ဆိုင်ကယ် ခိုးယူသူတစ်ဦးကို ပေါင်မြို့နယ်တွင် ဖမ်းမိ
ပေါင်၊ စက်တင်ဘာ၊ ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု၊ သိုးကျကျေးရွာရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင် စက်တင်ဘာ ၂၅ရက် နံနက် ၃ နာရီခွဲချိန်ခန့်က မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ နေအိမ်အတွင်းမှ ဆိုင်ကယ် ခိုးယူ လာသည့် အမျိုးသားတစ်ဦးကို မုတ္တမနယ်မြေစခန်းမှ လှည့်ကင်းဆောင်ရွက်နေစဉ် စစ်ဆေးတွေ့ရှိဖမ်းမိခဲ့ကြောင်း သိရသည်။
"ဆိုင်ကယ်ကို မောင်းလာတာကို ကျွန်တော်တို့ကို တွေ့တော့ သူက ရပ်ပြီး ပြန်လှည့်မလို လုပ်နေတာနဲ့ မသင်္ကာလို့ ဘယ်ကလာလည်းလို့ မေးတော့ ဟိုလိုလိုဒီလိုလို ဖြေနေတော့ ဆိုင်ကယ်ကို ကြည့်လိုက်တော့ သော့လည်းမပါတဲ့ အပြင် ဆိုင်ကယ်ဇက်ကို ချိုးထားတာတွေ့တော့။ ပြန်မေးတော့ မိသားစု စီးပွားရေး အဆင်မပြေလို့ မြိုင်သာယာက ခိုးလာတယ်လို့ပြောတယ်။အဲဒါနဲ့ မနက်ကျတော့ ပိုင်ရှင်ကို အကြောင်းကြားလိုက်ပါတယ်" ဟု မုတ္တမနယ်မြေ စခန်းမှူး ရဲအုပ် အောင်မင်းကြည် ကပြောသည်။
ဆိုင်ကယ်သော့ မပါဘဲ မောင်းနှင်လာသည့် မသင်္ကာဖွယ်သူမှာ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်နေ ကို ----------------ဖြစ်ပြီး ၄င်းအား အမှုဖွင့် စစ်ဆေးအရေးယူဆောင်ရွက်နိုင်ရန်အတွက် မြိုင်သာယာ နယ်မြေ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း မုတ္တမနယ်မြေစခန်းမှ သိရသည်။
ဟံသာနွန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment