Latest News

Thursday, September 7, 2017

အကြမ်းဖက်သမားများအား ဆေးကုသပေးနေမှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကတရားဝင် အသိပေးလာကြောင်း ရဲမှူးချုပ်သူရစန်းလွင်ပြော

အကြမ်းဖက်သမားများအား ဆေးကုသပေးနေမှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကတရားဝင် အသိပေးလာကြောင်း ရဲမှူးချုပ်သူရစန်းလွင်ပြော

အကြမ်းဖက်သမားများ အား ဆေးကုသပေးနေသည့် အခြေအနေနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားဝင်အသိ ပေးလာကြောင်း အမှတ် (၁)နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်ကပြောသည်။

ဒဏ်ရာ ရရှိထားသည့် ARSA အစွန်းရောက်ဘင်္ဂါလီအ ကြမ်းဖက်သမားများ တစ်ဖက်နိုင် ငံရှိ စစ်တကောင်း ဆေးရုံ၌ ဆေး ဝါးကုသမှု ခံယူနေကြောင်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည့်အပေါ် ၎င်းက ပြောကြားခြင်းဖြစ်သည်။

‘‘အဲဒါက သူတို့ (ဘင်္ဂလား ဒေ့ရှ်နိုင်ငံ) ဆီကနေ ကိုယ်တို့ဆီ ကိုလှမ်းပြီးတော့ အကြောင်းကြား တာတွေ ရှိပါတယ်။ ကိုယ်တို့က တော့ အကြမ်းဖက်သတ်မှတ်ထား တဲ့အတွက် သူတို့က အကြမ်းဖက် ကို ကူညီတဲ့ သဘောမဖြစ်အောင် ကိုယ်တို့ကို တရားဝင် အသိပေး တယ်။ ဒါက လူသားချင်းညှာတာ ထောက်ထားရမယ်ဆိုတာလည်း ကိုယ်တို့ နားလည်သဘောပေါက် ပါတယ်’’ ဟု ရဲမှူးချုပ်သူရစန်း လွင်က ပြောသည်။

ရခိုင်ပြည်နယ် မြောက်ခြမ်း ၌ ရဲကင်းစခန်းများ၊ တပ်ဌာနချုပ် များကို ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ် စဉ်များတွင် သေနတ်ဒဏ်ရာရရှိ ထားသည့် ဘင်္ဂါလီရှစ်ဦးနှင့် အ ခြားထိခိုက်ဒဏ်ရာ ရရှိထားသည့် ဘင်္ဂါလီ ၃၃ ဦးသည် သြဂုတ် ၃၁ ရက်တွင် တစ်ဖက်နိုင်ငံ အူခီးယားမြို့နယ် ရဲတပ်ဖွဲ့က စစ်တကောင်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိထားသူများကိုလည်း ဆေးကုသပေးခဲ့ကာ လုံလောက်သော အစောင့်အရှောက်ဖြင့် ကူတူပါ လောင် ဒုက္ခသည်စခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်ဟု တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ရုံးက စက်တင်ဘာ ၆ ရက် တွင်သတင်းထုတ်ပြန်သည်။

ဘူးသီးတောင်၊ မောင်တောဒေသများ၌ ARSAအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရ၊ သေဆုံး၊ ပျက်စီးဆုံးရှုံးမှုများကိုလည်း အစိုးရသတင်းထုတ်ပြန်ရေးကော်မ တီက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၏ တင်ပြချက်အရ အကြမ်းဖက် သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှု ကြောင့် သြဂုတ် ၂၅ ရက်မှ စက် တင်ဘာ ၅ ရက်အထိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အကြမ်း ဖက် အဖွဲ့များအကြား ထိတွေ့တိုက် ခိုက်မှု ၉၇ ကြိမ်ဖြစ်ပွားပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင် ၁၃ ဦးနှင့်ဝန်ထမ်း နှစ်ဦး စုစုပေါင်း ၁၅ ဦးသေဆုံး ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။ အလားတူအကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့်  ဒေသခံ တိုင်းရင်းသား ၁၄ ဦး၊ ဒေသခံ ဟိန္ဒူဘာသာဝင် ခုနစ်ဦး၊ ဘင်္ဂါလီ ခုနစ်ဦး၊ စုစုပေါင်း ၂၈ ဦးသေဆုံးခဲ့ ကြောင်း ဖော်ပြသည်။ အကြမ်း ဖက်သမား ၃၈၇ ဦး အသေရရှိကာ ၃၈ ဦး ဖမ်းဆီးရမိကြောင်းလည်း သတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် လုံခြုံရေးတပ် ဖွဲ့ဝင် ၁၅ ဦး၊ ဝန်ထမ်းသုံးဦးနှင့် ဒေသခံတိုင်းရင်းသား လေးဦး စုစု ပေါင်း ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး ကျေးရွာ ၆၀ မှ အိမ်ခြေ  ၆,၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရ သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိ သည်။

အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ် မောင်တောဒေသ တွင် နေထိုင်သူများသည် နေရပ် စွန့်ခွာ၍ နယ်စပ်ဧရိယာအပါအ ဝင် လုံခြုံရာနေရာများ၌ ခိုလှုံနေ ထိုင်ပြီး စက်တင်ဘာ ၅ ရက်အထိ ပြည်တွင်း နေရပ်စွန့်ခွာရသူ တိုင်းရင်းသား ၂၆,၀၀၀ ကျော်ရှိ ကြောင်း ဖော်ပြသည်။

ဘင်္ဂါလီများလည်းထွက်ပြေး တိမ်းရှောင်မှုများရှိရာ ကြောက်ရွံ့မှုကြောင့် တိမ်းရှောင်နေသူ သောင်း ဂဏန်းရှိသည်ဟု ခန့်မှန်းပြောဆိုနေကြသော်လည်း သတင်းမှန်ကန်မှု ရှိ၊မရှိ စိစစ်ရ မည်ဟု ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။

‘‘ကိုယ်တို့အနေနဲ့ လူသား ချင်းစာနာထောက်ထားမှုအရ အကြမ်းဖက်မှာ မပါဝင်တဲ့ သူတွေကို ကြောက်ရွံ့မှုကြောင့် ရှောင် တိမ်းစရာ မလိုဘူး။ အကြောင်း အမျိုးမျိုးကြောင့် ဘင်္ဂါလီတွေမီး ရှို့သွားတဲ့ အိမ်တွေရှိရင်တောင် နီးစပ်ရာ ရွာတွေမှာနေ၊ သူတို့တွေအတွက် ကျန်းမာရေးစောင့် ရှောက်ပေးမယ်။ ဒုက္ခရောက်နေ တာတွေ၊ ကူညီတာတွေ ကူညီပေး မယ်’’ ဟု ရဲမှူးချုပ် သူရစန်းလွင် က ဘင်္ဂါလီ ရပ်မိ၊ ရပ်ဖများအား ပြောကြားထားမှု အခြေအနေကို ရှင်းပြသည်။

စက်တင်ဘာ ၆ ရက်မွန်းလွဲ ပိုင်းတွင် မောင်တောမြို့နယ်မြို့မ ကညင်တန်းအုပ်စု ဒီပါလ်ရာ ကျေးရွာ၌ အကြမ်းဖက်သမားများ က မီးရှို့ဖျက်ဆီး၍ နေအိမ်သုံးလုံး မီးလောင်ပျက်စီးကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ က သတင်းထုတ်ပြန်သည်။ ထို့အ ပြင် မောင်တောမြို့နယ် ပချီးယား တန်းကျေးရွာနှင့် ပညောင်ပင်ကြီး ကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ ၀င်များက နယ်မြေရှင်းလင်းစဉ် မသင်္ကာသူ ငါးဦးအား ဖမ်းဆီးရမိ ၍ စစ်ဆေးနေကြောင်း သတင်း ထုတ်ပြန်သည်။

7Day News Journal

No comments:

Post a Comment