Latest News

Sunday, September 3, 2017

ကျေးလက်နေ အမျိုးသမီးများအလုပ်အကိုင်ရရှိရေးအတွက် အခြခံ စက်ချုပ်သင်တန်းဖွင့်

ကျေးလက်နေ အမျိုးသမီးများအလုပ်အကိုင်ရရှိရေးအတွက် အခြခံ စက်ချုပ်သင်တန်းဖွင့်

ကျေးလက်နေ  အမျိုးသမီးများ အလုပ်အကိုင်အခွင့်လမ်းများရရှိရေးကို ရည်ရွယ် ၍ အခြေခံ စက်ချုပ်သင်တန်းပေါင်မြို့ နယ်က သင်တန်းသား(၂၁)ဦးကို စက်တင်ဘာလ(၂)ရက်နေ့ က ပေါင်မြို့  မိခင်ရင်သွေးကျန်းမာရေးရိပ်မြုံ ခန်းမမှာဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်းသိရသည်။

ကျေးလက်ဒေသများရှိ ပြည်သူများ ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်နှင့် မိမိတို့ တတ်ကျွမ်းသည့် အတတ်ပညာများ၊ ကိုယ်ပိုင်အလုပ်အကိုင်များဖြင့် စတင်နိုင်ရန် လက်တွေ့ကျသော ကျွမ်းကျင်မှု အတတ် ပညာများကို ရရှိစေရန် ရည်ရွယ်ကြောင်း သင်တန်းဖွင့်လှစ်သည့် တွဲလက်စီမံကိန်း မှ သင်တန်းတာဝန်ခံ မိနွန်သာ ကပြောသည်။

" ဟိုးအရင်က ဖက်ရှင်နဲ့ပတ်သက်တာတွေဆိုရင် ရန်ကုန်မြို့ကြီးတွေမှာလို ပိုက်ဆံအကုန်ခံ သင်နေကြရတယ်။ အဲလိုမျိုးတွေ မဖြစ်အောင်ပေါ့ ကျေးလက်မှာရှိတဲ့ လူငယ်လေးတွေ သူတို့စိတ်ဝင်းစားရာကို အမျိုးအစား အလိုက် သင်ကြား ပို့ချပေးမယ်။ အစပိုင်းတွေမှာဆိုရင်တော့ အခြေခံနဲ့ပတ်သက်တာတွေ အဓိက သင်ကြားပေးမှာပေါ့နော်။ နောက်ပိုင်းဆိုရင် ကိုယ်စိတ်ဝင်စားတဲ့ ဒီဇိုင်းဆန်းဆန်းပြားပြားတွေကို ထွင်ပြီးတော့ သူတို့လုပ်နိုင်ပါတယ်။ သူတို့အတွက်လည်း အခြေခံ လက်ဆုတ်လက်ကိုင် ဘ၀ရဲ့ရပ်တည်နိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်းတစ်ခုလည်း ရလာမှာပါ”ဟု ၄င်းကဆိုသည်။

သင်တန်းကာလမှာတစ်လဖြစ်ပြီး ထူးချွန်သင်တန်းသားများကို မွမ်းမံသင်တန်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။
အဆိုပါအခြေခံစက်ချုပ်နည်းသင်တန်းများကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ မြို့နယ်အပါဝင်  ကရင်ပြည်နယ်၊ တနသာင်္ရီတိုင်း ဒေသကြီးတို့တွင်လည်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသင်တန်းတာဝန်ခံထံမှ သိရသည်။

ဟံသာနွန်

No comments:

Post a Comment