Latest News

Thursday, September 7, 2017

ရဲစခန်းအချပ်ဖော်ပြေးသူ (၇) ၊ဦးပြန်လည် ဖမ်းမိ (၃)ဦး လွတ်မြောက်နေဆဲ


မော်လမြိုင်ကျွန်း မြို့ နယ် မော်ကျွန်း မြို့ မ ရဲစခန်းမှ အချုပ်ခန်းကြမ်းပြင်ကို ဖော်ကာထွက်ပြေးသွားသော တရားခံဟုယူဆရသူ (၁၀)ဦးထဲမှာ ခုနစ်ဦးပြန်လည်ဖမ်းမိထားပြီး သုံးဦးမှာလွတ်မြောက်နေဆဲဖြစ်သည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှဦးစီးပထမတန်း အရာရှိ ဒုရဲမှူးကြီးခင်မောင်လတ်ကပြောသည်။
သြဂုတ်လ၂၅ရက်နေ့ နံနက်၃နာရီခန့်တွင် ထွက်ပြေးလွတ်မြောက်ခဲ့ ခြင်းဖြစ်ပြီး စက်တင်ဘာလ(၇)ရက်နေ့ အထိ ပြန်လည် ဖမ်းဆီးရရှိမှုအခြေနေဖြစ်သည်။

"တရားခံတွေအချုပ်ဖောက်ပြေးတဲ့နေ့ကစပြီး မော်ကျွန်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ဘိုကလေး ကျိုက်လတ် ဖျာပုံ မအူပင် ဝါးခယ်မမြို့ များရဲ့ မြို့ဝင်မြို့ထွက်ဂိတ်တွေကိုတင်းတင်းကြပ်ကြပ် စစ်ဆေးတယ် နောက်ရေကြောင်းလမ်းကထွက်ပြေးတယ်လို့ ယူဆပြီး စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့လို့ဒီလောက်ပြန်မိတာပါ"ဟု ဒုရဲမှူးကြီး ခင်မောင်လတ်ကပြောသည်။

ထွက်ပြေးလွတ်မြောက်ခဲ့ သူ ဆယ်ဦးတွင် ခိုးမှုဖြင့်  (၄)ဦး ၊တစ်လင်တစ်မယား ဥပဒေဖြင့် (၂)ဦးနှင့် ကျန် (၆)ဦးမှာ အမှုသေးများဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူများဖြစ်ပြီး ပြန်လည် ဖမ်းဆီးရမိသူများမှာ  ကြည်စိုး  ၊ သန်းထွန်း ၊ဖြိုးအောင် ၊အောင်ဆန်းဦး ၊ စိုးပိုင် ၊ ဌေးဝင်း နှင့်ဌေးတို့ ဖြစ်ပြီးလွတ်မြောက်နေသူများမှာ ထွန်းထွန်းဝင်း  ၊မျိုးလွင် နှင့်ကိုမျိုးတို့ဖြစ်ကြောင်းရဲတပ်ဖွဲ့ ကသတင်းထုတ်ပြန်သည်။

ယင်းကဲ့ သို အချုပ်ခန်းဖောက်ထွက် ပြေးလွတ်မြောက်မှုကြောင့်  တာဝန်ကျရဲဝန်ထမ်း များကိုလည်း ရဲစည်းကမ်းအရ အရေးယူမှုများပြုလုပ်ထားသည်။
အချုပ်ခန်းဖောက်ပြေးသည့် နေ့ တွင် မော်လမြိုင်ကျွန်းမှ စက်လှေတစ်စီး ပျောက်ဆုံးခဲ့ ရာ ရဲတပ်ဖွဲ့ အနေဖြင့် သံသယ ဖြစ်ဖွယ်ရှိနေသော်လည်း လက်ရှိ သူခုနစ်ဦး ပြန်လည်ဖော်ထုတ်ဖမ်းဆီးမိထားသည့်တိုင်စက်လှေအား ပြန်လည်ဖော်ထုတ်ရှာဖွယ်နိုင်ခြင်းမရှိသေးပေ။

၂၀၁၆ ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့ က  မြောင်းမြခရီုင် အိမ်မဲ အချုပ်ခန်းမှ အချုပ်သား (၃)ဦး သံတိုင်ကိုဖြတ်၍ ထွက်ပြေးလွတ်မြောက်ခဲ့ ဘူးသော်လည်း စက်တင်ဘာ(၁၅)ရက်နေ့ တွင် ရဲတပ်ဖွဲ့ ထွက်ပြေးလွတ်မြောက်သွားသူအားလုံးကို  ပြန်လည်ဖမ်းဆီးနိုင်ခဲ့ သည်။

ထက်ဝဠာမင်း(ပုသိမ်)

No comments:

Post a Comment