Latest News

Wednesday, September 6, 2017

ရပ်ကွက်ခြင်းစပ်တံတားကိုမူလနေရာတွင်တည်ဆောက်ပေးဖို့ ဒေသခံများဆန္ဒထုတ်ဖော်


ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အင်းရဲကျေးရွာအုပ်စု အင်းရဲကျေးရွာအမှတ်(၃)နှင့်အမှတ်(၄)
ရပ်ကွက်အားဆက်သွယ်ပေးထားသော ရပ်ကွက်ခြင်းစပ်တံတားကို မူလတံတားဟောင်း၏တည်နေရာ
အတိုင်းတံတားအသစ်ကိုဆောက်လုပ်ပေးရန်အတွက် ဒေသခံပြည်သူများမှ စက်တင်ဘာလ၆ရက်နေ့တွင်
ကျုံပျော်မြို့ပေါ်တွင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူဒေသခံလူအင်အား(၁၅၀)ကျော်က ကျုံပျော်မြို့လွှတ်တော်ကိုယ်စားလှယ်များရုံးရှေ့တွင်
စတင်စုဝေးကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှေ့လမ်းများသို့ချီတက်လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

တံတားသစ်အားရတနာပုံလမ်းတွင်တည်ဆောက်ပါ အင်းရဲအထက်တန်းစာကျောင်းနှင့်နီးစပ်သွားမှာဖြစ်ပြီး ယာဉ်ကြီးယာဉ်ငယ်များဖြတ်သန်းသွားလာခြင်းကြောင့်ကျောင်းသူကျောင်းသားများယာဉ်အန္တရာယ်
အဖော်ပေါ်စေရန်နှင့်စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေးအတွက်တံတားယောင်း၏တည်နေရာ
အတိုင်းတံတားသစ်ကိုတည်ဆောက်ပေးရန်တောင်းဆိုခြင်းကြခြင်းဖြစ်ကြောင်းလည်းဒေသခံများကပြော
သည်။

"ဒေသခံရွာသားတွေကလက်ရှိနိုင်ငံတော်က ချထားတည်ဆောက်ပေးမဲ့ တံတားအသစ်ကိုမူလတံတား
အဟောင်းနေရာမှာပဲတည်ဆောက်စေချင်ပါတယ်။ အစိုးရကဒေသခံတွေရဲ့သဆဘာဆန္ဒကိုသိပြီးတော့
တည်ဆောက်ပေးဖို့လဲ အလုလိုဆန္ဒထုတ်ဖော်တာပါ။ တံတားသစ်ကိုမူလနေရာမှာမဆောက်ပဲ ရတနာပုံလမ်းမှာဆောက်ရင်တော့ ဒေသခံပြည်သူတွေအတွက်ဘာကျိုးမှမထူးသလို နိုင်ငံတော်ဘဏ်ဏ္ဍာငွေတွေလဲဆုံးရှုံးရမှာပါ"ဟုအင်းရဲရွာသားဦးကပြောသည်။

လက်ရှိတံတားနေရာတွင်တံတားသစ်တည်ဆောက်ခွင့်ရရှိရေး ၊တာဝန်ရှိပြည်သူများမှပြည်သူ့ဆန္ဒနှင့်အညီဆောင်ရွက်ပေးရေး. . .၊ပြည်သူနှင့်အတူဆိုသည့်အတိုင်းပြည့်သူ့အကျိုးစီးပွားကို ပြည်သူ့ဆန္ဒ
အတိုင်းဆောင်ရွက်ရေး. . . ပြည်သူ့ကိုယ်စားလှယ်များပြည်သူ့အသံပြည်သူ့ဆန္ဒကိုလေးစားလိုက်နာရေး. . အုပ်ချုပ်ရေးမှူးနည်းဥပဒေနှင့်အညီတာဝန်ထမ်းဆောင်ခြင်းမရှိသောအုပ်ချုပ်ရေးမှူးကိုတာဝန်မှရပ်ဆိုင်းရေးတို့ ကိုလည်းထည့်သွင်းတောင်းဆိုခဲ့ ကြသည်။

ဆန္ဒထုတ်ဖော်မှုနင့် ပတ်သတ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများကို မေးမြန်းနိုင်ရန် မီဒီယာတွေက ကြိုးပမ်း
ခဲ့ သော်လည်း ဆက်သွယ်မရခဲ့ ပေ။

ထက်ဝဠာမင်း(ပုသိမ်)

No comments:

Post a Comment