Latest News

Saturday, September 23, 2017

ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် လူဦးရေ လျင်မြန်စွာတိုးပွားလာမှုကို ဘင်္ဂလားဒေ့ရှ် စိုးရိမ်နေ

ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် လူဦးရေ လျင်မြန်စွာတိုးပွားလာမှုကို ဘင်္ဂလားဒေ့ရှ် စိုးရိမ်နေ

 လူဦးရေပြည့်ကျပ် နေသော ဘင်္ဂါလီစခန်းများတွင် သားဆက်ခြားစီမံကိန်းကို ဘင်္ဂ လားဒေ့ရှ်အစိုးရက လုပ်ဆောင် နေပြီဟု တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၉ ရက်၌ ပြော ကြားသည်။

ဒုက္ခသည်စခန်းများသည် ဩဂုတ် ၂၅ ရက်က စပြီးရောက်လာသော ဘင်္ဂါလီ ၄၂၀,၀၀၀ ဖြင့် ပြည့်ကျပ်နေသည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြ သည်။

မြန်မာနိုင်ငံမှ ထွက်ပြေး လာသူများတွင် ကလေးအမေနှင့် ကိုယ်ဝန်ဆောင်မိန်းမ ၇၀,၀၀၀ ခန့် ပါနေကြောင်း အာဏာပိုင် များက စိစစ်တွေရှိခဲ့သည်ဟုဆို သည်။

ထို့ကြောင့် လူဦးရေထိန်း ချုပ်မှုကို မဆောင်ရွက်ပါလျှင် အကျပ်အတည်း ရှည်ကြာနေသရွေ့ လာမည့်လများအတွင်းပိုမိုဆိုးလာမည်ကို စိုးရိမ်နေသည်။

‘‘သူတို့မှာ ကလေးတွေက ခြောက်ယောက်၊ ခုနစ်ယောက်၊ ရှစ်ယောက်၊ ကိုးယောက်၊ ဆယ် ယောက်တွေတောင်ရှိတာ။ ကျွန် တော်တို့ အရမ်းစိတ်ပူနေတယ်။ သူတို့သာ ဒီမှာနောက်ထပ်ခြောက် လ၊ တစ်နှစ်လောက်နေမယ်ဆိုရင် နောက်ထပ် ကလေးနှစ်သောင်း မွေးလာလိမ့်မယ်’’ဟု ကော့ဘဇားခရိုင် သားဆက်ခြားစီမံကိန်းအကြီးအကဲ ပင်တူကန်တီဘာ တာချာဂျေးက ပြော၏။

မွေးခါစကလေးများ၊ ကိုယ် ၀န်သည်များနှင့် ကလေးဆယ်ဦးကျော်ရှိသော မိသားစုများသည် ဒုက္ခသည်စခန်းများတွင် အထူး အဆန်း မဟုတ်တော့ပေ။

နယ်စပ်ကိုကျော်ပြီး ပြေးလာသော ထောင်သောင်းချီသော ဒုက္ခသည် အသစ်များအတွက် ဘင်္ဂလားဒေ့ရှ်က ကြီးမားသောစခန်းသစ်များကို တည်ဆောက် နေသည်။

 သို့သော် နေရာအလွန် ကျပ်လှသည်။

 ကွင်းဆင်းဆောင်ရွက်နေ သော တာဝန်ရှိသူများသည် အ သစ်ရောက်လာသူ ဘင်္ဂါလီများကို သားဆက်ခြားရေးအကြံပေးမှုများ ပြုလုပ်နေပြီး မလိုချင်ဘဲ ကိုယ်ဝန်ရခြင်းကို ကာကွယ်တား ဆီးရန် ကြိုးပမ်းနေကြသည်ဟု ဘာတာချာဂျေးကဆိုသည်။ သူ တို့က ကွန်ဒုံးများကို အမျိုးသမီး ရော အမျိုးသားများပါ ဖြန့်ဝေရာ တွင် ရလဒ်အမျိုးမျိုး ရခဲ့သည်ဟု သိရသည်။

ယွခ်အီယာမှ ဒုက္ခသည် စခန်းတစ်ခုရှိ အသက်(၂၅)နှစ် အရွယ် ဘင်္ဂါလီအမျိုးသား မူဂျူ ဘာရာဟာမန်က စာရွက်များနှင့် ဝေသော ကွန်ဒုံးနှင့် တားဆေးများကို ဖွင့်ကြည့်ခဲ့ပြီး ‘‘ဒါတွေက ကျွန်တော်တို့ကို ကူညီပေးမှာပါ’’ ဟု အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။

သို့သော် တခြားလူတွေက တော့ မသေချာလှ။

‘‘ကျွန်တော်က ဒါကို အစား အစာထုပ်လို့ ထင်ထားတာ။ က လေးမွေးတယ်ဆိုတာက ကျွန် တော်တို့ရဲ့ ဘာသာရေးတာဝန်ပဲ။ ဒီဆေးတွေသုံးပြီး ကလေးမမွေး အောင် လုပ်မယ်ဆိုရင် အပြစ်ကျ လိမ့်မယ်။ ကျွန်တော့်မိသားစုက တော့ ဒါကိုသုံးမယ်မထင်ဘူး’’ဟု အသက်(၄၀)အရွယ် မိန်းမနှစ်ဦးနှင့် ကလေး ၁၄ ဦးရှိ ဘင်္ဂါလီ အမျိုးသား မိုဟာမက်မိုစတာဖစ်စ်က ပြောကြားသည်။

 အကြီးဆုံးဒုက္ခသည်စခန်း ကူသွပ်ပလွန်တွင် လမ်းပေါ်မှာ ထိုင်နေသူများနှင့် တရားမ၀င် နေရာယူထားမှုများကို ရဲများက အင်္ဂါနေ့၌ ရှင်းလင်းခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်များကို သတ်မှတ်ထားသော နေရာများအတွင်း တစုတစည်းတည်းရှိနေစေရန် ကြိုးစားနေသည်။

သူတို့အနေဖြင့် မထိန်းချုပ် နိုင်ပါက ဒုက္ခသည်များအနေဖြင့် အနီးအနားရှိ မြို့များကို ဒုက္ခပေးလာမှာကို စိုးရိမ်ကြောက်ရွံ့ နေကြသည်။


7Day News

No comments:

Post a Comment