Latest News

Thursday, September 7, 2017

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မောင်တောဒေသခံ ၃ သောင်း ကျော်သွားရောက်နေထိုင်

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မောင်တောဒေသခံ ၃ သောင်း
ကျော်သွားရောက်နေထိုင်

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားနေသောကြောင့် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် သွားရောက်နေထိုင်သူ မောင်တောဒေသခံ ၃ သောင်းကျော်ရှိနေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ သိရသည်။

သြဂုတ် ၂၅ ရက်နေ့မှ စက်တင်ဘာ ၄ ရက် အတွင်း မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့၊ ကွမ်းသီးပင်၊ သဲချောင်း၊ မီးတိုက်ကျေးရွာအုပ်စုများနှင့် တောင်ပြိုလက်ဝဲမြို့ပေါ်ရှိ   ဒေသနေထိုင်သူများမှာ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၂၆ မှ ၂၇ အကြားတွင်သွားရောက်နေထိုင်နေခြင်းဖြစ်သည်ဟု သိရသည်။

နယ်စပ်မှတ်တိုင် ၂၆ မှ ၂၇ အကြား လူဦးရေ(၁၂၀၀)ခန့်၊ ခန့်၊ နယ်စပ်မှတ်တိုင် ၃၂ မှ ၃၃ အကြားတွင် လူဦးရေ(၁၁၀၀၀)ခန့်၊ နယ်စပ်မှတ်တိုင် ၃၄ မှ ၃၅ အကြားတွင် လူဦးရေ(၁၈၀၀၀)ခန့် ယာယီတဲများဖြင့် တရားမ၀င်သွားရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၅ ရက်နေ့ အထိ နေရပ်စွန့်ခွာရသူ တိုင်းရင်းသား ၂၆၇၄၇ ဦး ရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရမှ သတင်းထုတ်ပြန်ထားပြီး မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မောင်တောဒေသခံ ၃ သောင်းကျော် ရှိသေးကြောင်း ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရခိုင်မြောက်ပိုင်းရှိ ကျေးရွာပေါင်း (၅၉) ရွာ၊ အိမ်အလုံးရေ ( ၆၈၄၂) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တံတား (၈ ) စင်း မိုင်းထောင် ဖျက်ဆီးခြင်း ခံခဲ့ရကြောင်းသိရသည်။

အလားတူ တိုက်ပွဲများကြောင့် ဘင်္ဂါလီ ၁ သိန်း ၆ သောင်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာရှိ ဒုက္ခသည်စခန်းများသို့ သွားရောက် နေထိုင်ရလျှက်ရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ သိရသည်။

Mizzima

No comments:

Post a Comment