Saturday, September 2, 2017
ကိုယ်စားလှယ်နှစ်ဦးတရားဆွဲဆိုခံရမှု ဥပဒေနှင့်ညီမညီပြန်လည်စိစစ်မည်ဟုလွှတ်တော်ဥက္ကဌပြော
ကိုယ်စားလှယ်နှစ်ဦးတရားစွဲဆိုခံရမှု ဥပဒေနှင့်ညီမညီပြန်လည်စီစစ်မည်ဟုလွှတ်တော်ဥက္ကဌပြော
ညောင်တုန်းမဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကိုတရားစွဲဆိုထားသည့်အပေါ် ဥပဒေနှင့်ညီမညီ ပြန်လည် စိစစ်မည်ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင်က
စက်တင်ဘာလ(၃)ရက်နေ့ ကတိုင်းဧရာကိုပြောသည်။
“တစ်ချို့ ကတော့ တရားစွဲတာကိုရင်ဆိုပြီးမှ ပြန်ပြီးကိုယ့်ဘက်ကနေတရားစွဲရင်လည်းစွဲ ပေါ့။ ဒီလိုအကြံပေးတာလည်း ရှိတယ်။ ဒါပေမဲ့ ဒါတွေကအရေးမပါပါဘူး။ အဲ့ တော့ မနက်ဖြန်ဥပဒေချုပ်နဲ့ ပြန်တိုင်ပင်ပြီးစိစစ်ဖို့ ရှိတယ်။ ရာဇ၀တ်ကတော့ ရှင်းတယ်လေ။ တရားမမှုနဲ့ စွဲထားတာဆိုတော့ သိမ်မွေ့ တဲ့ သဘောတော့ရှိတယ်။ “ဟု ၄င်းကပြောသည်။
နစ်နာကြေးငွေ ငွေကျပ်သိန်းပေါင်းနှစ်သောင်းရလိုမှုနှင့် ညောင်တုန်းမြို့နယ်၊ မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဦးကျော်ဆန်းနှင့်ဒေါ်နီနီမိုးတို့ကို ပင်လုံရတနာ ဖွံ ဖြိုးတိုးတက်ရေးကုမ္ပဏီကတရားဆွဲဆိုထားခြင်းဖြစ်သည်။
တရားမကျင့်ထုံးဥပဒေပုဒ်မ ၈၀ အရ တရားစွဲဆိုနိုင်ရန်ပင်လုံရတနာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီဒါရိုက်တာ
ဦးမြင့်သန်းကလွှတ်တော် ဥက္ကဌထံ မေလ(၂၃)ရက်နေ့ မှာ လက်မှတ်ရေးထိုးပေးပို့ပြီးနောက်အခုလို နစ်နာကြေးရလိုမှုနဲ တိုင်းတရားလွှတ်တော်ကနေ တရားဆွဲဆိုခဲ့ ခြင်းဖြစ်သည်ဟုတရားဆွဲဆိုခြင်းခံထားရသောကိုယ်စားလှယ်များကပြောသည်။
ကုမ္ပဏီပိုင်နက်ထဲတွင် အင်းချောင်းပါဝင်နေသည့်အတွက်ငါးသံယံဇာတထုတ်လုပ်ရာတွင် ကုမ္ပဏီ နှင့်
အင်းလေလံသမားတို့အငြင်းပွားနေမှုကို အမတ်များက ဝင်ရောက်စစ်ဆေးဖြေရှင်းပေးရာမှ
ကုမ္ပဏီဘက်မှ တရားစွဲဆိုရန် စတင်ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။
“သူတို့ လုပ်တဲ့ အပေးမှာ အစ်မတို့ ကဂုဏ်ယူတယ်။ ဘာလို့ လဲဆိုတော့ ပြည်သူဘက်ကရပ်တည်တယ်ဆိုတာပေါ်သွားတယ်။ လာဘ်မစားဖူးဆိုတာပေးသွားတယ်လေ။ အစ်မတို့ ကတော့အေးအေးဆေးဆေးပဲ။
ဒါပေမဲ့ တရားရုံးကတိုက်ရိုက်စာပို့ တာကိုတော့ နဲနဲခံပျင်းတာပေါ့။”ဟု ညောင်တုန်းမဲ ဆန္ဒနယ်ကတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမိုးကပြောသည်။
ကုမ္ပဏီအနေဖြင့် လွတ်တော် ကိုယ်စားလှယ် နှစ်ဦးအပါဝင် ဌာနဆိုင်ရာ ၀န်ထမ်းသုံးဦးနှင့် လယ်သမားခေါင်းဆောင်(၂)ဦးကိုလည်းတရားဆွဲဆိုထားသည်။
မျိုးမင်းပိုင်
ကိုယ်စားလှယ်နှစ်ဦးတရားဆွဲဆိုခံရမှု ဥပဒေနှင့်ညီမညီပြန်လည်စိစစ်မည်ဟုလွှတ်တော်ဥက္ကဌပြော
Reviewed by Ar Ti
on
11:56 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment