Latest News

Thursday, September 14, 2017

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး


အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
ဟံသာနွန်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျားဘိုကျေးရွာတွင် စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက အသက် ၃၀ အရွယ် အမျိုးသားတဦး ကြိုးဆွဲချသေဆုံးခဲ့သည်ဟု အလှပ်ရဲကင်းစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ညနေ ၃ နာရီလောက်မှာ အမြင့် ၁၂ ပေလောက်ရှိတဲ့ သမဲ့ပင်ကိုင်းကို ချည်နှောင်ပြီး သေဆုံးခဲ့ တာပဲ “ဟု ၄င်းကပြောသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျားဘိုကျေးရွာမှ အမျိုးသားတစ်ဦးသည်  စက်တင်ဘာ ၁၃ ရက်နေ့၊ မနက် ၉ နာရီက ကဏန်းနှိုက်ဖို့ နေအိမ်က ထွက်သွားပြီးနောက် ပျောက်ဆုံးပြီး ကြိုးဆွဲချသေဆုံးခဲ့ ခြင်းဖြစ်သည်ဟုရဲတပ်ဖွဲ့ ကသတင်းထုတ်ပြန်သည်။
ကြိုးဆွဲချသေဆုံးခဲ့သူ ၏ မိခင်ကတော့သူ၏သားဖြစ်သူသည်  အရက်ကို အလွန်အကျွံ သောက်စားတတ်သလို  တခါတရံမှာ စိတ်ကစဉ်ကလျားဖြစ်တတ်သည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်အား ပေါင်မြို့မရဲစခန်းက သေမှုသေခင်း ၄၈/၂၀၁၇ နဲ့ အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေ
သည်။

No comments:

Post a Comment