စက်တင်ဘာ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်
နေပြည်တော် ၊ စက်တင်ဘာ ၁၃
လာမယ့်စက်တင်ဘာ ၁၉ရက်နေ့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မိန့်ခွန်းပြောကြားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဇော်ဌေးက ပြောပါတယ်။
ဒီကနေ့ နိုင်ငံတော်သမ္မတရုံးမှာပြုလုပ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးကပြောခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ပြောမယ့် မိန်းခွန်းဟာအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စဖြစ်ပြီး နိုင်ငံတော်အခြေပြ မိန့်ခွန်းသဘောမျိုးဖြစ်တယ်လို့ ဦးဇော်ဌေးကဆိုပါတယ်။
ဒီမိန့်ခွန်းပြောမှုကို မီဒီယာတွေဝင်ခွင့်ပြုသွားမှာဖြစ်ပြီး နိုင်ငံတကာသတင်းဌာနက မီဒီယာတွေကိုလည်း ဖိတ်သွားမှာဖြစ်ကြောင်း အခြေစိုက်ဗျူရိုကနေလာမယ့်သူတွေ အနေနဲ့ ဗီဇာခက်ခဲနိုင်တဲ့ ကိစ္စတွေအတွက်လည်း ၀န်ကြီးဌာနကနေ သံရုံးတွေကို ပြောပေးသွားမှာဖြစ်ကြောင်း ၊ ဒါ့အပြင် သံတမန်တွေအပြင် မြန်မာနိုင်ငံမှာ သံရုံးမစိုက်နိုင်တဲ့ နိုင်ငံတွေကိုလည်း မရောက်ရောက်အောင်ဖိတ်ထားကြောင်း ဦးဇော်ဌေးက ဆိုပါတယ်။
PopularNews
Subscribe to:
Post Comments (Atom)
No comments:
Post a Comment