Latest News

Sunday, September 3, 2017

မြန်မာနိုင်ငံနှင့်ထိစပ်နေသောနယ်စပ်အနီးသို့ တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများ ဘင်္ဂလားဒေ့ရှ်ပြောင်းရွှေ့ထား



ရန်ကုန် စက်တင်ဘာ ၃

ဘင်္ဂလားဒေ့ရှ် စစ်တပ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ပဋိ ပက္ခဖြစ်စဉ်များ ဆက်လက်ဖြစ် ပေါ်လျက်ရှိသောကြောင့် မြန်မာ နိုင်ငံနှင့်ထိစပ်လျက်ရှိသော နယ် စပ်အနီးသို့ တိုက်လေယာဉ်နှင့် စစ်သင်္ဘောများ ပြောင်းရွှေ့ထား ကြောင်း ဒါကာထရီဗျူးသတင်း ဌာနက ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက မြန်မာနယ်စပ်နှင့်နီး ကပ်သော စစ်တကောင်းသို့ လေ တပ်နှင့်ရေတပ်မှ တိုက်လေယာဉ် များနှင့်စစ်သင်္ဘောများစေလွှတ်မှု ပြုလုပ်ခဲ့ကြောင်း ပြောသည်။

 ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ဖြစ်ပွားလျက်ရှိသော ပဋိပက္ခဖြစ်စဉ်များကြောင့်နှစ်နိုင်ငံ ကြားရှိ နယ်စပ်ဒေသများတွင် မလိုလားအပ်သည့်ဖြစ်စဉ်များဖြစ် ပေါ်မလာစေရန်အတွက် သံတမန် ရေးအရ ဆွေးနွေးမှုများပြုလုပ် ခဲ့ကြောင်းလည်း သတင်းထုတ် ပြန်ထားသည်။

 ထို့အပြင် ဒါကာ မြို့ရှိ မြန်မာသံရုံးအား သြဂုတ်လ ကုန်ပိုင်းနှင့်စက်တင်ဘာ လဆန်း ပိုင်းများတွင် မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်များသည် ဘင်္ဂလား ဒေ့ရှ်ရေပိုင်နက်အတွင်းသို့ ဝင် ရောက်ပျံသန်းမှုများရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက သတိပေး ခဲ့သည်ဟုလည်း အတည်ပြုထား သည်။

 မြန်မာနိုင်ငံနှင့်ထိစပ်နေ သော နယ်စပ်ဒေသများ၌ လေ ကြောင်းကာကွယ်ရေးကိုလည်း တပ်လှန့်ထားကြောင်း သိရသည်။

NG
The Union Daily
https://www.facebook.com/uniondaily.net/

No comments:

Post a Comment