Latest News

Wednesday, September 27, 2017

မောင်တောဒေသမြောက်ပိုင်း၌ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသောဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ တည်ရှိရာနေရာသို့ ပြည်တွင်း/ ပြည်ပမီဒီယာများ သွားရောက်သတင်းယူ

မောင်တောဒေသမြောက်ပိုင်း၌ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသောဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ တည်ရှိရာနေရာသို့  ပြည်တွင်း/ ပြည်ပမီဒီယာများ သွားရောက်သတင်းယူ

သတင်း- မင်းခေတ်
ဓာတ်ပုံ- မိုးခမ
စစ်တွေ   စက်တင်ဘာ   ၂၇

မောင်တောခရိုင်အတွင်း သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သော ARSA အစွန်းရောက်အကြမ်းဖက် သမားများ တိုက်ခိုက်မှုဖြစ်စဉ်တွင် ရက်စက်စွာသတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ တူးဖော်တွေ့ရှိရာ မောင်တောဒေသ မြောက်ပိုင်းရဲဘော်ကျ (ရဲဘောက်ကျ) ကျေးရွာအနီးသို့ ပြည်တွင်း၊ ပြည်ပမီဒီယာ ၄၀ကျော်မှ သတင်းသမားများသည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ ရဟတ်ယာဉ်နှစ်စင်းဖြင့် သွားရောက်၍ သတင်းမှတ်တမ်းများ ရယူကြသည်။

အဆိုပါ ခရီးစဉ်တွင် ပြည်တွင်းပြည်ပမီဒီယာများမှ သတင်းသမားများသည် မောင် တောဒေသ မြောက်ပိုင်း ရဲဘော်ကျ (ရဲဘောက်ကျ) ကျေးရွာအနီး၌ သက်ဆိုင်ရာသို့ဟိန္ဒူဘာသာဝင်များ၏ သတင်းပေးချက် အရ တွေ့ရှိတူးဖော်ထားသော  ARSA အစွန်းရောက်အကြမ်းဖက်သမားများရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ် ထားသည့်ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများအားကြည့်ရှု သတင်းမှတ်တမ်များရယူကြပြီး သတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူဘာသာဝင်များ၏ မိသားစုဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကြသည်။

