Latest News

Monday, September 4, 2017

တင်အတု ကောလဟာလကို ဗွီဒီယိုဖိုင်ပြပြီး ဖြေရှင်းလိုက်တဲ့ သင်ဇာဝင့်ကျော်

တင်အတု ကောလဟာလကို ဗွီဒီယိုဖိုင်ပြပြီး ဖြေရှင်းလိုက်တဲ့ သင်ဇာဝင့်ကျော်

မင်းသမီးသင်ဇာဝင့်ကျော်က စက်တင်ဘာလ ၂ ရက်နေ့က စတင်ပြန့်နှံ့လာသော ဓာတ်ပုံများနှင့် တင်းပါးအတုဟု စွပ်စွဲခံနေရသည့်ကိစ္စကို ဗွီဒီယိုဖိုင်တစ်ခု ပြပြီး ယနေ့ ဖြေရှင်းလိုက်ပါတယ်။ဝေဖန်မှုများ အရှိန်အဟုန် မကြီးထွားလာမှီ သူမက ယခုလို အတိအလင်း ဖြေရှင်းလိုက်တာလည်းဖြစ်ပါတယ်။ သူမ အသုံးပြုသော အင်စတာဂရမ်အကောင့်တွင် ”စကားတွေ အများကြီး မပြောချင်ဘူး” ဟု ရေးသားကာ ဗွီဒီယိုဖိုင် အတိုများကို တင်ခဲ့တာဖြစ်ပါတယ်။

ဗွီဒီယိုဖိုင်များထဲတွင် သင်ဇာဝင့်ကျော်က တစ်ကိုယ်လုံးပေါ်အနေအထားဖြင့် မတ်တပ်ရပ်နေခဲ့သည်။ အဆောက်အဦးတစ်ခု၏ အပေါ်ထပ် နေရောင် ကောင်းကောင်းရသည့်နေရာတွင်ဖြစ်သည်။ဘေးတွင် လိုက်ကာများကို ဆွဲဖွင့်ထားသည်။ မြင်ကွင်းက လှပပြီး သူမတစ်ကိုယ်လုံးကို အထင်းသား တွေ့ရသည်။ ခန္ဓာကိုယ်ကောက်ကြောင်းများကို အထင်းသား မြင်တွေ့စေရမည့် အနည်းငယ်ပွသော ဂါဝန်အရှည် အဖြူကြားလေးကို ဝတ်ဆင်ထားသည်။

ခန္ဓာကိုယ်ကို ဘယ်ညာ လှုပ်ပြပြီး နေရောင်ဘက်ကို မျက်နှာမူကာ ကင်မရာဘက်မှ ခန္ဓာကိုယ်နောက်ပိုင်း ကောက်ကြောင်းများအား မြင်သာအောင် နေရောင်ဖြင့် ထိုးပြခဲ့သည်။

ဝတ်ထားသော ဂါဝန်မှာ ဆက်ဆီကျလွန်းလှသည်။ သင်ဇာဝင့်ကျော်အတွက်တော့ နဂိုအမှန်အကန် ဘော်ဒီဖြစ်သဖြင့် ယခုလို ကောလာဟလများအတွက် အမှန်ကိုပြသခွင့်ပင် ရရှိသွားခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ”စကားတွေ အများကြီးမပြောချင်ဘူး” ဟု သူမက ပြတ်ပြတ်သားသား ပြောဆိုလိုက်ခြင်းဖြစ်သည်။

သင်ဇာဝင့်ကျော်က စက်တင်ဘာလ ၂ ရက်နေ့ ရှုတင်တစ်ခုအတွင်း သူမ၏ ခန္ဓာကိုယ်နောက်ပိုင်းမှနေ၍ ဓာတ်ပုံများ အရိုက်ခံရသည်။ ထို့နောက် ဓာတ်ပုံများ အွန်လိုင်းပေါ်သို့ ပြန့်နှံ့သွားပြီး တင်အတုတပ်ထားသလားဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Credit:PannPwint

No comments:

Post a Comment