Latest News

Saturday, September 23, 2017

သဘာဝဘေးဖြစ်ပေါ်ပါက အရေးပေါ်ရွှေ့ပြောင်းပေးနိုင်ရန် ဇက်ရေယာဉ်တစ်စီး မကွေးတိုင်းအစိုးရ တည်ဆောက်မည်

သဘာဝဘေးဖြစ်ပေါ်ပါက အရေးပေါ်ရွှေ့ပြောင်းပေးနိုင်ရန် ဇက်ရေယာဉ်တစ်စီး မကွေးတိုင်းအစိုးရ တည်ဆောက်မည်

 မကွေးတိုင်းဒေသကြီး အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ပြည်သူများနှင့် တိရစ္ဆာန်များ အရေးပေါ်ရွှေ့ ပြောင်းပေးနိုင်ရန် တိုင်းအစိုးရ ပိုင် ဇက်ရေယာဉ် တစ်စီးတည် ဆောက်မည်ဖြစ်ကြောင်း တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။

‘‘လူကယ်ပြန်က အသက် ကယ်လှေတွေပေးထားတာရှိ တယ်။ ဒါပေမဲ့ သဘာဝဘေးအန္တ ရာယ်ဖြစ်ပေါ်လာတဲ့အခါမှာ လူ တင်မကဘူး။ မွေးမြူထားတဲ့ တိရစ္ဆာန်တွေလည်း ဘေးလွတ် ရာကို အချိန်နဲ့တစ်ပြေးညီ ရွှေ့ ပြောင်းပေးဖို့လိုတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ တိုင်းအစိုးရအစည်းအ ဝေးမှာ ဝန်ကြီးချုပ်က လမ်းညွှန် ချက်နဲ့ တိရစ္ဆာန်တွေပါ သယ်ယူ တင်ဆောင်ပေးနိုင်တဲ့ ဇက်ရေ ယာဉ်တစ်စီး တည်ဆောက်ဖို့ ဆောင်ရွက်တာ ဖြစ်တယ်’’ဟု မကွေးတိုင်းဒေသကြီး အစိုးရအ ဖွဲ့ဝင် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီး ဦးနေမျိုးကျော်က ပြောကြား သည်။

ဇက်ရေယာဉ်သည် အလျားပေ ၂၀၀ ခန့်နှင့် အနံပေ ၅၀ ခန့်ရှည်လျားသော စက်တပ်ရေယာဉ်အမျိုးအစားဖြစ်ပြီး မော်တော် ကားများမှအစ တင်ဆောင်သွား လာနိုင်သော ရေယာဉ်အမျိုးအ စားဖြစ်သည်။

အဆိုပါ ဇက်ရေယာဉ်တည် ဆောက်ရန် လက်ရှိတွင် တပ် မတော်ရေယာဉ် တည်ဆောက် ရေးဌာနကို ပုံစံရေးဆွဲပေးရန် အကူအညီတောင်းခံထားပြီး ခန့်မှန်းကျပ်သိန်း ၁,၅၀၀ သုံးစွဲရန် လျာထားကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လာမည့် မိုးရာသီ အရေး ပေါ်အခြေအနေဖြစ်ပေါ်လာပါက သုံးစွဲနိုင်ရန် လျာထားတည် ဆောက်မည်ဖြစ်ပြီး တိုင်းအစိုးရ အဖွဲ့ ရန်ပုံငွေတစ်ရပ်ဖြင့် တည် ဆောက်မည်ဖြစ်ကြောင်း ဦးနေမျိုးကျော်က ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်အတွင်း က ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ရေကြီးခြင်း စသောသဘာဝဘေး အန္တရာယ်ဖြစ်ပွားလာပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ချထားပေး သော ဖိုက်ဘာလှေ အစီး ၂၀ နှင့်အသက်ကယ်အင်္ကျီ အထည် ၁၀၀ ရရှိပြီး ဧရာဝတီမြစ် ဖြတ်သန်းသွားလာရာ ခရိုင်လေးခုသို့ ခွဲဝေချထားပေးခဲ့ကြောင်း ၎င်းကပြောသည်။

မကွေးတိုင်း မင်းဘူးခရိုင်၊ ပခုက္ကူခရိုင်၊ သရက်ခရိုင်နှင့် မကွေးခရိုင်တို့တွင် ခရိုင်တစ်ခု လျှင် အသက်ကယ်လှေငါးစီးစီ ဖြန့်ဝေပေးထားပြီး ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီများအနေဖြင့် ပြည်သူ လူထုဘေးအန္တရာယ်များ ဖြစ်ပေါ် လာပါက အရေးပေါ်ကူညီမှုပေး အပ်နိုင်ရန် ထားရှိခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

7Day News

No comments:

Post a Comment