Latest News

Friday, September 1, 2017

ယုံကြည်မှုနားလည်မှုတွေနဲ့ အတူ မီဒီယာတွေနဲ့ လက်တွဲသွားမယ့် မွန်ပြည်နယ်ဝန်ကြီးချုပ်

ယုံကြည်မှုနားလည်မှုတွေနဲ့ အတူ  မီဒီယာတွေနဲ့ လက်တွဲသွားမယ့် မွန်ပြည်နယ်ဝန်ကြီးချုပ်

ယုံကြည်မှုနားလည်မှုတွေနဲ့ အတူ စာနယ်ဇင်းများ မီဒီယာများနဲ့ လက်တွဲသွားမယ်လို့  မွန်ပြည်နယ် အစိုးရအဖွဲ့  ၀န်ကြီးချုပ် ဒေါက်တာအေးဇံကပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ လ ၁ရက်နေ့ ကမော်လမြိုင် ပြည်နယ်ခန်းမတွင် ပြုလုပ်သော  မွန်ပြည်နယ်အစိုးရ၊ လွတ်တော်၊ တရားလွတ်တော်တို့နှင့်ပြည်နယ်အ တွင်းမှသတင်းမီဒီယာများတွေ့ဆုံဆွေးနွေးပွဲမှာ အထက်ပါအတိုင်းပြောကြားခဲ့ တာပါ။

မီဒီယာတွေအနေနဲ့  အစိုးရအဖွဲ့ ရဲ့  လုပ်ငန်းဆောင်ရွက်ချက်တွေအပေါ်မှာ ဥပဒေ၊လုပ်ထုံးလုပ်နည်းတွေအရချက်ခြင်းပြန် လည်မဖြေဆိုနိုင်သောကိစ္စတွေကိုဆန္ဒစောမေးမြန်းမှုများရှိနေပြီး အချို့သ တင်းများကိုလွှဲမှားစွာဖေါ်ပြခြင်းကိုမြင်တွေ့ရ၍ စိတ်မကောင်းဖြစ်မိကြောင်းလည်း ၀န်ကြီချုပ်က ထည့်သွင်းပြောဆိုခဲ့ ပါတယ်။

မွန်ပြည်နယ်အတွင်း သတင်းရယူနေတဲ့ မီဒီယာအချို့ က တော့လွတ်တော်တွင် သတင်းရယူတာအဆင်ပြေပေမဲ့  အစိုးရနဲ့ တရားစီရေးအပိုင်းမှာ သတင်းရယူနိုင်မှုမှာ ကန့် သတ်ထိမ်းချုပ်ထားသေးတယ်လို့ ဆိုပါတယ်

“ လွတ်တော်နဲ့  မီဒီယာကတော့ ဖရန်းဒလီးဖြစ်တယ် ဓတ်ပုံ  ရိုက်လို့ ရတယ်  အင်တာဗျူး ခွင့်ရှိတယ် အစိုးရပိုင်းမှာကတော့ ၀န်ကြီးချုပ်နဲ့ ဝန်ကြီးအဆင့် တာဝန်ရှိသူတွေကို မေးမြန်လို့ ရပေမဲ အောက်ခြေကဌာနဆိုင်ရာအဆင်မပြေဘူးမြေစာရင်းသွားတဲ့ အခါမဖြေနိုင်တာ လူမရှိတာ အချက်အလက်မရှိတာတွေ နဲ့ အကြောင်းပြတယ်တရားစီရင်ရေးမှာဆိုလည်း ပြည်နယ်တရားလွတ်တော်မှာ ရှိပေနဲ့ မြို့ နယ်ပိုင်းကတရားရုံးတွေမှာမှာကန့် သတ်ထားတယ် “လို့ မြန်မာပြည်တောင်ပိုင်ဂျာနယ်လယ်ကွန်ယက် ညှိနှိုင်းရေးမှူးကိုဇော်လွင်းထွဠ် ကပြောပါတယ်.။

မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဒုတိယဥက္ကဋ္ဌဒေါတ်တာမျိုးသန့်တင်ကတော့ "မဏ္ဍိုင်၃ရပ်နဲ့သတင်းမီဒီယာတွေထိတွေ့ ဆက်ဆံမှုတွေများလာမှပြည်သူတွေသိသင့်သိ ထိုက်တဲ့သတင်းအချက်အလက်တွေစီးဆင်းလာ မှာဖြစ်တယ်"လို့ ဆိုပါတယ်။
အဲ့ ဒီနေ့ ကတွေ့ဆုံဆွေးနွေးပွဲသို့ပြည်နယ်ဝန်ကြီးချုပ် ဒေါတ်တာအေးဇံ၊ပြည်နယ်လွတ်တော်ဥက္ကဋ္ဌဒေါ် တင်အိ၊ပြည်နယ်တရားသူကြီးချုပ်ဦးခင်မောင်ကြီး ၊ပြည်နယ်ဥပဒေချုပ်ဒေါ်အေးအေးမိုးနှင့်ပြည်နယ် ဝန်ကြီးများ၊ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များ၊မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ၊ ပြည်နယ်ဋ္ဌာနဆိုင်ရာများ၊သတင်းမီဒီယာသမား များစုစုပေါင်း၁၀၀ဦးခန့်တက်ရောက်ခဲ့ပါတယ်။

ဟံသာနွန်

No comments:

Post a Comment