ဒုတိယတန်း ကျောင်းသားငယ်တွေကို နာရီအတန်ကြာ ဘောင်းဘီချွတ် အပြစ်ပေးခဲ့တဲ့ ကျောင်းဆရာမကို စာသင်ကြားခွင့် ရပ်ဆိုင်းဖို့ရှိတယ်လို့ ပညာရေးမှူး ဆို
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျောင်းဆရာမတစ်ဦးက ဒုတိယတန်းကျောင်းသား/သူတွေကို စာမရလို့ဆိုပြီး ကျောင်းသားအများရှေ့မှာဘောင်းဘီချွတ်ကာ တစ်မနက်လုံးမတ်တပ်ရပ် ပြစ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတွေနဲ့ ကာယကံရှင်ကျောင်းဆရာမကို ဒီကနေ့ မနက်ပိုင်းမှာ စစ်ဆေးမှုတွေပြုလုပ်နေပါတယ် ။
ကျောင်းသားမိဘတွေရဲ့ ထွက်ဆိုချက်အရ ကျောင်းသားတွေဟာ ကျောင်းမသွားဖို့ တောင်းဆိုနေကြတယ်လို့ သိရပါတယ် ။
ဒါ့ကြောင့် ရေတာရှည်မြို့နယ် ဒုမြို့နယ်ပညာရေးမှူးဦးသက်တင်က ဒီကနေ့ မနက်ပိုင်း (၉) နာရီကတည်းက စစ်ဆေးမှုတွေပြုလုပ်နေပြီး ကျောင်းဆရာမကို အပြစ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ် ။
ဖြစ်စဉ်မှာ ရေတာရှည်မြို့နယ်အတွင်းရှိ ကူးတို့ဆိပ်မူလတန်းလွန်ကျောင်းမှာ ဒုတိယတန်းသင်ကြားနေတဲ့ ဆရာမဖြစ်သူ ဒေါ်သန္တဆွေမှ အသက် ခုနှစ်ဝန်းကျင်ရှိကျောင်းသား သုံးဦး နဲ့ မိန်းကလေးကျောင်းသူနှစ်ဦးတို့ကို စာမေးပွဲနီးလာပြီဖြစ်တာကြောင့် စာမေးစဉ်မရတဲ့အတွက် ကျန်ကျောင်းသားတွေရှေ့မှာ ဘောင်းဘီချွတ်ခိုင်းကာ နာရီအတော်ကြာ မတ်တက်ရပ်နေခိုင်း ခဲ့တယ်လို့သိပါတယ် ။
ကျောင်းမှာကျောင်းသား/သူ စုစုပေါင်း (၁၁၀) ပညာသင်ကြားနေပြီး ဝန်ထမ်းဆရာ/ဆရာမ စုစုပေါင်း (၇) ဦးက ပညာသင်ကြားပေးနေတာဖြစ်ပါတယ်။
အပြစ်ပေးခဲ့တဲ့ ဆရာမဒေါ်သန္တာဆွေက ပညာရေး လုပ်သက် (၁၈) နှစ်ခန့်ရှိပြီး အသက် (၄၀) ၀န်းကျင် အရွယ်ရှိတယ်လို့ သိရပါတယ် ။
သတင်းထောက် ………… ဖြိုးကိုလင်း ( ညောင်ဝိုင်း)
5plus
Saturday, September 23, 2017
ဒုတိယတန်း ကျောင်းသားငယ်တွေကို နာရီအတန်ကြာ ဘောင်းဘီချွတ် အပြစ်ပေးခဲ့တဲ့ ကျောင်းဆရာမကို စာသင်ကြားခွင့် ရပ်ဆိုင်းဖို့ရှိတယ်လို့ ပညာရေးမှူး ဆို
ဒုတိယတန်း ကျောင်းသားငယ်တွေကို နာရီအတန်ကြာ ဘောင်းဘီချွတ် အပြစ်ပေးခဲ့တဲ့ ကျောင်းဆရာမကို စာသင်ကြားခွင့် ရပ်ဆိုင်းဖို့ရှိတယ်လို့ ပညာရေးမှူး ဆို
Reviewed by Ar Ti
on
1:38 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment