Latest News

Saturday, September 23, 2017

NLD လွှတ်​​တော်​ကိုယ်​စားလှယ်​​တစ်​ချို့ဟာ တစ်​နှစ်​ခွဲအတွင်း ဘဝ​မေ့သွားကြဟု ဦးဝင်းထိန်ပြော

NLD လွှတ်​​တော်​ကိုယ်​စားလှယ်​​တစ်​ချို့ဟာ တစ်​နှစ်​ခွဲအတွင်း ဘဝ​မေ့သွားကြဟု ဦးဝင်းထိန်ပြော

NLD လွှတ်​​တော်​ကိုယ်​စားလှယ်​​တစ်​ချို့ဟာ တစ်​နှစ်​ခွဲအတွင်း ဘဝ​မေ့သွားကြပြီး ကိုယ့်​အကျိုးအတွက်​ လုပ်​တဲ့ကိစ္စ​တွေ​ ပေါ်လာတယ်​လို့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​မှ ထိပ်​တန်းခေါင်း​ဆောင်​တစ်​ဦးဖြစ်​သူ ဦးဝင်းထိန်​က ဒီက​နေ့ သတင်းထောက်​များရှိ​နေစဉ်​မှာပဲ​ပြောလိုက်​ပါတယ်​။
ဗဟန်းမြို့နယ်​မှာရှိတဲ့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီရုံးချုပ်​​မှာ ဒီက​နေ့ ရန်​ကုန်​တိုင်းအစိုးရအဖွဲ့ဝင်​​​တွေ၊လွှတ်​တော်​ကိုယ်​စားလှယ်​​တွေနဲ့ပါတီအဖွဲ့ဝင်​​တွေဟာ ​တွေ့ဆုံ​ဆွေး​နွေးပွဲပြုလုပ်​လျက်​ရှိပါတယ်​။

အဲဒီ​ဆွေး​နွေးပွဲမစတင်​ခင်​ဦးဝင်းထိန်​က အမှာစကား ပြောကြားရာမှာ အခုလို ထည့်​သွင်း​ပြောကြားလိုက်​တာပါ။
လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေကို ​ရွေး​ကောက်​ပွဲ​ဝင်​စဉ်​က​ကြေညာစာတမ်းကို ပြန်​ဖတ်​ကြဖို့ကိုလဲ သူကတိုက်​တွန်းပါတယ်​။

"​ပြောသင့်​​ပြောထိုက်​တာ​တွေ​တော့ ကျွန်​​တော်​​ပြောရပါလိမ့်​မယ်​ တိုင်းနဲ့ပြည်​နယ်​အကုန်​ ကျွန်​​တော်​​ရောက်​ပြီးပါပြီ အစိုးရအဖွဲ့​တွေ၊ လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေနဲ့​တွေ့တယ်​ တစ်​ခြားပုဂ္ဂိုလ်​​တွေနဲ့လည်း ​တွေ့တယ်​။ တွေ့တဲ့အခါ ဘာသွားသိရလဲဆိုရင်​ တစ်​နှစ်ခွဲကာလအတွင်းမှာ လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေဟာ ကိုယ့်​ဘဝကိုယ်​​မေ့သွားကြတယ်​ အချို့ကို​ပြောတာ အားလုံးမဟုတ်​ဘူး။ သာမန်​အဖွဲ့ချုပ်​အဖွဲ့ဝင်​က​နေပြီး​တော့မှ ​ရွေး​ကောက်​တင်​​မြှောက်​ခြင်းခံလိုက်​ရတဲ့အခါမှာ လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေဟာ ဘဝမေ့ကြတယ်​ ဘာ​ကြောင့်​လွှတ်​​တော်​ကိုယ်​စားလှယ်​ဖြစ်​လာလဲဆိုတာ မဆန်းစစ်​​တော့ဘူး " လို့ သူက​ပြောပါတယ်​။

ဦးဝင်းထိန်​က သူအခုလို​ပြောနိုင်​တာဟာ လွှတ်​​တော်​ကိုယ်​စားလှယ်​များကိုသုံးသပ်​တဲ့အဖွဲ့မှာပါတာမို့ ခုလို​ပြောနိုင်​တာလို့ဆိုပါတယ်​။
"နောက်​တစ်​ချက်​က တစ်​ချို့လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေဟာ လွှတ်​​တော်​ကိုယ်​စားလှယ်​လုပ်​ငန်းတာဝန်​ထမ်း​ဆောင်​တဲ့အခါမှာ တာဝန်​မ​ကျေကြဘူး ကျွန်​​တော်​လွှတ်​​တော်​ကိုယ်​စားလှယ်​သုံးသပ်​တဲ့အဖွဲ့မှာပါတဲ့အတွက်​​ပြောနိုင်​တာ။ အဲဒီထက်​ပိုဆိုးတာက တစ်​ချို့လွှတ်​တော်​ကိုယ်​စားလှယ်​​တွေဟာ ကိုယ့်​အကျိုးအတွက်​လုပ်​တဲ့ကိစ္စ​လေး​တွေ​ပေါ်လာတယ်" လို့ဦးဝင်းထိန်​က​ပြောပါတယ်​။

ဒီက​နေ့ ​ဆွေး​နွေးပွဲကို လွှတ်​​တော်​ကိုယ်​စားလှယ်​များအပါအဝင်​ စုစု​ပေါင်း ၁၆၀ဦး ​ကျော်​တက်​​ရောက်​ခဲ့ပြီး ​ဆွေး​နွေးပွဲရလဒ်​ကို ထုတ်​ပြန်​ချက်​ထုတ်​မထုတ်​ မသိရ​သေးပါဘူး။

Popular News

No comments:

Post a Comment