Latest News

Wednesday, September 13, 2017

စာသင်ကျောင်းတွေမှာ ဘာသာရေးပဋိပက္ခဖြစ်စေနိင်တဲ့ စကားလုံးတွေ မသုံးစွဲဖို့ အစိုးရညွန်ကြား

စာသင်ကျောင်းတွေမှာ ဘာသာရေးပဋိပက္ခဖြစ်စေနိင်တဲ့ စကားလုံးတွေ မသုံးစွဲဖို့ အစိုးရညွန်ကြား

ဆရာ ဆရာမများအနေဖြင့် စာသင်ကျောင်းတွေမှာ ဘာသာရေး ပဋိပက္ခဖြစ်စေနိုင်သော စကာလုံး အသုံးအနှန်း တွေ မသုံးစွဲဖို့  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးဝန်ကြီး ဌာနက ညွန်ကြားလိုက်သည်။

"Facebook ပေါ်မှာဖြစ်နေတဲ့လောကဟာလတွေ လူမျိုးဘာသာရေးပဋိပက္ခဆိုတဲ့စကားရပ်တွေကို ဆရာဆရာမတွေအနေနဲ့စာသင်ကျောင်းအတွင်းမသုံးနှုန်းစေခြင်ပါဘူးဒါကြောင့်လည်းညွှန်ကြားချက်ထုတ်တားကတာပါ ကလေးတွေကငယ်သေးတော့စာသင်ကြားရေးအပိုင်းကိုပဲ အာရုံဆိုက်စေခြင်ပါတယ် အခုဖြစ်နေတာလည်း ဘာသာရေးပါ လူမျိုးရေးမဟုတ်ပါဘူး ဒါကိုလည်းကလေးတွေကွဲပြားသိစေခြင်ပါတယ်ဟု"လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးကပြောသည်။

အစိုးရအဖွဲ့ က ပညာရေးဌာနမှတာဝန်ရှိသူများဖြစ်သည့် တိုင်းခရိုင် မြို့ နယ် ပညာရေးမှူး များအား အဆင့်ဆင့်ညွန်ကြားထားပြီးဖြစ်သည်ဟုလည်း၎င်းကဆိုသည်။

တိုင်းဧရာက လိုက်လံတွေ့ ဆုံခဲ့ သည့် ဆရာ ဆရာမအများစုကတော့ ၄င်းတို့ အနေဖြင့် သင်ကြားရေးကိုသာ ဂရုစိုက်ပြီး တစ်ခြားပြင်ပအကြောင်းအရာများကို  ပြောဆိုကြခြင်းမရှိကြောင်းတုန့် ပြန်ပြောဆိုသည်။

ရခိုင်တွင် အစွန်းရောက်အကြမ်းဖက်သူများပဋိပက္ခစတင်ဖြစ်ပွားပြီးနောက်ပိုင်း လူမှုကွန်ယက် Face bookစာမျက်နှာပေါ်တွင် ကောလဟာလများပျံ့ နှံ့ ခဲ့ ပြီး ကျောင်းသားမိဘများက စာသင်ကျောင်းသို့  မလွတ်တော့ သည့်အခြေနေများလည်းရှိခဲ့ သည်။
ထက်ဝဠာမင်း


Photo // အာဇာနည်နေ့ အခမ်းအနားတွင် လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးနှင့်အတူ အမှတ်တရာဓတ်ပုံရိုက်ကူးနေသည့် ဆရာမ များကို တွေ့ ရစဉ်  /

No comments:

Post a Comment