Latest News

Wednesday, September 20, 2017

လူမျိုးတုံး သတ်ဖြတ်ခံရသူများမှာ မိမိတို့ တိုင်းရင်းသားများသာဖြစ်

လူမျိုးတုံး သတ်ဖြတ်ခံရသူများမှာ မိမိတို့ တိုင်းရင်းသားများသာဖြစ်

နေပြည်တော်၊ စက်တင်ဘာ-၁၉

ရခိုင်ဒေသ အကြမ်းဖက်မှုဖြစ်စဉ်တွင် လူမျိုးတုံး သတ်ဖြတ်ခံရသူများမှာ မိမိတို့ တိုင်းရင်းသားများသာဖြစ်ပြီး မွတ်စလင်အသိုင်းအ၀ိုင်း၏ မီဒီယာအား ကောင်းခြင်း၊ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ ဇာတ်လမ်းဆင်လုပ်ကြံ မှုများကြောင့် ကမ္ဘာ့အသိုင်းအ၀ိုင်းမှ ပြောင်းပြန်မြင်နေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောဆိုသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် စက်တင် ဘာ ၁၉ ရက်က ပြုလုပ်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နိုင်ငံအခြေပြမိန့်ခွန်းပြောကြားပွဲသို့ တက်ရောက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက မီဒီယာများသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

‘ကျွန်တော်တို့ နိုင်ငံရဲ့ မီဒီယာထိုးဖောက်နိုင်တာ အားနည်းပါတယ်။ အဲဒီတော့ မွတ်စလင် အသိုင်းအ၀ိုင်းဘက်ကကျတော့ ကမ္ဘာမှာ မီဒီယာအားကောင်းပါတယ်။ အားကောင်းတဲ့အခါကျတော့ သူတို့ ပြောတာက ပိုပြီးတော့ ပေါက်ပါတယ်။ ပြောရရင် ARSA က ဇာတ်လမ်းဆင်တာပေါ့။ ဇာတ်လမ်းဆင်ပြီးတော့ သူတို့က စလည်းလုပ်တယ်။ သူတို့ကလည်း ထွက်ပြေးတယ်။ ပြီးတော့သူတို့က ပြောတဲ့အခါကျတော့ သူတို့စကားပေါက်တဲ့ အခါကျတော့ ကမ္ဘာက ဘယ်လိုထင်လဲဆိုတော့ သူတို့ အပေါ်မှာ သနားတယ်။
သူတို့သတ်ဖြတ်သွားတဲ့ မြို့တွေ၊ ဒိုင်းနက်တွေ၊ ရခိုင်တွေ၊ တကယ်အသတ်ခံရတဲ့သူတို့တွေကျတော့ မသိဘူးပေါ့’ ဟု ကာကွယ်ရေးဝန်ကြီးက ပြောဆိုသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် မောင်တောဒေသတွင် မွတ်စလင်ရွာများ ကျန်ရှိနေပြီး အဆိုပါ ရွာများအား ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ၀န်ကြီးက ဆက်လက်ပြောဆိုသည်။

ထို့ပြင် အိမ်နီးချင်း တရုတ်နိုင်ငံသာမက မိမိတို့၏ လုပ်ဆောင်ချက် မှန်ကန်သည့်အတွက် သိရှိနားလည်သည့် နိုင်ငံများမှာ မြန်မာနိုင်ငံ အစိုးရနှင့် တပ်မတော်ဘက်တွင်ရှိနေပြီး စစ်ဆင်ရေး ပြုလုပ်ရာတွင်လည်း အင်အားသုံး နှိမ်နင်းခြင်းမျိုးမဟုတ်ဘဲ လိုအပ်သည့် အင်အားဖြင့်သာ ထိန်းသိမ်းလုပ်ဆောင်နေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက မီဒီယာများသို့ ပြန်လည်ဖြေကြားသည်။

ကိုသာဗျော(စံတော်ချိန်)

No comments:

Post a Comment