အသတ်ခံထားရသည့် ဟိန္ဒူဘာသာဝင်များ တူးဖော်ရရှိခဲ့မှုနှင့် ပတ်သက်ပြီးဟိန္ဒူဘာသာဝင် ဦးနီမော်အား ပြည်တွင်း/ပြည်ပ သတင်းမီဒီယာအဖွဲ့မှ သတင်းသမားများကမေးမြန်းရာ“ သြဂုတ် ၂၅ ရက် နံနက် ၁၀ နာရီဝန်းကျင်မှာ အခုလို အသတ်ခံရတာဖြစ်တယ်လို့ လွတ်မြောက်သွားတဲ့ သူတွေဆီကသတင်းရခဲ့တယ်။ အဲဒီသတင်းကလည်း ဘင်္ဂလားဒေ့ရှ် ရောက်သွားတဲ့ မိန်းကလေးရှစ်ယောက်နဲ့ ကလေးငယ်တွေကတစ်ဆင့် ကျွန်တော်နဲ့ အွန်လိုင်းကနေ အဆက်သွယ် ရပြီးသိခဲ့ရတာပါ။ သူတို့နဲ့အဆက်သွယ်ရခဲ့တာကတော့ လူမှုကွန် ရက်မှာ တင်ထားတာတွေ့တော့ ဘင်္ဂလားဒေ့ရှ် ရောက်သွားပြီဆိုတာသိလိုက်ရတယ်။ အဲဒါနဲ့ ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့ ဟိန္ဒူဘာသာဝင် တွေကိုကယ်တင်ပေးဖို့ အကူညီတောင်းလိုက်တယ်။ အဲဒီမိန်းကလေးတွေကို ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဟိန္ဒူဘာသာဝင်တွေ ကလည်းကယ်တင် လိုက်နိုင်ခဲ့တယ်။ အဲဒါနဲ့ နင်တို့ အဲဒီကို ဘယ်လိုရောက်သွားတာလဲ။ နင်တို့မိဘဆွေးမျိုး၊ ညီအစ်ကိုမောင်နှမတွေရော အဲဒီမှာရှိလားမေးတော့ ခမောင်းဆိပ်ကနေသူတို့အဖွဲ့ကို အကြမ်းဖက်သမားတွေက အတင်းအဓမ္မ ဆွဲခေါ်ခဲ့ကြတယ်။ မလှမ်းမကမ်းတဲ တစ်ခုရောက်တော့ အဲဒီမိန်းကလေးတွေကို ထိုင်ခိုင်းပြီးသူတို့ရဲ့ အဖေ၊အမေ၊ အမျိုးသားတွေကို လည်ပင်းဖြတ်၊ခြေ၊ လက်တွေကိုလည်းဓားနဲ့ခုတ်တယ်။ ပြီးတော့ နင်တို့အသတ်ခံမှာလား/ ငါတို့ဘာသာ ထဲဝင်ပြီးငါတို့ကို လက်ထပ်ယူမှာလားဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်လို့ ပြောတယ်။ အဲဒါနဲ့ သူတို့လည်း သူတို့ ဘာသာထဲဝင်ပါမယ် ပြောမှသူတို့ကို မသတ်ဘဲဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခေါ်သွားတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ သူတို့ရဲ့ ပြောကြားချက်အရ ကျွန်တော်လည်း သက်ဆိုင်ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး သူတို့ပြောတဲ့ ဒီလမ်းကြောင်းအတိုင်း လိုက်လံရှာဖွေ တူးဖော်ကြည့်တဲ့အခါ အခုလိုဟိန္ဒူဘာသာဝင် ရုပ်အလောင်းတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်” ဟုအသေးစိတ်ရှင်းပြခဲ့သည်။

ယင်းနောက် ပြည်တွင်း/ ပြည်ပသတင်းဌာနများမှ သတင်းမီဒီယာသမားများသည် မောင်တောခရိုင် တောင်ပိုင်းအတွင်းရှိ ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိပြီး တပ်မတော်ဆေးတပ်ဖွဲ့မှ အစ္စလာမ်ဘာသာဝင်များ အားကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို သွားရောက်ကြည့်ရှုပြီး ဒေသခံ အစ္စလာမ်ဘာသာဝင်များအား သြဂုတ် ၂၅ ရက်ဖြစ်စဉ်နှင့် ပတ်သက်ပြီးတွေ့ဆုံမေးမြန်းသတင်းရယူခဲ့သည်။

ယနေ့ပြည်တွင်း/ ပြည်ပသတင်းမီဒီယာအဖွဲ့များ သွားရောက်သတင်းယူခဲ့သော မောင်တောခရိုင် မြောက်ပိုင်း ရဲဘော်ကျ (ရဲဘောက်ကျ) ကျေးရွာအနောက်ဘက် မီတာ ၁၂၀၀ အကွာ၌ သြဂုတ် ၂၅ ရက် က ARSA အစွန်းရောက် အကြမ်းဖက်သမားများ ရက်စက်စွာသတ်ဖြတ်ခဲ့သော ဟိန္ဒူဘာသာဝင်ရုပ် အလောင်များ ရှာဖွေ တူးဖော်ရရှိမှုမှာ စက်တင်ဘာ ၂၄ ရက်တွင် ရုပ်အလောင်း ၂၈ လောင်း၊ စက်တင်ဘာ ၂၅ ရက်တွင် ရုပ်အလောင်း ၁၇ လောင်းစုစုပေါင်း ရုပ်အလောင်း ၄၅ လောင်းတူးဖော်ရရှိထားပြီး သက်ဆိုင်ရာအနေဖြင့် ယင်းဝန်းကျင် လမ်းကြောင်းတလျောက်တွင် ထပ်မံရှာဖွေလျက်ရှိကြောင်း သိရသည်။

Ref;  MOI

No comments:

Post a Comment