Latest News

Friday, September 1, 2017

နစ်နာကြေးငွေကျပ်သိန်းပေါင်းနှစ်သောင်းရလိုမှုနှင့် လွှတ်တော်အမတ်နှစ်ဦးတရားစွဲဆိုခံရ

နစ်နာကြေးငွေကျပ်သိန်းပေါင်းနှစ်သောင်းရလိုမှုနှင့် လွှတ်တော်အမတ်နှစ်ဦးတရားစွဲဆိုခံရ

နစ်နာကြေးငွေ ငွေကျပ်သိန်းပေါင်းနှစ်သောင်းရလိုမှုနှင့် ညောင်တုန်းမြို့နယ်၊ မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဦးကျော်ဆန်းနှင့်ဒေါ်နီနီမိုးတို့ကို ပင်လုံရတနာ ဖွံ ဖြိုးတိုးတက်ရေးကုမ္ပဏီကတရားစွဲဆိုလိုက်ပါတယ်။

နစ်နာကြေးရလိုမှုကို တရားဆွဲဆိုခြင်းခံထားရသူကိုယ်စားလှယ်တွေထံ ပုသိမ်မြို့ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် ရုံးတံဆိပ်နှင့်  သမ္မာန်စာ ပေးပို့ ခဲ့ တာပါ။

တရားမကျင့်ထုံးဥပဒေပုဒ်မ ၈၀ အရ တရားစွဲဆိုနိုင်ရန်ပင်လုံရတနာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီဒါရိုက်တာ
ဦးမြင့်သန်းကလွတ်တော် ဥက္ကဌထံ မေလ(၂၃)ရက်နေ့ မှာ လက်မှတ်ရေးထိုးပေးပို့ပြီးနောက်အခုလို
နစ်နာကြေးရလိုမှုနဲ့ တရားစွဲဆိုလိုက်တာပါ။

ကုမ္ပဏီပိုင်နက်ထဲတွင် အင်းချောင်းပါဝင်နေသည့်အတွက်
ငါးသံယံဇာတထုတ်လုပ်ရာတွင် ကုမ္ပဏီ နှင့် အင်းလေလံသမားတို့
အငြင်းပွားနေမှုကို အမတ်များက ဝင်ရောက်စစ်ဆေးဖြေရှင်းပေးရာမှ
ကုမ္ပဏီဘက်မှ တရားစွဲဆိုရန် စတင်ဖြစ်ပေါ်လာတာပါ။

"မူလနို့ တစ်စာပို့ တည်းက လွှတ်တော်ဥက္ကဌရောပါတီအကြီးအကဲတွေရော ပြခဲ့  ပေမဲ့ ဘာမှမဖြစ်ဘူးအေးအေးဆေးဆေးပဲနေဆိုလို့  သည်အတိုင်းနေခဲ့ တာပါ"လို့  တရားစွဲဆိုခံထားရတဲ့ ကိုယ်စားလှယ်တွေကပြောပါတယ်။

ကိုယ်စားလှယ်တွေကတော့ "သည်လို တရားစွဲမှုအပေါ် တုန်လှုပ်မှုမရှိပဲ ဒါဟာ ပြည်သူဘက်က ရပ်တည်တာပေါ်လွင် သွားတာဖြစ်ပေမဲ့ တရားစွဲဆိုလိုက်တာကိုတော့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့  ကျေနပ်အားရဖွယ်မရှိဖူး"လို့ လည်းဒေါ်နီနီမိုးကပြောပါတယ်။

ပင်လုံရတနာကုမ္ပဏီကို နဝတ အစိုးရအဖွဲ့မှ လ/န ၃၉ ငါးကန်မြေအဖြစ် (၁၁၅၀.၄၀)ဧကကို ခွင့်ပြုချ
ထားပေးခဲ့ရာ အဆိုပါဧရိယာထဲရှိအင်းချောင်းဧရိယာစုစုပေါင်း ဧက (၅၀) ခန့်ကို ကုမ္ပဏီက ပိုယူ
ထားကြောင်းစွပ်စွဲခဲ့ပြီး အင်းချောင်းများကိုပြန်ဖွင့်ပေးရန်ငါးလုပ်ငန်းဦးစီးဌာနမှူးက တောင်းဆို
ခဲ့ကြောင်းနှင့် အမတ်များသည်၎င်းတို့အား အပ်နှင်းထားခြင်းမရှိသော တာဝန်နှင့်လုပ်ပိုင်ခွင့်ကို
ကျင့်သုံးခဲ့သဖြင့်ကုမ္ပဏီ အကျိုးစီးပွားကို ကာကွယ်တားဆီးရန်
၂၀၀၃ခုနှစ်မတိုင်မီကတည်းက ငါးကန်မြေအဖြစ် အသုံးပြုခွင့်ဖြစ်သော
ပင်လုံရတနာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၏ တရားဝင်အနေအထားအတိုင်းခံစားခွင့်ရရှိရန် တရား
ဥပဒေကြောင်းအတိုင်း တရားစွဲဆိုဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်အမတ်များထံသို့ပေးပို့သော
မူလပေးပို့ တဲ့ နို့တစ်စာမှာဖော်ပြပါရှိပါတယ်။

တရားရုံးသမ္မာန်စာမှာတော့ တရားစွဲဆိုခံထားရသူတွေအနေနဲ့  စက်တင်ဘာလ(၈)ရက်နေ့ မှာ ထုချေရှင်းလင်းနိုင်ဖို့  ဖော်ပြထားပါတယ်။

တရားစွဲဆိုခြင်းခံရမှုအပေါ်  နားလည်တတ်ကျွမ်းသောရှေ့ နေများနှင့် တိုင်ပင်မှုများပြုလုပ်နေပြီးဖြစ်သော်
လည်း လွတ်တော် ဥက္ကဌ နှင့်ပါတီ အကြီးအကဲများရဲ့ လမ်းညွန်မှုများနဲ့ ပြန်လည်တုံ့ပြန်သွားမယ်လို့ 
ညောင်တုန်းမဲဆန္ဒနယ်ကတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်နီနီမိုးကပြောပါတယ်။

မျိုးမင်းပိုင်




No comments:

Post a Comment