Latest News

Friday, September 1, 2017

ယဉ်လပ်ကို ရှာဖွေဖို့ မြန်မာအပါအဝင် နိုင်ငံခြောက်ခုကို ထိုင်းအစိုးရ အဓိကထား

ယဉ်လပ်ကို ရှာဖွေဖို့ မြန်မာအပါအဝင် နိုင်ငံခြောက်ခုကို ထိုင်းအစိုးရ အဓိကထား

ထိုင်းအာဏာပိုင်တွေဟာ ဝန်ကြီးချုပ်ဟောင်း ယဉ်လပ်ရှင်နာဝပ်ထရာကိုရှာဖွေဖို့အတွက် ကမ္ဘောဒီးယား၊ လာအို၊ မြန် မာ၊ ဗီယက်နမ်၊ စင်ကာပူနဲ့ ယူအေအီးနိုင်ငံတွေကို ဆက်သွယ်ထားတယ်လို့ သိရပါတယ်။ ယဉ် လပ်ဟာ သည်နိုင်ငံတွေကိုဖြတ်ပြီး လွတ်မြောက်သွားတယ်လို့ သူတို့က ယူဆထားပါတယ်။

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နိုင်ငံခြားရေးဝန်ကြီးဌာနဟာ သည်ခြောက်နိုင်ငံနဲ့ သံတမန် နည်းလမ်းအတိုင်း ပူးပေါင်းလုပ် ဆောင်ဖို့ ကြိုးစားနေပြီး ထိုင်းနယ် စပ်တစ်လျှောက်က လူဝင်မှုကြီး ကြပ်ရေးဂိတ်တွေကိုလည်း စစ် ဆေးနေတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ယဉ်လပ်နိုင်ငံရေးခိုလှုံခွင့် တောင်းခံနိုင်ဖွယ်ရှိ တယ်လို့ သံသယရှိနေတဲ့ဗြိတိန်နိုင်ငံကိုတော့ မဆက်သွယ်ထားသေးပါဘူး။

ယဉ်လပ်ဟာ ပြီးခဲ့တဲ့သော ကြာနေ့က သူ့ရဲ့ဆန်အမတော် ကြေးအမှုအတွက်  အပြီးသတ် ကြားနာမှုခံယူဖို့ တရားရုံးချုပ်ကို လာရောက်ဖို့ ပျက်ကွက်ခဲ့ချိန်က စပြီး အခုအထိ သူဘယ်နေရာ ရောက်မှန်း မသိရသေးပါဘူး။
ကြည်းတပ်အကြီးအကဲ ဗိုလ် ချုပ်ကြီး ချာလမ်ချိုင်ဆစ်သီဆက်ကတော့ ယဉ်လပ်ရဲ့လွတ်မြောက် ရေးအစီအစဉ်ဟာ သူ့အစ်ကို သက်ဆင်ရဲ့အကူအညီနဲ့  အသေအချာကျကျနန စီစဉ်ထားပြီးသား ဖြစ်မယ်လို့ သူယုံကြည်ကြောင်း ပြောပါတယ်။

“သာမန်လူတွေလို မဟုတ်ဘဲ ယဉ်လပ်ဟာ သူ့ဘာသာထွက်ပြေးလွတ်မြောက်နိုင်ခြေ ရှိတယ်လေ၊ သူ့အစ်ကိုကလဲ သူ့အတွက် ကိုယ်ပိုင်ဂျက်လေယာဉ်လိုမျိုး စီစဉ်ပေးနိုင်တာပေါ့”လို့ သူက ပြောပြီး ယဉ်လပ်ဟာ သူသုံးနေတဲ့ မိုဘိုင်းလ်ဖုန်းကိုလည်းအစဖျောက်ကာ စီးနေတဲ့မော်တော်ယဉ်ကိုလည်း အသုံးမပြုဘဲနေခဲ့ တယ်လို့ သည်ဗိုလ်ချုပ်ကြီးက ပြောပါတယ်။ သူကတော့ သေချာတိကျတဲ့ သက်သေအထောက် အထားမရှိပေမဲ့လည်းယဉ်လပ် တိုင်းပြည်က နေထွက်ခွာသွားပြီ ယူဆတယ်လို့ ပြောပါတယ်။

ရဲချုပ်ချက်သစ်ချိုင်ဂျင်းဒါကလည်း ယဉ်လပ်တိုင်းပြည်ကနေ ထွက်မပြေးခင်  ဘန်ကောက်က ဟိုတယ်တစ်ခုမှာ ယဉ်လပ်နဲ့တွေ့လိုက်ရတယ်ဆိုတဲ့ လူ ၁၄  ဦးထက် မနည်းကို အရာရှိတွေက မေးမြန်းသွားမယ်လို့ ပြောပါတယ်။

ရဲတွေဟာ အစောပိုင်းမှာ တော့ ရှင်နာဝပ်ထရာမိသားစု နိုင်ငံရေးရုံးခန်းရဲ့လုံခြုံရေးကို စီမံပေး နေတဲ့ရဲမှူးကြီး ဝတ်တန်ယုဝစ် တာရာဖာလိုသိုင်းအပါအဝင် ယဉ်လပ်ရဲ့ သက်တော်စောင့်တွေကို မေးမြန်းခဲ့ပါတယ်။
ဒုတိယရဲမှူးချုပ် သီရိဗာ ရာရန်သီပရာမန်ကူးက သူဟာ တနင်္လာနေ့က ဝတ်တန်ယုနဲ့ တွေ့ ဆုံဆွေးနွေးမှုဟာ အထောက်အ ကူပြုတဲ့ဆွေးနွေးမှုဖြစ်ပေမဲ့ သူဟာ အသေးစိတ်ကိုတော့ မဖော်ပြနိုင်ခဲ့ဘူးလို့ ပြောပါတယ်။
လူဝင်မှုကြီးကြပ်ရေးရဲတွေကလည်း လေဆိပ်တွေအပါအဝင် ထွက်ခွာဖို့ ဖြစ်နိုင်ခြေရှိတဲ့ဂိတ်တွေ အားလုံးကို စစ်ဆေးထားပေမဲ့ သူဟာ တိုင်းပြည်ကနေ ဘယ်လိုများ လွတ်အောင်ထွက်ပြေးသွားနိုင်ခဲ့ သလဲဆိုတဲ့သက်သေတော့ ရှာ မတွေ့ခဲ့ပါဘူး။

ဒါ့အပြင် နိုင်ငံပေါင်း ၁၉၀ ကျော်မှာရှိတဲ့ အင်တာပိုနဲ့ ထိုင်းရဲ တပ်ဖွဲ့က ဆက်သွယ်ထားပေမဲ့ အခုအထိတော့ အကြောင်းပြန်ချက် တစ်စုံတစ်ရာ မရသေးပါဘူး။

ပရာယွတ်နဲ့  ချာလမ်ချိုင်တို့ ကလည်း ယဉ်လပ်ရဲ့ ထွက်ပြေး လွတ်မြောက်မှုမှာ စစ်အစိုးရအရာရှိတွေ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ထပ်ကာတလဲလဲ ပြောထားပါ တယ်။ ပရာယွတ်ကလည်း ယဉ်လပ်လွတ်မြောက်အောင် ကူညီပေးတဲ့အရာရှိတွေကို တွေ့ရှိခဲ့မယ်ဆိုရင် တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။

ချိုလေးငယ်(Kumudra)

No comments:

Post a Comment