ဗုဒ္ဓဘာသာသည် ဒေါသဘာသာမဟုတ် အစွန်းရောက်မှုကို လက်ခံသည့် ဘာသာတရားမဟုတ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
သံဃာအချို့ပါဝင်သည့် အစွန်းရောက်သည့် ဗုဒ္ဓဘာသာဝင်များ၏ လှုပ်ရှား မှုများနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာသည် ဒေါသဘာသာ မဟုတ် ကြောင်း၊ ဗုဒ္ဓဘာသာသည် အစွန်းရောက်မှုကို လက်ခံသည့် ဘာသာ တရား မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် RFA သတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းမှုတွင် “သံဃာတချို့ အပါအ၀င် အစွန်းရောက်သည့် ဗုဒ္ဓဘာသာဝင်များ၏ လှုပ်ရှားမှုများ”နှင့် ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
“အမုန်းတရားဟာ ဘယ်တော့မှ မကောင်းဘူး။ အမုန်းတရားကို အားပေး တာဟာ ဗုဒ္ဓဘာသာအမည်ခံပြီး အားပေးတယ်ဆိုရင် ဒါကတော့ မြတ်စွာ ဘုရားရဲ့ တရားတော်နဲ့အင်မတန် ဆန့်ကျင်တာပဲ။ မြတ်စွာဘုရားက ဘယ်တုန်းကမှ အမုန်းတရားကို အားပေးခဲ့တာ မဟုတ်ဘူး။ တရားတော် ထဲမှာလည်း ပါပြီးသားပဲ။ ဒေါသကို မေတ္တာဖြင့် အောင်နိုင်ရာ၏ဆိုတော့ ဗုဒ္ဓဘာသာဟာ ဒေါသဘာသာ မဟုတ်ပါဘူး။ ဒီအစွန်းရောက် ဆိုတာ ဘယ်အစွန်းရောက်မှ မကောင်းဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အစွန်းရောက်တာ။ ဗုဒ္ဓဘာသာသည် ဘယ်အစွန်းရောက်မှုကိုမှ လက်ခံတဲ့ ဘာသာတရား မဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
The Ladies News
Wednesday, September 20, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment