Latest News

Sunday, September 3, 2017

ထိုင်းနိုင်ငံစမွတ်ပါကန် ခရိုင် အတွင်းမြန်မာအလုပ် သမားအချင်းချင်း လူသတ်မှုဖြစ်ပွား


စမွတ်ပါကန် စက်တင်ဘာ ၂

ထိုင်းနိင်ငံစမွတ်ပါကန်မြို့ ရှိအလုပ်ခွင်တစ်ခုမှ မြန်မာအချင်ချင်းမာဖီးယားဆန်ဆန် အခန်းမှန်အားခွဲ၍ လင်မယားနှစ်ဦးအားလက်ပြန်ကြိုးတုတ်ခေါ်သွားပြီးလူများစုဖြင့် သတ်ဖြတ်ခဲ့သည့် မှု့ခင်းဖြစ်ရပ်တစ်ခုစက်တင်ဘာလ၁ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာစမာဖော်န်၊ စွယ်ထန (10)၊ ရတနချွတ် (12)၊ ၅ ထပ်တိုက်၊ ဘန်ဖီ၊ စမွတ်ပရာကန်တွင် နေထိုင်သူကိုသက်ကိုကို (အသက်) ၂၂ နှစ် နှင့်ဇနီးမမြမြစန်းတို့ကိုတစ်ရွာထဲသားမောင်ဘိုဘို (ခ) မောင်ကိုကို နှင့် အပေါင်းအပါ (၅) ဦးတို့မှ အဆိုပါနေ့ ည ၁၂ နာရီခန့်အချိန်တွင် ၄င်းတို့ နေထိုင်ရာ ၅ ထပ်တိုက် အခန်းတံခါးမှန်များကိုဒုတ် ဓားများဖြင့် အတင်းရိုက်ဖျက် ဖွင့်ပြီးအခန်းထဲသို့ ၀င်ရောက်ကာ လင်မယားနှစ်ဦးကို ကြိုးတုတ်ဖမ်းဆီးပြီးအနီးရှိဘောလုံးကွင်းသို့ ခေါ်ဆောင်၍ အလုပ်ရုံအုတ်တံတိုင်းကျော်ကာတံတိုင်းဘေးရေကန်နားတွင် ခင်ပွန်းဖြစ်သူသက်ကိုကိုအားဒုတ်များဓားများဖြင့် ထိုးခုတ် နေစဉ် ဇနီးဖြစ်သူမမြမြစန်းသည် ရေကန်အတွင်းခုန်ဆင်းကာကျူပင်များအကြားပုန်းလျှိုထွက်ပြေးလွတ်မြောက်ခဲ့ပြီးထိုင်းအခြေစိုက် မြန်မာ့အလုပ်သမားကူညီပေးရေးအဖွဲ့ AAC အကူအညီဖြင့် သက်ဆိုင်ရာသို့သတင်းပို့တိုင်းကြားခြင်းဖြစ်သည်။

စုံစမ်းဖေါ်ထုတ်ချက်အရလူသတ်မှုကျူးလွန်သူများသည်သေဆုံးသူ၏ဘက်အိတ်များပတ်စပို့စာအုပ်များအားယူဆောင်သွားကြကြောင်း ၊ သေဆုံးသူအလောင်းအားသယ်ယူသွားသည်ကိုဇနီးဖြစ်သူမှ တွေ့မြင်နေရသော်လည်းမည်သည့်နေရာတွင်ပစ်ထားခဲ့သည်ကိုမသိသေးကြောင်း ၊ပြစ်မှုကျူးလွန်းသူများအားအဓိကစေခိုင်းသူတစ်ဦးအားဖမ်းဆီးထားပြီးကျန်တရားခံများအားဆက်လက် ဖေါ်ထုတ်လျှက်ရှိကြောင်းထိုင်းနိုင်ငံမှ လာသည့်သတင်းများအရသိရသည်။

ကျော်စိုး (ကော့သောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment