Latest News

Thursday, September 7, 2017

ရခိုင်ဒေသအကြမ်းဖက်သမားများ၏တိုက်ခိုက်ခံနေရမှုများနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူ ဦးသန်းဝင်းနှင့်အင်တာဗျူး


“နိုင်ငံသားအခွင့်ရေးကို လာရောက်ချိုးဖောက်တဲ့  ဘယ်အရာကိုမှ လက်ခံမှာ မဟုတ်ဘူးခုကျွန်တော်တို့ လုပ်နေတာက လူမျိုးကိုတိုက်တာ မဟုတ်ဘူး ဘာသာကိုတိုက်တာမဟုတ်ဘူး အစွန်းရောက်အကြမ်းဖက် ကျူးကျော်သူကို တိုက်တာ တရားတယ် ပြတ်သားတယ်။ အချုပ်အခြာအာဏာနဲ့  တိုင်းရင်းသားတွေ အသက်အိုးအိမ်စည်းစိမ်းကိုတရားသဖြင့် ကာကွယ်တာကိုတော့ ပြတ်ပြတ်သားသားလုပ်ရမယ်” 
ဦးသန်းဝင်း (နိုင်ငံရေးလေ့ လာသူ)

ရခိုင်ဒေသမှာ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများခံနေရတာနဲ့ ပတ်သတ်ပြီး ဆက်လက်ဖြစ်ပေါ်လာနိုင်တဲ့ အခြေနေတွေကို နိုင်ငံရေးလေ့ လာသူတစ်ဦးဖြစ်တဲ့ 
ဦးသန်းဝင်းနှင့် တိုင်းဧရာ အယ်ဒီတာတစ်ဦးက တွေ့ ဆုံမေးမြန်းထားပါတယ်။

Time Ayeyar ။။ ။။ခုလို့ တွေ့ ဆုံမေးမြန်းခွင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ပထဆုံးပြောခြင်တာက ဒီအခြေနေက အခေါ်အဝေါ်အသုံးအစွဲတွေကအစ သိမ့် မွေ့ နက်နဲ့ တာဖြစ်တဲ့ 
အတွက် ကျွန်တော့် ကိုတော့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သုံးစွဲတဲ့  အသုံးအနှုန်းတွေနဲ့ ပဲခေါ်ဝေါ်
သုံးစွဲခွင့်ပြုပါ။
Time Ayeyar။ ။။ ရခိုင်ဒေသ မှာရှိနေတဲ့  သူတွေ ရောက်ရှိလာတဲ့  မူလအခြေနေကို အရင်ပြောပြပါ။
U Than Win ။ ။အစတုန်းက ရခိုင်တိုင်းရင်းသားအများစုနေတယ်။ ဘယ်လိုစရောက်လဲဆိုတော့ အင်္ဂလိပ်လက်ထက် ဆူးအက်တူးမြောင်း ဖောက်ပြီး မြန်မာပြည်သိမ်းပြီးတဲ့ နောက် စပါးစိုက်တဲ့  အခါ ဘင်ဂါလီလုပ်သားတွေခေါ်စိုက်တယ်။ ဟိုတုန်းကတော့ မိုးတွင်းလာစိုက် နွေပြန်။ နောက်တော့ ဒီမှာက ရေမြေကောင်းတယ် မြန်မာပြည်မှာရှိတဲ့  လူဦးရေထက် ဘင်္ဂလားဒေ့ ရှ် လူဦးရေက သုံးဆများတယ်။ မြန်မာပြည်အကျယ်အ၀န်းထက် ဘင်္ဂလားဒေ့ ရှ် အကျယ်ဝန်းက သုံးပုံတစ်ပုံပဲရှိတယ်။ အဲတော့ ၁၅ ယာက် ၁ ယောက်လောက်ကွာတယ်။ မြန်မာပြည်မှာ လူတစ်ယောက်နေတဲ့  နေရာမှာ သူတို့  ၁၅ ယောက် နေနေရတယ် ။နောက်ပြီးသူတို့ ကိုကျွေးမွေးဖို့  စားနပ်ရိက္ခာ အလုံအလောက်မရှိဘူး။ အဲတော့ လူတွေကို သူတို့ ဘာသာအရ
စည်းမဲ့ ကမ်းမဲ့ မွေးထုတ်ပြီး လူဦးရေပေါက်ကွဲတယ်လို့ ခေါ်တယ်။ အဲတော့ ပတ်ဝန်းကျင်းနိုင်ငံတွေကို အန္တရာယ်ပေးလောက်နိုင်တဲ့ လူဦးရေ ပေါ့။ အဲလို လူဦးရေပေါက်ကွဲတော့ အခြားနိုင်ငံတွေကို သွားစင်တာပေါ့ ။ဒါပေမဲ့ သူတို့  အိန္ဒိယကိုတော့သူတို့ မထိ ဘူး ။အင်အားကြီးတယ် ခြံစည်းရိုးနှစ်ထပ်ကာထားတယ်။ ကျော်ာလာတာနဲ့  ပစ်သတ်တယ်။အဲဒါ မြန်မာပြည်မှာ ခြံစည်းရီုးမရှိတော့ မြန်မာပြည်ထဲတစ်စိမ့် စိမ့် စိမ့် ဝင်လာတာပဲ ဒါမူလအစပဲ။

Time Ayeyar ။ ။။သမိုင်းစာအုပ်တွေလည်းလေ့လာတယ်ဆိုတော့ ရိုဟင်ဂျာလူမျိးဆိုတာ ရှိလား
U Than Win ။ ။။သမိုင်းကိုဖတ်ကြည့်တဲ့ အခါ ရိုဟင်ဂျာ ဆိုတာ ရခိုင်က ပြန်တဲ့ သူလို့ ပဲ အဓိပ္ပါယ်ဖွင့်တယ်။

Time Ayeyar။။ ။။ရခိုင်ဒေသကိုကိုင်တွယ်ရာမှာ အစိုးရအဆက်ဆက် ဘာတွေအားနည်းခဲ့ လဲ။
U Than Win။ ။အရင့်အရင်အစိုးရအဆက်ဆက် လက်ထက်မှာတော့ အနည်းအကျဉ်း ရှိတယ် ဒီလောက်ထိ ဖြစ်မလာ ဘူး။ ဒါပေမဲ့  လုံခြုံတဲ့ ခြံစည်းရိုးမရှိတာရယ် ပြည်နယ်ဒေသအပေါ်မှာ ဗဟိုအစိုးရရဲ့  အားရုံးစူးစိုက်မှုနည်းတဲ့ အခါကျတော့ တစ်ဖြည်းဖြည်းစိမ့် ဝင်လာတဲ့  ဘင်ဂါလီတွေဟာ ဒေသခံတိုင်းရင်းသားတွေရဲ့  အဆပေါင်းများစွာ များလာတဲ့  အခါ ဒေသခံ တိုင်းရင်းသားတွေ အဖို့  ဘ၀လုံခြုံမှု မရှိတော့ဘူး ။

Time Ayeyar ။ ။ခုလို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်တာကိုရောဘယ်လိုမြင်လဲ။
U Than Win။ ။ခုအခါကျတော့ နိုင်ငံတကာမှာ အကြမ်းဖတ်ဝါဒ ထွန်းကားလာပြီး အရှေ့ အလယ်ပိုင်း
မှာရော။ ပြီးတော့ အာရှတိုက်ရဲ့  ထိုင်းနဲ့  ဖီလစ်ပိုင်မှာလည်း ဒီပြဿနာ ခံစားနေရတယ်။ အဲတော့ မကြာခဏဆိုသလို စာရေးသူတစ်ချို့ကရေးကြပါတယ်။ မြန်မာနိုင်ငံလို ဒီပြဿနာ ရင်ဆိုင်လာရနိုင်တယ်ဆိုတာ အဲဒီတော့ရေးလို့ မကြာခင် ဒီပြဿနာပေါ်လာတယ်။ အရှေ့ ပါကစ္စတန် လွတ်လပ်ရေး ရတဲ့ နေ့ကိုဖီအာနန် ရဲ့  အပြီးသတ်အစီးရင်ခံစားထွက်လာ တဲ့ နေ့။ အဲဒါနဲ့  တိုက်ဆိုင်ပြီး မြန်မာနိုင်ငံ ရဲ့ကင်းသုံးဆယ်ကျော်
တိုက်ခိုက်ခံရတယ်။ ဒီလို အကြမ်းဖက် ၀င်ရောက်တိုက်ခိုက်တာဟာ တိုင်းပြည်ရဲ့  အချုပ်အခြာ အာဏာနဲ့ တိုင်းရင်းသားတွေရဲ့  အသက်အိုးအိမ် စည်းစိမ်ကို အကြမ်းဖက်ဖျက်စီးတာကိုတော့ ပြည်သူတစ်ယောက်အနေနဲ့  လက်ခံစရာမရှိဘူး။

Time Ayeyar။ ။။အစိုးရအဆက်ဆက် ကိုင်တွယ်မှု အားနည်းခဲ့ လို့  ခုလို ဖြစ်လာတာလို့ ပြောနိုင်လား။
U Than Win။။ ။။အရင်က အစိုးရကတော့ ခုလို တိတိကျကျ ပြင်းပြင်းထန်ထန် မကိုင်တွယ်ခဲ့ ဘူးပေါ့ဗျာ ။ဒါပေမဲ့  ၂၀၀၃ လို ကျောက်နီမော် အရေးအခင်းဖြစ်တည်းက ဒါအစပျိုးနေပြီဆိုတာ သတိထားရမှာ ။တာဝန်ယူတဲ့ အစိုးရအဆက်ဆက်ကလည်း အမှိုက်ကစ ပြသာဒ်မီးမလောင် အောင်ကြိုတင်ပြင်ဆင်ပြီးတော့ လုပ်သင့်တာ။ အဲဒီတော့ ဖြစ်လာမှတော့ အပြစ်ပြောလို့ တော့။ အကျိုးကမထူးတော့ ဘူး။ ဒီအချိန်မှာ အကောင်းဆုံးဖြစ်အောင် ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာ မျှော်လင့် ရမှာပဲ။

Time Ayeyar ။ ။။ကျွန်တော် လေ့ လာကြည့်မိသလောက်တော့ ဒီဘက်ဒီမိုကရေစီလို အမည်ခံလာတဲ့  အစိုးရလက်ထက်မှာ ဒီအခြေနေတွေ ပြင်းထန်လာတာပေါ့နော် ဒါကိုရောဘယ်လိုမြင်လဲ။
UTW။ ။။မှန်တာပေါ့ ဒါက အချိန်ကိုက်လုပ်တာပဲ။ လွတ်လပ်ရေးရပြီးတဲ့  အခါကျတော့ မြန်မာနိုင်ငံရဲ့ ဖဆပလ ဒီမိုကရေစီအစိုးရ စဆက်လာတဲ့ အချိန်မှာ မူဂျာဟစ်ဆိုပြီးတော့ ဘူးသီးတောင် မောင်းတော နယ်ထဲကို ၀င်ပြီးနေတဲ့ ဘင်ဂါလီတွေကနေပြီးတော့ မူဆလင်သီးခြားထူထောင်ဖို့ ဆိုပြီး သူပုန်ထတယ်။ ဒါအားစမ်းတာ။အဲဒီတုန်းကလဲ ၁၉၅၂ ကနေ ၅၄ ခုနှစ်လောက်အထိ တပ်မတော်ကနေ နှိမ်နင်းလိုက်ရတယ်။
 ဗိုလ်တိုက်ချွန်း စာအုပ်မှာလည်းရှိတယ်။ အခု အရပ်သားအစိုးရ စစ်စစ်တက်လာတဲ့  အချိန်မှာလည်း
အားစမ်းကြည့်တာ။ အဲဒါပဲ ။ဒါကိုလည်းသဘောပေါက်ရမယ်။  ဒီမိုကရေစီ အစိုးရဖြစ်လာတဲ့  အတွက် လူ့ အခွင့်ရေးတွေ လူသားချင်းစာနာမှုတွေ ဒီမိုကရေစီစံနှုန်းတွေကို အခွင့်ကောင်းယူပြီးတော့
ဒီလို တွေအာစမ်းတာ။

Time Ayeyar။ ။တစ်ချို့နိုင်ငံတကာ အဖွဲ့ အစည်းတွေကလည်း လူ့ အခွင့်ရေးကို တွင်တွင်ပြောပြီး ဖိအား
ပေးတဲ့ သဘောမျိုးတွေရှိတယ်။ ဒါကိုရော ဘယ်လိုမြင်လဲ။
U Than Win ။ ။နိုင်ငံသားအခွင့်ရေးနဲ့  လူ့ အခွင့်ရေးဆို လူ့ အခွင့်ရေးက( must be) မဟုတ်ဘူး။ နိုင်ငံသားအခွင့်ရေးက (must be)။ အဲဒီတော့ နိုင်ငံသားအခွင့်ရေးကို လာရောက်ချိုးဖောက်တဲ့  ဘယ်အရာကိုမှ လက်ခံမှာ မဟုတ်ဘူး။ခုကျွန်တော်တို့ လုပ်နေတာက လူမျိုးကိုတိုက်တာ မဟုတ်ဘူး။ ဘာသာကိုတိုက်တာမဟုတ်ဘူး။ အစွန်းရောက်အကြမ်းဖက် ကျူးကျော်သူကို တိုက်တာ။ တရားတယ်။ ပြတ်သားတယ်။ အချုပ်အခြာအာဏာနဲ့  တိုင်းရင်းသားတွေ အသက်အိုးအိမ်စည်းစိမ်းကိုတရားသဖြင့် ကာကွယ်တာကိုတော့
 ပြတ်ပြတ်သားသားလုပ်ရမယ် ။

Time Ayeyar ။ ။။ နိုင်ငံတကာအဖွဲ့ အစည်းတွေကအကြမ်းဖက်အဖွဲ့ အစည်းတွေကိုထောက်ပံနေတာကိုလည်း အစိုးရက အထောက်အထားတွေနဲ့ ပြောနေပြီ ။အဲတော့ သူတို့ INGOတွေအပေးရောဘယ်လိုမြင်လဲ။
U Than Win။ ။။။ထောက်ပံ တဲ့ သူတွေရဲ့ မူလ ရည်ရွယ်ချက် နိင်ငံတွေကလည်း ဘယ်နိုင်ငံကထောက်ပံ့ တာလည်း ။လူသားချင်းစာနာလို့ ထောက်ပံ့ တာဆိုရင်အားလုံးကတန်းတူညီမျှဖြစ်ဖို့ ပဲလိုတယ်။ ဒါပေမဲ့  လူသားချင်းစာနာလို့ ထောက်ပံ့ တာဟာအဲ့ ဒီကျူးကျော်သူတွေကို တရားဝင်နေခွင့် ပေးဖို့ ထောက်ပံ့ တာမဖြစ်စေရဘူး။

Time Ayeyar ။ ။နိုဘယ်ဆုရှင် မာလာလာ ရဲ့ ပြောဆိုမှုအပေါ်လည်း ဝေဖန်မှုတွေ မြင့်တက်နေတာပေါ့ ။ဆိုတော့ မာလာလာ ပြောဆိုမှုကိုရောဘယ်လိုမြင်လဲ။
U Than Win။ ။မာလာလာ ဘာကိုကိုးကွယ်တာလဲ ။ဘာလူမျိုးလဲ ။ပထမမေးမယ် ။ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတာ ဘယ်သူလဲဆိုတာ သူ သိလားထပ်မေးမယ်။ အဲဒီတော့ လူမျိုးတုန်း သတ်ဖြတ်ခဲ့ တာ ဘယ်သူလည်းဆိုတာပထမဆုံးသူသိဖို့ အရေးကြီးတယ်။ ၁၉၄၂ မောင်းတော ဂျီဟတ်တုန်းကလည်း ဘယ်သူသတ်တာလဲ။ အဲဒီနိုင်ငံခြားက ခိုးဝင်နေတဲ့  သူတွေကို တိုင်းရင်းသားတွေက သတ်ပါတယ်ဆိုပြီး အလိမ်အညာတွေ အွန်လိုင်းတွေလျောက်တင်နေတာ ကို ယုံတာလား။ ခုဒါတွေကိုလည်းဖော်ထုတ်နေပြီ ။အဲတော့
သူကိုယ်တိုင် သေသေချာချာ မသိပဲနဲ့  လူမျိုးတုန်းသတ်ဖြတ်နေတာတွေရပ်ပါ ဆိုတာ ဘယ်သူ့ ရပ်ခိုင်းတာလဲ။ ဘင်ဂါလီကိုရပ်ခိုင်းတာလား။ လက်ရှိ တိုင်းရင်းသားတွေကို ရပ်ခိုင်းတာလား။ လက်ရှိ တိုင်းရင်း
သားတွေကို ရပ်ခိုင်းတာဆိုရင်တော့ သူလင်းဆွဲခို ခိုကြည့်လို့ ဖြစ်မယ် ။

Time Ayeyar ။ ။ရန်ကုန် မန္တလေးအပါအဝင် မြို့ကြီးတွေမှာ အကြမ်းဖက်အဖွဲ့အစည်းတွေက အကြမ်းဖက်မှုတွေ ပြုလုပ်ဖို့ သတင်းရထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာရှိတယ် ဖြစ်လာနိုင်လား။
UTW။ ။အဖျက်သမားဆိုတာက ချို ပေါက်နေတာ မဟုတ်ဘူးလေ အချိန်မရွေး ၀င်ပြီးလုပ်နိုင်တယ်။ အဲဒီ
တော့တစ်ခါပြောဖူးသလိုပေါ့။ တိုက်ပွဲတွေက တောထဲမှာ မဖြစ်တော့ပဲ မြို့ ပေါ်တွေမှာဖြစ်လာလိမ့်မယ်လို့  ။ ဘာလို့ လဲဆို မင်ဒန်နာကိုကြည့်။ ပတာနီနဲ့  ရာလာလာကိုကြည့်။ ဒေသခံ မူဆလင်ထဲကို ရုပ်ဖျက်ပြီး
စိမ့် ဝင်နေရင် အချိန်မရွေးဖြစ်သွားနိုင်တယ်။ အဲ့ တော့ ဒေသခံ မူဆလင် တွေကလည်း နိုင်ငံသားဖြစ်တာနဲ့ အညီ ဒါတွေကို နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားနဲ့ ပြတ်ပြတ်သားသားဖော်ထုတ်ဖို့ လိုတယ်။ဒီလိုမှ မဟုတ်ရင် တစ်နိုင်ငံလုံးထိမ်းသိမ်းရခက်တဲ့ အနေအထားရောက်သွားနိုင်တယ်။

Time Ayeyar ။ ။။လက်ရှိအခြေနေကို အစိုးရက မထိမ်းချုပ်နိုင်ဘူးဆိုရင် ဘယ်လို အကျိုးဆက်တွေ
ဆက်ဖြစ်လာနိုင်လဲ။
U Than Win။ ။။ဒါကိုမထိမ်းချုပ်နိုင်ဘူးဆိုရင် နိုင်ငံတကာ တွေရဲ့ ဝင်ရောက် စွက်ဖက်မှုကို သည့်ထက်ပိုခံရလာနိုင်တယ်။ အဲဒီမှာ R2Bလို နိင်ငံခြားတပ်တွေ ကြားခံအဖြစ်ဆောင်ရွက်တာတို့ ဆိုရင် တိုင်းပြည်အရေးအခင်းကပိုပြီး ရှုပ်ထွေးလာနိုင်တယ်။ အဲဒီအခါတော့ နိုင်ငံထဲမှာရှိနေတဲ့  တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုကလည်း ရခိုင်ဒေသမှာတော်တော်များများရှိနေတယ်။ ဓာတ်ငွေ့ ပိုက်လိုင်းတို့ ၊ကျောက်ဖြူရေနက်ဆိပ်ကမ်းလိုမျိုးတွေလည်းရှိတယ် ။အဲဒီလို တိုင်းပြည် မငြိမ်မသက်လို့  သည်လိုအခြေနေတွေဖြစ်လာရင် တရုတ်ကလည်း သူ့ အကျိုးစီးပွါး ကာကွယ်တာအကြောင်းပြပြီး တိုင်းပြည်ရဲ့ အရေးခင်းထဲ ၀င်ရောက်ပတ်သတ်လာရင်
အကုန်ရှုပ်ထွေးကုန်နိုင်တယ်။ဒါက အင်မတန် အန္တရာယ် ကြီးတဲ့  အနေအထားရှိနေပြီ။

Time Ayeyar ။။ ။လက်တလောဖြစ်နေတဲ့ အခြေနေအရ နိုင်ငံသားဥပဒေနဲ့  စိစစ်လိုက်ရင် အဆင်ပြေနိုင်မယ်ထင်လား။
U Than Win ။။။။။။။။။။။။ ဘူးသီးတောင် မောင်းတောမှာရှိနေတဲ့  ဒေသခံတွေက ဌာနေတိုင်းရင်းသားတွေဆုံးရှုံးပြီး လူဦးရေက လူနည်းစုဖြစ်သွားပြီ ။ အဲဒီတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ စိစစ်တာကောင်း
တယ် ။ ဥပဒေနဲ့ ညီရင် နိုင်ငံသားအဆင့်ပေးပါ ။ နိုင်ငံသားအခွင့်ရေးရမယ် ဒီဥပဒေနဲ့ မညီရင်တော့ နိုင်ငံသားအဆင့်လို့ မရနိုင်ဘူး။ နိုင်ငံသား အဖြစ်လည်း မသတ်မှတ်သင့်ဘူး။ မထိုက်တန် တဲ့ သူကိုတော့  ဖိအားလို့ တို့ လူဦးရေများလို့ ဆိုတာမျိုးနဲ့  နိုင်ငံတကာဖိအားနဲ့  အတင်းအကြပ်ပေးတာမျိးလည်းမလုပ်သင့်ဘူး။ ဥပဒေ နဲ့ အညီ ဖြေရှင်းတာပဲကောင်းမယ် ။

Time Ayeyar။။။။။။။။။။။။။တစ်ခြားဖြည့်စွက်ပြောချင်တာဘာရှိလဲ ။
U Than Win။ ။ဘင်္ဂလားဒေ့ ရှ်နယ်စပ်က အိန္ဒိယ နဲ့ လည်းစပ်နေတယ်။ မြန်မာပြည်နဲ့ လည်းစပ်နေတယ်။ အိန္ဒိယ နယ်စပ်မှာ သံဆူကြိုး နှစ်ထပ်ကို လုံအောင်ကာထားတယ်။ အစောင့်အကြပ်တွေရှိတယ်။
သံဆူးကြိုးနားကပ်လာသူ ကျူးကျော်လာသူတွေကို တစ်ခါတည်းပစ်သတ်တာပဲ။ အဲဒါ အိန္ဒိယမတိုးပဲ မြန်မာပြည်ထဲ ဘာလို့ လာတိုးတာလဲဆိုရင် ကိုယ့်ပြည်ဟာ ခြံစည်းရိုးလည်းလုံအောင်မကာနိုင်ဘူး။ လူစိမ့် ဝင်မှုကိုလည်းထိထိရောက်ရောက်မတားနိုင်ဘူး ။ဒါကြောင့် ဒီပြဿနာဆိုးနