Latest News

Sunday, September 10, 2017

အစွန်းရောက်အကြမ်းဖတ်သောင်းကျန်းသူများ မ၀င်ရောက်နိုင်ငံရေး ပင်လယ်ဝင်ပေါက်များတွင်လုံခြုံရေးတိုးမြှင့်

အစွန်းရောက်အကြမ်းဖတ်သောင်းကျန်းသူများ မ၀င်ရောက်နိုင်ငံရေး ပင်လယ်ဝင်ပေါက်များတွင်လုံခြုံရေးတိုးမြှင့်

အစွန်းရောက် အကြမ်းဖက် သောင်းကျန်သူ များ မ၀င်ရောက် နိုင်ရေးအတွက်  ပေါင်မြို့ နယ်အတွင်းရှိ ပင်လယ်ဝင်ပေါက်များကို လုံခြုံရေးတိုးမြှင့်ချ ကာ စစ်ဆေး လျှက်ရှိကြောင်း ပေါင်မြို့ မရဲစခန်းမှ မြို့ နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးအေးဆွေက ပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သော ARSA အစွန်းရောက် အကြမ်းဖက် သမားတွေဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်စသော မြို့ကြီးတွေမှာ ဆူပူအကြမ်းမှုတွေ ဖောက်ခွဲမှုပြုလုပ်နိုင်သည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် တပ်မတော်မှသတင်းထုတ်ပြန်ထားသည့်အတွက် ယခုလို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေခြင်းဖြစ်သည်။
" အဓိက ပင်လယ်ဝင်ပေါက်/ထွက်ပေါက်ရှိတဲ့ ကျေးရွာတွေကို ဘက်မှာဆိုရင် လှေဝင်လှေထွက်တွေကို အချိန်ပြည့် စောင့်ကြည့်စစ်ဆေးနေပါတယ်။နောက်ပြီး ညပိုင်းကျတော့ လုံခြုံရေးအရဆိုရင် မသင်ကာ ဧည့်စာရင်းတွေ ရှိ/မရှိ၊ လည်းစစ်ဆေးနေတယ်”ဟု ၄င်းကပြောသည်။
စေတီပုထိုးများ၊ ဘုရားကျောင်းကန်များ၊ သာသနိက အဆောက်အဦများ၊ အများပြည်သူများ ပင်လယ်ဝင်ထွက်ပေါက်ရှိသော နေရာများကို ၀ပ်ကင်း၊ လှည့်ကင်းများဖြင့် စောင့်ကြည့်စစ်ဆေး ရှာဖွေမှုများကို အရှိန်အဟုန်တိုးမြှင့်ကာ စက်တင်ဘာလ ပထမအပတ်မှစ၍ အချိန်ပြည့်ဆောင်ရွက် နေခြင်းဖြစ်သည်ဟု ရဲမှူးအေးဆွေကပြောသည်။
မြို့နယ်အတွင်း၌ မလိုလားအပ်သော လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ မဖြစ်ပေါ်စေရေး၊အတွက် နယ်မြေစခန်းများ၊ ရဲကင်းစခန်းများ၊ မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ ပြည်သူ့စစ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပြည်သူများဖြင့် ပူးပေါင်းကာ  စနစ်တကျ ဆောင်ရွက်နေကြောင်းလည်း ပေါင်မြို့ ရဲတပ်ဖွဲ့ ကသတင်းထုတ်ပြန်ထားသည်။

PHOTO  လူစည်ကားရာမြို့ ပေါ်နေရာများတွင် ရဲတပ်ဖွဲ့ လုံခြုံရေးဆောင်ရွက်နေသည်ကို စက်တင်ဘာလ(၉)ရက်နေ့  ညပိုင်းကတွေ့ ရစဉ်
ဟံသာနွန်

No comments:

Post a Comment