Thursday, September 14, 2017
ဘင်္ဂလီလူမျိုး ၄ ဦးကို မြန်မာထောက်လှမ်းရေးဆိုပြီး ဖမ်းဆီး
နိရဉ္စရာ၊ စက်တင်ဘာ ၁၄
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် မြန်မာဘက်မှ ၀င်ရောက်လာသူ ဘင်္ဂလီလူမျိုး ၄ ဦးအား မြန်မာ သတင်းပေး ထောက်လှမ်းရေး ဖြစ်သည်ဟု သံသယဖြင့် ဘင်္ဂလာအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူ ၄ ဦးမှာ အဏ္ဍ၀ါဟူစိန် (၄၀) နှစ်၊ ဇာဖာအာလောင် (၄၅) နှစ်၊ မူဟာမတ်အာဇမဲလ် ဟူစိန် (၄၀) နှစ်နှင့် မူဟာမတ် ကာလူမျာ (၆၀) နှစ်တို့ ဖြစ်ကြသည်။ သူတို့ လေးဦးစလုံးမှာ မောင်တောမြို့ အမ်တာလီ ဖာကီယာ ဘဇားမှ ဖြစ်ကြောင်း Dhaka Tribune ၌ သတင်းဖော်ပြသည်။
သူတို့ လေးဦးထဲမှ တစ်ဦးကို နတ်ချောင်းဆရီမြို့နယ် အတွင်း ဖမ်းမိပြီး ကျန် သုံးဦးကို ခေါင်တုံးနယ်မြေတွင် လွန်ခဲ့သော အင်္ဂါနေ့ညနေက ဖမ်းမိကြောင်း သိရှိရသည်။
သူတို့၏ သွားလာလှုပ်ရှားမှုအား သံသယ ဖြစ်မိရာမှ ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ ကနဦးစစ်ဆေးချက်များအရ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့များ၏ လူပ်ရှားမှု သတင်းများအား စုဆောင်းပြီး မြန်မာနိုင်ငံသို့ ပြန်ပို့သည့် အထောက်အထားများ ရရှိကြောင်း BGB နယ်ခြားစောင့်တပ်ရင်း အမှတ် (၃၁) တပ်ရင်းမှူး ဗိုလ်မှူးချုပ် Anwarul Azim ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။
သူတို့လေးဦးအား ပိုမို စစ်ဆေးမှုများပြုလုပ်ရန် ဘင်ဒရိုဘင် (ရွာတော်) မြို့သို့ ပို့ဆောင်လိုက်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
(Photo: Dhaka Tribune)
Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလီလူမျိုး ၄ ဦးကို မြန်မာထောက်လှမ်းရေးဆိုပြီး ဖမ်းဆီး
Reviewed by timeayeyar
on
5:15 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment