Latest News

Saturday, September 23, 2017

အန်အယ်လ်ဒီ ကိုယ်စားလှယ်အချို့ ဘ၀မေ့နေဟု ဦးဝင်းထိန် သတိပေး

အန်အယ်လ်ဒီ ကိုယ်စားလှယ်အချို့ ဘ၀မေ့နေဟု ဦးဝင်းထိန် သတိပေး

အစိုးရ သက်တမ်း ၁ နှစ်ကျော်ကာလအတွင်းမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်တချို့ဟာ ဘဝမေ့နေကြပြီလို့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က သတိပေး ပြောကြားလိုက်ပါတယ်။

“ပြည်နယ်နဲ့တိုင်း အကုန်လုံးကိုရောက်ပြီး  အစိုးရအဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြီးရင် တခြားပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ပြီးပါပြီ။ အဲဒီမှာ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ကိုယ့်ဘဝကိုယ်မေ့နေကြတယ်။ သူတို့ဘာကြောင့် ကိုယ်စားလှယ်ဘဝ ရောက်လာတယ်ဆိုတာကို မဆန်းစစ်တော့ဘူး၊ မေ့နေကြပြီ” လို့ ဦးဝင်းထိန်က ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့ဝင်တွေနဲ့ အလုပ်မှုဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ ဦးဝင်းထိန်းက သတိပေးပြောကြားလိုက်တာပါ။

ဒုတိယအကြိမ် ပြုလုပ်တဲ့ သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို ကိုယ်စားလှယ်ပေါင်း ၁၆၀ ကျော်တက်ရောက်ခဲ့ပါတယ်။

DVB

No comments:

Post a Comment