နိုင်ငံ(၇)နိုင်ငံရဲ့ တောင်းဆိုမှုကြောင့် လုံခြုံရေးကောင်စီမှာ
ဆွေးနွေးတော့မယ့် ရခိုင်အရေး
ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်တဲ့အစည်းအဝေးကို စက်တင်ဘာလ(၂၈)ရက် မနက်ဖြန် လုံခြုံရေးကောင်စီမှာ
ပြုလုပ်သွားမယ်လို့ channel news asia သတင်းမှာ ဖော်ပြထားပါတယ်။
ဒီအစည်းအဝေးကျင်းပဖို့ ဆွီဒင်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီဂျစ်၊ ဆီနီဂေါနဲ့ ကာဇက်စတန် နိုင်ငံတွေက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
စက်တင်ဘာလ(၂၆)ရက် မနေ့ကလည်း ရခိုင်အရေးကို လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။
မနက်ဖြန်မှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရခိုင်အရေးကို အသေးစိတ်ရှင်းလင်းသွားမှာဖြစ်ပြီး၊ တရုတ်နဲ့ အခြား လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက မှတ်ချက်ပေးသွားမှာဖြစ်ပါတယ်။
အခုလအစောပိုင်း ကလည်း လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး တံခါးပိတ်ဆွေးနွေးပွဲပြုလုပ်ခဲ့ကာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုထားပါတယ်။
မနက်ဖြန်မှာ ပြုလုပ်မယ့် လုံခြုံရေးကောင်စီ အစည်းအဝေးဟာ အနောက်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လောက်အထိ ထောက်ခံမှုရှိတယ်ဆိုတာ တိုင်းတာမယ့် အစည်းအဝေးဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
5plus
Subscribe to:
Post Comments (Atom)
No comments:
Post a Comment