Latest News

Wednesday, September 27, 2017

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိနေသူများကို ပြန်လည်လက်ခံရာတွင် ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက်အတိုင်း ဆောင်ရွက်သွားရန်ရှိ

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိနေသူများကို ပြန်လည်လက်ခံရာတွင်  ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက်အတိုင်း ဆောင်ရွက်သွားရန်ရှိ

နေပြည်တော် စက်တင်ဘာ ၂၇

တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိနေသူများအား ပြန်လည် လက်ခံရာတွင် ကုန်လမ်းက လာရောက်သူများကို တောင်ပြိုလက်ဝဲ၌လည်းကောင်း၊ ရေလမ်းက လာကြသူများကို ငါးခူရ၌လည်းကောင်း စိစစ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ခံမယ့်နေရာက တောင်ပြိုလက်ဝဲ ကနေ စပြီးလက်ခံမယ်။ ကုန်းလမ်းက လာတဲ့သူတွေပေါ့။ ရေလမ်းက လာတဲ့သူကို ငါးခူရကနေ လက်ခံမယ်။ အဲဒီကနေ စိစစ်မယ်။ စိစစ်ပြီးလို့ရှိရင် ပြန်လည်နေရာချထားရေးကတော့ ဒါးကြီးဇားကျေးရွာလို့ လတ်တလော လျာထားတယ်။ ဒါတွေအကုန်လုံးက လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စတွေအများကြီးရှိတယ်။ ဒါကတော့ အခု လျာထားတဲ့ အချက်တွေပါ”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

နေပြည်တော်၌ ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ တတိယအကြိမ်အစည်းအဝေး အပြီး သတင်းမီဒီယာသမားနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တစ်ဖက်နိုင်ငံ ဘင်္ဂလား ဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိနေသူများကို ပြန်လည်စိစစ် လက်ခံရာတွင်လည်း ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက်နှင့်အညီ လက်ခံရန် အားလုံး သဘောတူညီထားကြကြောင်း၊ အဖွဲ့များ ဖွဲ့စည်းပြီး အဆင်ပြေအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ (National Verification Process)နှင့်ပတ်သက်၍လည်း ဦးစားပေး ဆောင်ရွက်ရန်ရှိပြီး ကြိုတင်ပြင်ဆင်ထားကြောင်း ဆက်လက်ပြောကြား သည်။

တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိနေသူများ ပြန်လည်လက်ခံ ရေးနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် သွားရောက်ညှိနှိုင်းရန် ရှိနေပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ကျော်သူထက်

Ref;  MOI

No comments:

Post a Comment