Latest News
Wednesday, September 27, 2017
အိမ်ထောင်တစ်စုလျှင် ကျွန်းပင် သုံးပင်နှင့် သစ်မာပင်အပင်နှစ်ဆယ်ကို နှစ်စဉ် အခမဲ့ ဖြန့် ဝေမည်
အိမ်ထောင်တစ်စုလျှင် ကျွန်းပင် သုံးပင်နှင့် သစ်မာပင်အပင်နှစ်ဆယ်ကို  နှစ်စဉ် အခမဲ့ ဖြန့် ဝေမည်
အိမ်ထောင်တစ်စုလျှင် ကျွန်းပင် သုံးပင်နှင့် သစ်မာပင် အပင်နှစ်ဆယ်ကို သစ်တော ဦးစီးဌာနမှ နှစ်စဉ် အခမဲ့ ဖြန့် ဝေသွားမည်ဖြစ်ကြောင်းဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးဌေးလှိုင်ကပြောသည်။
“အဓိကရည်ရွယ်ချက်တော ရာသီဥတုပြောင်းလဲမှုတွေဖြစ်ပေါ်လာတဲ့ အပေါ်မှာ လျော့ချနိုင်ဖို့ ရယ် သဘ၀ပတ်ဝန်းကျင်ကို ပြန်လည်ထိမ်းသိမ်း နိုင်ဖို့ ပေါ့ ဌာနတစ်ခုချင်းကျတော့လည်းမတတ်နိုင်တော့ ပြည်သူတွေကိုယ်တိုင်လည်း ပါဝင်ထိမ်းသိမ်း ခြင်းဖြင့် ပိုထိရောက်နိုင်တယ် ဆိုပြီး ဒါကို ဆောင်ရွက်တာပါ “ဟုဦးဌေးဝင်းကပြောသည်။
အဆိုပါလုပ်ငန်းစဉ်ကို တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်(၂၆)မြို့ နယ်တွင် စီမံချက်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်နေပြီးကျေးရွာပိုင်မြေလမ်းဘေးဝဲယာနှင့်မိမိအိမ်ခြံဝန်းအတွင်းစိုက်ပျိုးနိုင်ပြီးနှစ်စဉ်မိုးရာသီရောက်တိုင်းဖြန့် ဝေပေးလျက်ရှိကြောင်း သစ်တောဦးစီးဌာနကသိရသည်။
ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ ဖြစ်ပေါ်လာသည့်အပေါ် ကျေးလက်နေပြည်သူများကလည်း သစ်တောများကိုထိမ်းသိမ်းရန် နှင့်ထင်းမီးသွေးကိုသုံးစွဲရာတွင်လည်း လိုအပ်သောအပင်များကိုသာခုတ်ရန် နှင့် သစ်ပင်များကိုလည်း ပြန်လည်စိုက်ပျိုးရန်လိုအပ်သည် ဟုမြောင်းမြခရီုင်သစ်တောဦးစီးအရာရှိ ဦးအောင်ဇော်ထွန်းကဆိုသည်။
 “အများစုပေါ့ အိမ်တိုင်းအိမ်တိုင်းထင်းမီးသွေး သုံးစွဲနေရတယ် ပြန်တွက်ကြည့်တော့ အိမ်တစ်အိမ်ရဲ့ ထင်းသုံးစွဲမှုက တစ်နှစ်မှာနှစ်တန်ခွဲလောက်ရှိတယ်အိမ်ထောင်စုများလာတာနဲ့ အမျှ ထင်းသုံးစွဲမှုတိုးလာတယ် ဒါတွေကို ဘယ်ကရလဲဆိုပတ်ဝန်းကျင်ကတောတွေကခုတ်တယ် သစ်ခိုးထုတ်တာတွေရှိတယ် ဒီကနေစပြီး တောတွေပြုန်းလာတယ် သဘာဝပတ်ဝန်းကျင်ပျက်စီးတာပေါ့ ဒါကိုဘယ်လိုထိမ်းသိမ်းမလဲဆိုရင် ခုတ်သင့်တဲ့ အပင်ကိုပဲထင်းခုတ်သုံးပြီးမခုတ်သင့်တာတွေကိုတော့ နောင်လာနောင်သားတွေအတွက် ချန်ထားရပါမယ် သစ်ပင်တွေပြန်စိုက်ရပါမယ် “ဟု ၄င်းကပြောသည်။
သစ်တောများပြန်းတီးလာခြင်းသည် ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသည့်အကြောင်းအရင်းများတွင် တစ်ခု ပါဝင်နေခြင်းကြောင့် ဒေသခံများအနေဖြင့် ရှိနေသော သစ်တော သစ်ပင်များကို ထိမ်းသိမ်းရန်လိုအပ်သည် ဟု လည်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင်ဦးထွန်းလွင်ကပြောသည်။
 ရာသီဥတဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်တွေသည်  ဖန်လုံအိမ်အာနိသင်ကိုဖြစ်စေသော ကျောက်ဖြစ်ရုပ်ကျွင်း လောင်စာများလောင်ကျွမ်းစေခြင်းကြောင့် ထွက်ရှိလာသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓတ်ငွေများသည် ကမ္ဘာ့လေထုသို့ရောက်ရှိသွားသည်။
အကျိုးဆက်မှာ ဖန်လုံအိမ်GHG အာနိသင်ဖြစ်ပေါ်  ရာ နေမှ ထုတ်လွတ်သောရောင်ခြည်များတွင် ပိတ်မိလျှက်ရှိကာ ကမ္ဘာမြေကြီးပူနွေးလာပြီးကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ် သမုဒ္ဒရာနှင့် ကမ္ဘာလေထုတို့ ကို ပူနွေးစေပြီးဖြစ်ပေါ်လာခြင်းဖြစ်သည်။
 သစ်တောများသည် ကမ္ဘ့လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ဓတ်ငွေ များအား အမြောက်အမြားစုတ်ယူနိင်သည် ။
မျိုးမင်းပိုင်
No comments:
Post a Comment