Latest News
Friday, September 1, 2017
Facebook နှင့် ဆိုရှယ်မီဒီယာပေါ်က သတင်းအမှားတွေ အန္တရာယ်ရှိတယ်လို့ ဦးသီဟစောသတိပေး
ဟံသာနွန်
Facebook နှင့် ဆိုရှယ်မီဒီယာပေါ်ကသတင်းအမှားတွေဟာ အန္တရာယ်ရှိတယ်လို့  မြန်မာသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးသီဟစော က စက်တင်ဘာလ(၁)ရက်နေ့ က သတိပေးပြောဆိုလိုက်ပါတယ်။
“ဆိုရှယ်မီဒီယာမှာပါလာတဲ့ အရာတိုင်းက သတင်းမဟုတ်ဘူး သတင်းသမားတွေဆိုတာက သတင်းထုတ်လုပ်သူတွေ သတင်းအရင်းအမြစ်ကိုလိုက်မယ် အဲ့ သတင်းကမှားသလားမှန်သလား စစ်ဆေးမယ် ဒါကိုကျင့်ဝတ်နဲ့  ညီသလားမညီသလား ကြည့်ပြီးမှ သတင်းကိုထုတ်ပြန်မယ် ဒါပေမဲ့ ဆိုရှယ်မီဒီယာမှာကျတော့ အဲ့ လိုသတင်းခန်းကို ဖြတ်သန်းလာတာမရှိဘူးအယ်ဒီတာလည်းမရှိဘူး သတင်းကိုမှားလားမှန်လား စစ်ဆေးတဲ့ သူလည်းမရှိဘူးကိုယ်မြင်တာ ကိုယ်တွေ့ တာကို ကောက်ရေးကောက်တင်တာလည်းရှိတယ်ဆိုရှယ်မီဒီယာပေါ်မှာ လူတိုင်းကသတင်းစားသုံးသူရော သတင်းထုတ်လုပ်သူရောဖြစ်သွားတယ် အဲ့ အခါမှာ အန္တရာယ်ရှိတယ်  “လို့ ၎င်းကပြောပါတယ်။
သတင်းအတတ်ပညာနဲ့ စီစစ်ရေးသားထားခြင်းမရှိသော ဆိုရှယ်မီဒီယာပေါ်က သတင်းတွေဟာ မကောင်းတဲ့ ဆိုးကျိုးတွေ အပြင်အခြားသက်ရောက်မှုတွေ လည်းရှိနိုင်တာကြောင့် သတိထားဖို့ လိုတယ်လို့ လည်းဆိုပါတယ်။
၎င်းက “သူတို့ က သတင်းသမားလိုမျိုးကျင့်ဝတ်မလိုက်နာဘူးသတင်းအတတ်ပညာနဲ့ သတင်းကို စီစစ်ရေးသားထားတာမဟုတ်တဲ့ အတွက်ကြောင့်မို့ မကောင်းရင်လ်းမကောင်းတဲ့  Impact နဲ့ အကျိုးတွေ ကောင်းရင်လည်းကောင်းတဲ့  Impact နဲ့ အကျိုးတွေ အများကြီးဖြစ်နိုင်တယ်ဘာလို့ လဲဆိုတော့ သတင်းသမားတွေကိုယ်တိုင်လည်းသုံးတယ် မဟုတ်တဲ့ သူတွေလည်းအများကြီးသုံးတာဆိုတော့ သူ့ ရဲ့  ပျံ့ နှံ့ မှုကအရမ်းလွယ်တယ် အရမ်းမြန်တယ် အဲ့ တော့ တစ်ခုခုကောက်တင်လိုက်တာနဲ့  မိနစ်ပိုင်းအတွင်းမှာ ထောင်ချီပြီးသောင်းလည်းဖြစ်နိုင်တယ် သန်းလည်းဖြစ်နိုင်တယ် ပျံ့ နှံ့ တဲ့ အပေါ်မှာ မူတည်ပြီးပျံ့ နှံ့ မှု  မြန်တာရယ်လွယ်တာရယ်က ကောင်းတဲ့ အကျိုးလည်းရှိတယ် မကောင်းတဲ့ အကျိုးလည်းရှိတယ် အဲ့ တာကိုတော့ တော်တော်လေးသတိထားသင့်တယ်”လို့ ပြောပါတယ်။
Photo  Aungthu Myaing
No comments:
Post a Comment