ဗီယက်နမ်ကို အနိုင်ကစားကာ နောက်တစ်ဆင့် တက်ခဲ့သည့်
မြန်မာ ယူ-၁၈ အသင်း
AFF U-18 Championship 2017 အုပ်စု(ခ)၏ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာ အသင်းနှင့် ဗီယက်နမ်အသင်းတို့ ကစားခဲ့ရာ အိမ်ရှင်မြန်မာအသင်းက ၂-၁ ဂိုး ဖြင့် အနိုင်ရခဲ့၍ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
ဗီယက်နမ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် တစ်မိနစ်တွင် ငုယင်ဟောင်ဆန် က သွင်းပေးခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပွဲစစချင်းတွင် ဂိုးပေးခဲ့ရပြီးနောက် ချေပဂိုး ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့ သော်လည်း ပထမပိုင်းတွင် ဗီယက်နမ် နောက်ခံကစား သမားများကို ဖြတ်ကျော်နိုင်ခဲ့ခြင်း မရှိပေ။
ဒုတိယပိုင်း ပွဲချိန် ၇၄ မိနစ်တွင် မြန်မာ အသင်းမှ ချေပဂိုးရခဲ့ပြီး မြတ်ကောင်းခန့်က ပြစ်ဒဏ်ဘောမှတစ်ဆင့် တိုက်ရိုက် ဂိုးသွင်း ယူပေးခဲ့သည်။ မြန်မာအသင်း အတွက် ဒုတိယဂိုးကို ပွဲချိန် ၈၆ မိနစ်တွင် လွင်မိုးအောင်က ထပ်မံသွင်းယူပေးခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် ဗီယက်နမ် အသင်းမှ ချေပဂိုးမရခဲ့သည့်အတွက် မြန်မာ အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာအသင်းသည် လာမည့် စက်တင်ဘာ ၁၅ ရက်တွင် မလေးရှား အသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားရမည်ဖြစ်သည်။ အုပ်စု(ခ)တွင် အုပ်စုပထမရခဲ့သည့် အင်ဒိုနီးရှားအသင်းသည် အုပ်စု(က)၏ အုပ်စု ဒုတိယ ထိုင်းအသင်းနှင့် ကစားရမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များ
-------------------------
မလေးရှား - မြန်မာ (ညနေ ၃း၀၀) သုဝဏ္ဏ
အင်ဒိုနီးရှား - ထိုင်း (ည ၆း၀၀) သုဝဏ္ဏ
MFF
Subscribe to:
Post Comments (Atom)
No comments:
Post a Comment