Latest News

Tuesday, September 26, 2017

စင်ကာပူနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတ ဟာလီမာယာကွတ်

စင်ကာပူနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတ ဟာလီမာယာကွတ်

ဟာလီမာယာကွတ်သည် စင်ကာပူနိုင်ငံ၏ နိုင်ငံရေးသမားဖြစ်ပြီး လက်ရှိသမ္မတလည်း ဖြစ်သည်။ စင်ကာပူနိုင်ငံ၏ အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) အဖွဲ့ ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၃ ဇန်နဝါရီ မှ ၂၀၁၇ သြဂုတ်အထိ စင်ကာပူပါလီမန်၏ ကိုးဦးမြောက် ပါလီမန်ဥက္ကဋ္ဌဖြစ်ခဲ့သည်။

ဟာလီမာကို ၁၉၅၄ သြဂုတ် ၂၃ ရက်တွင် စင်ကာပူ၌ မွေးဖွားခဲ့ပြီး အိန္ဒိယမျိုးနွယ်ဖခင်နှင့် မလေးမျိုးနွယ်မိခင်မှ ဆင်းသက်လာ သည်။ ဟာလီမာ (၈)နှစ်သမီး အရွယ်တွင် ဖခင်ကွယ်လွန်ခဲ့ပြီး မိခင်၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်း ခဲ့သည်။

စင်ကာပူ-တရုတ် မိန်းက လေးများကျောင်းနှင့် အစိုးရ မိန်း ကလေးကျောင်း၌ အထက်တန်း ပညာသင်ယူခဲ့သော ဟာလီမာ သည် စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှ ဥပဒေအထူးပြုဂုဏ်ထူးဖြင့် ၁၉၇၈ တွင် ဘွဲ့ရရှိခဲ့သည်။ ၁၉၈၁ တွင် စင်ကာပူ ရှေ့နေအဖွဲ့ဝင်ဖြစ်လာပြီး အမျိုး သားတက္ကသိုလ်၌ ဥပဒေမဟာဘွဲ့ရခဲ့သည်။ ၂၀၁၆ တွင် NUS ကဂုဏ်ထူးဆောင်ဥပဒေ ဒေါက်တာ ဘွဲ့ချီးမြှင့်ခဲ့သည်။

မစ္စစ်ဟာလီမာသည် အမျိုး သားအလုပ်သမားသမဂ္ဂ ကွန်ဂ ရက်တွင် ဥပဒေအရာရှိအဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၉၂ တွင် ယင်းအဖွဲ့ ဥပဒေဌာန ဒါရိုက်တာဖြစ်လာ သည်။ ၁၉၉၉ တွင် စင်ကာပူ အ လုပ်သမားရေးရာ လေ့လာမှုများ အင်စတီကျုဒ်၏ ဒါရိုက်တာအ ဖြစ် ခန့်အပ်ခံရသည်။

မစ္စစ်ဟာလီမာသည် ၂၀၀၁ တွင် နိုင်ငံရေးလောကသို့ ဝင် ရောက်ခဲ့ပြီး ဂျိုရုန်းအုပ်စုကိုယ်စား ပြု မဲဆန္ဒနယ်မှ လွှတ်တော်အမတ် အဖြစ် ရွေးကောက်တင်မြှောက် ခံရသည်။ ၂၀၁၁ ရွေးကောက်ပွဲ အပြီးတွင် လူ့အဖွဲ့အစည်းဖွံ့ဖြိုး တိုးတက်ရေး လူငယ်နှင့် အားက စားဝန်ကြီးဌာနတွင် နိုင်ငံတော်ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ၂၀၁၂ ဝန်ကြီးအဖွဲ့ အပြောင်းအ လဲတွင် လူမှုရေးနှင့် မိသားစုဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန၏ နိုင်ငံ တော်ဝန်ကြီးဖြစ်လာသည်။ ဂျိုရုန်းမြို့နယ် ကောင်စီဥက္ကဋ္ဌအဖြစ် လည်း တာဝန်ယူခဲ့သည်။

၂၀၁၅ ဇန်နဝါရီတွင် မစ္စစ် ဟာလီမာသည် အာဏာရ PAP ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၌ ပါဝင်လာသည်။

၂၀၁၃ ဇန်နဝါရီ ၈ ရက်တွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း က မစ္စစ်ဟာလီမာယာကွတ်ကို ပါလီမန်ဥက္ကဋ္ဌနေရာ အမည်စာရင်းတင်သွင်းပြီး ဇန်နဝါရီ ၁၄ ရက်တွင် ပါလီမန်ဥက္ကဋ္ဌအဖြစ် ရွေး ကောက်တင်မြှောက်ခံရကာ စင်ကာပူသမိုင်းတွင် ယင်းရာထူးကို ရရှိသော ပထမဆုံးအမျိုးသမီးဖြစ်သည်။

မစ္စစ်ဟာမီလာသည် အလုပ် သမားအဖွဲ့အစည်းအများအပြား တွင် ပါဝင်ထမ်းဆောင်ခဲ့ပြီး ဂျီနီ ဗာမြို့ နိုင်ငံတကာအလုပ်သမား ကွန်ဖရန့်တွင်လည်း အရေးပါ သော တာဝန်များ ထမ်းဆောင်ခဲ့သည်။

၂၀၁၇ သြဂုတ် ၆ ရက်တွင် စင်ကာပူသမ္မတရွေးကောက်ပွဲဝင် ရန် ပါလီမန်ဥက္ကဋ္ဌနှင့် ၎င်း၏ အ မတ်နေရာမှ နုတ်ထွက်ကြောင်း မစ္စစ်ဟာလီမာက ကြေညာခဲ့ သည်။ သမ္မတရွေးကောက်ပွဲတွင် အခြားအမည်စာရင်း တင်သွင်းသူများက သတ်မှတ်ချက်များနှင့် မကိုက်ညီခဲ့သောကြောင့် စက် တင်ဘာ ၁၃ ရက်တွင် မစ္စစ်ဟာ လီမာသည် စင်ကာပူ၏ ရွေး ကောက်ခံသမ္မတအဖြစ် ကြေညာ ခံရသည်။ နောက်တစ်နေ့တွင် စင်ကာပူ၏ ရှစ်ဦးမြောက် သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

သမ္မတအိမ်တော်တွင် မနေ ဘဲ အစိုးရတိုက်ခန်းကျယ်၌ ဆက်လက်နေထိုင်နေသော သမ္မတ ဟာလီမာသည် ခင်ပွန်းသည် မိုဟာမက်အဗ္ဗဒူလာနှင့် သားသမီး ငါးဦး ထွန်းကားခဲ့သည်။

—Ref: Wikipedia

7Day News

No comments:

Post a Comment