Latest News

Saturday, September 23, 2017

တပ်မတော်နှင့် ကေအိုင်အေတိုက်ပွဲဖြစ်၍ မြစ်ကြီးနား-တနိုင်း လမ်းတစ်နာရီကျော် ပိတ်ဆို့မှုဖြစ်

တပ်မတော်နှင့် ကေအိုင်အေတိုက်ပွဲဖြစ်၍ မြစ်ကြီးနား-တနိုင်း လမ်းတစ်နာရီကျော် ပိတ်ဆို့မှုဖြစ်

တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တို့ စက်တင်ဘာ ၂၂ ရက်က တနိုင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မြစ်ကြီးနား-တနိုင်း လမ်းတွင် ခရီးသည်ယာဉ်များ တစ်နာရီကျော်ကြာ ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

တပ်မတော်စစ်ကြောင်းနှင့် KIA တို့ စက်တင်ဘာ ၂၂ ရက် နေ့လယ်တွင် တနိုင်းမြို့နယ် တိမ် ကောက်ကျေးရွာအနီး၌ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် မြစ်ကြီးနား- တနိုင်းလမ်းမပေါ်တွင် ဖြတ်သန်းနေသည့်ယာဉ်များ တစ်နာရီကျော် ကြာစောင့်ဆိုင်းခဲ့ရသည်။

‘‘ဖြစ်တာက တိမ်ကောက်အ ဝင်နားမှာ။ ဘောက်ဆွဲ (လက် နက်) သံတောင် ကြားတယ်။ အ ရမ်းနီးတော့ ဒက် ဒက် ဒက် ဒက်နဲ့။ကြောက်ပြီးတော့ ပြန်လှည့်လာ တာ’’ဟု တိုက်ပွဲ ဖြစ်ပွားမှုကြောင့် မြစ်ကြီးနားဘက်သို့ ပြန်လှည့်လာ သည့် ကုန်တင်ယာဉ်မောင်း တစ် ဦးက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားမှုကြောင့် တိမ်ကောက်ရွာနှင့် နှစ်မိုင်ခန့်အ ကွာတွင် ခရီးသည်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် အိမ်စီးကားများ တစ်နာရီကျော်ကြာ ရပ်တန့်စောင့်ဆိုင်းခဲ့ရပြီး တိုက်ပွဲပြီးချိန်ကို ခန့်မှန်း၍ ယာဉ်တန်းစုဖွဲ့ကာ တနိုင်းမြို့သို့  ဆက်လက်ထွက်ခွာခဲ့ရသည်။ အလားတူ တနိုင်းမှ မြစ်ကြီး နားသို့ သွားမည့်ယာဉ်များလည်း တိုက်ပွဲရပ်တန့်ချိန်မှသာ ဆက်လက်ခရီးနှင်နိုင်သည်။

တိုက်ပွဲဖြစ်ပွားရာ နေရာအ နီး လမ်းမပေါ်တွင် တွေ့ရသည့် တပ်မတော်သားတစ်ဦးက ‘‘အခု ပြီးသွားပြီ။ ပစ်ရှင်းရှင်းတာ။ သွား လို့ရပြီ’’ ဟု စက်တင်ဘာ ၂၂ ရက်နေ့လယ်က ပြောသည်။

ကေအိုင်အို နည်းပညာအ ကြံပေးအဖွဲ့ (TAT) ပြောရေးဆို ခွင့်ရှိသူ ဦးဒေါင်ခါးကမူ ယခုဖြစ် စဉ်နှင့်ပတ်သက်၍ ‘‘တိုက်ပွဲသ တင်းတွေ သီးခြားစုဆောင်းထား တာမရှိဘူး။ အခုက ပုံမှန်ဖြစ်နေ တယ်ဆိုတော့ ပုံမှန်အခြေအနေ လိုပဲ။ အင်အား အလုံးအရင်းနဲ့ လှုပ်ရှားမှု မရှိရင်တော့ သီးခြားစု ထားတာတော့ မရှိဘူး’’ ဟု ပြော သည်။

တပ်မတော်နှင့် ကေအိုင်အေတို့သည် တနိုင်းဒေသတွင် ယခုနှစ်ဇွန်လကစ၍ တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။

7Day News

No comments:

Post a Comment