Latest News

Friday, September 1, 2017

အစိုးရအားနည်းချက်ကြောင့် သဘာဝဘေးဒဏ်သင့်ပြည်သူတွေအတွက်ချေးငွေမရရှိတာလို့  လွတ်တော်အမတ်ဝေဖန်

အစိုးရအားနည်းချက်ကြောင့် သဘာဝဘေးဒဏ်သင့်ပြည်သူတွေအတွက်ချေးငွေမရရှိတာလို့  လွတ်တော်အမတ်ဝေဖန်

 မြန်မာနိုင်ငံသဘာဝဘေးဒဏ် သင့်ပြည်သူများအတွက်ကမ္ဘာ့ဘဏ်မှ ချေးထားပေးသော ချေးငွေအမေရိကန်ဒေါ်လာ၁၂၄သန်း ထောက်ပံ့ငွေ၁သန်းနှင့်စုစုပေါင်း၁၂၅သန်းထဲမှ ဧရာဝတီတိုင်းအတွက်ချေးငွေမရရှိခဲ့ခြင်းမှာ တိုင်းအစိုးရအဖွဲ့၏အားနည်းချက်များကြောင့်ဖြစ်တယ်လို့  ဝါးခယ်မအမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား ဒေါ်မြင့်မြင့်စန်းကဝေဖန်ပြောဆိုလိုက်ပါတယ်။

သြဂုတ်လ၃၁ရက်နေ့ ကကျင်းပပြုလုပ်ခဲ့သောလွှတ်တော်အစည်းအဝေးမှာ အထက်ပါအတိုင်းဝေဖန်ပြောဆိုလိုက်တာပါ။
အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ကမ္ဘာ့ဘဏ်မှချေးငွေအမေရိကန်ဒေါ်လာ၁၂၄သန်း ထောက်ပံ့ငွေ(၁)သန်းနှင့်စုစုပေါင်း(၁၂၅)သန်းအားဧရာဝတီတိုင်းအစိုးရအဖွဲ့အနေနှင့်ထိုချေးငွေမှရသင့်ရတိုက သောချေးငွေများနှင့်ပြည်သူများကို ကူညီ နိုင်ရန် နှင့် ယင်းချေးငွေရရှိပါ ဧရာဝတီတိုင်းရေဘေးသင့်ဒေသများ ပြည်သူများအတွက်မည်သို့စီစဉ်ဆောင်ရွက်သွားမည်ကိုလည်းဒေါ်မြင့်မြင့်စန်းလွှတ်တော်တွင်တင်ပြမေးမြန်းမှုအပေါ် အစိုးရရဲ့ ဖြေကြားချက်ကို ပြန်လည်တုန့် ပြန်ပြောဆိုခဲ့ တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံသဘာဝဘေးအတွက်ကမ္ဘာ့ဘဏ်မှ သီးသန့်ချေးထားပေးခဲ့သောငွေများအား ရန်ကုန်တိုင်းဒေသကြီးရေကြီးရေလျှံမှုအတွက်ပြုပြင်ရန် ၇၇သန်း lအသိပညာပေးလုပ်ငန်းစဉ်များအတွက်၅သန်းlအဆောက်အအုံများဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ၂၁သန်းနှင့်အခြားအထွေထွေအသုံးပြုရန်၂၁တို့အားခွဲဝေသုံးစွဲသွားရန် စီစဉ်ထားသော်လည်း အခြားတိုင်းနဲ့ပြည်နယ်များအတွက်ခွဲဝေချထားပေးခြင်းမရှိပါဘူး။

"ဘတ်ဂျက်ပေးတဲ့အခါမှာ လုံလောက်မှုမရှိခြင်းကြောင့် ခဏ ခဏ ပြသာနာတွေတက်နေရပါတယ် ဒါဆိုကျွန်မတို့ကဘာတွေလိုအပ်မလဲ ပြည်ပဝင်ငွေတွေလိုအပ်ပါတယ် ချေးတဲ့သူရှိတာတောင် တိုင်းအတွင်းစာရင်းဇယားများကောက်ယူမှုအားနည်းချက်ကြောင့်ဆိုတာကိုမပြောသင့်ပါဘူး ရန်ကုန်တိုင်းတောင်ဒီလိုစရင်းဇယားတွေကိုလုပ်နိုင်ရင် ဧရာဝတီတိုင်းကကောဘာကြောင့်မလုပ်နိုင်တာပါလဲ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကိုယူ တတ်ဖို့မေတ္တာရပ်ခံနေတာပါဟု”ဟုဒေါ်မြင့်မြင့် စန်းက လွတ်တော်မှာ အစိုးရအဖွဲ့ ကိုပြောပါတယ်။

ဒါနဲ့ ပတ်သတ်လို့  အစိုးရအဖွဲ့  စီမံဘဏ္ဏာ ၀န်ကြီး ဦးဌေးဝင်းက "ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ သဘာဝဘေးဒဏ်သင့်လုပ်ငန်းစဉ်များအတွက် ချေးငွေရယူရေးကိစ္စရပ်များဆောင်ရွက်ရာတွင် ဆောင်ရွက်မည့်လုပ်ငန်းပမာဏ ဆောင်ရွက်ရမည့်ဌာနအဖွဲ့အစည်းများ၏လုပ်ငန်းစွမ်းဆောင်ရည်lချေးငွေကိုပြန်လည်ပေးဆပ်နိုင်မည့်စွမ်းအားစသည်တို့ကိုစနစ်တကျသေချာစွာတွက်ချက်ပြီးမှဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်လို “တုန့် ပြန်ပြောဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီးဟာ နှစ်စဉ် ရေဘေးသင့် မှုအခြေနေတွေကို ကြုံတွေ့ နေရသလို ကမ်းပါးပြိုခြင်းနှင့် အချိန်အခါမဟုတ်မိုး၇ွာသွန်းခြင်းမုန်တိုင်းတိုက်ခြင်းတို့ ကြောင့် လယ်ဧက များစွာလည်းပျက်စီးဆုံးရှုံးမှုတွေရှိနေပါတယ်။

No comments:

Post a Comment