြင့်ခုပ်သတ်ခဲ့ခြင်းဖြစ်သည်။
"အမှုဖြစ်စဉ်ကတော့ အရက်ဖိုးမပေးလို့ အရက်အလွန်မူးနေတဲ့အချိန်မှာ စိတ်လွပ်ပြီးဖြစ်သွားတာပါ သူသတ်မှုဖြစ်တယ်လို့သတင်း ကျေးရွာအုပ်ချုပ်ရေးမှူးလှမ်းအကြောင်းကြားခြင်းခြင်းပဲ ဘိုကလေးမြို့မရဲစခန်းမှ ရှိတဲ့ရဲတပ်ဖွဲ့တွေ သွားရောက်ဖန်းဆီးခဲ့တဲ့အတွက် တရားခံကိုပါဖမ်းမိခဲ့ပါတယ် မိဘကသားသမီးကိုသတ်တယ်ဆိုတာတော့ ဘယ်သူမှလက်ခံမှာမဟုတ်ပါဘူး ဒါပေမဲ့အရက်တို့ လူကိုမူးယစ်ထုံထိုင်းစေတဲ့ပစ္စည်းတွေ သုံးပြီးစိတ်လွပ်သွားတဲ့အခါမှာတော့ အခုလိုအမှုကိုကျူးလွန်နိုင်ပါတယ်"ဟုတိုင်းဒေသကြီးရဲတပ်မှူးရုံး ဦးစီးပထမတန်း အကြီးတန်းအရာရှိ ဒုရဲမှူးကြီးခင်မောင်လတ်ကပြောသည်။
 ရဲတပ်ဖွဲ့မှအမှူးအခန်းဖြစ်ပွားရာနေရာနှင့် သေဆုံးသူများကိုစစ်ဆေးခဲ့ရာ မသန်းညွန့်ဦးခေါင်းနှင့်လည်ပင်းတွင် ပျက်ရှဓားဒဏ်တွေ့ရှိခဲပြီး အသတ်ခံရသောမယားပါသမီး(၃)ဦးကိုစစ်ဆေးခဲ့ရာ သမီးအကြီး အေးစန္တာတွင်လည်းနှင့်ခြေထောက်ပျက်ရှဓားဒဏ်ရာ l သမီးအငယ် အေးစန္ဓာတွင်လည်းပင်းပျက်ရှဓားဒဏ်ရာ l အငယ်ဆုံးသမီး ပိစိတွင်ဦးခေါင်းနှင့်ညာဘက်လည်ပင်းပျက်ရှဓားဒဏ်ရာများအသီးဒဏ်ရာရကာသေဆုံးနေကြောင်းတိုင်းရဲတပ်ဖွဲ့မှသတင်းရရှိသည်။ အဆိုပါလေးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်တွင်းအမှုကိုကျူးလွန်ခဲ့သော တရားခံဦးကျော်ထင်အား ဘိုကလေးမြို့မရဲစခန်းမှ (ပ)၂၇၇ အမှုအမှတ် ၁၉/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ဖြင့်အရေးယူဖမ်းဆီးထားကာ သက်သေခံပစ္စည်းများကိုသိမ်းဆည်းထားပြီးဖြစ်ကြောင်းဦးခင်မောင်လတ်ထံမှသတင်းရရှိပါသည်။

ထက်ဝဠာမင်းတိုင်းဧရာမီဒီယာ

No comments:

Post a Comment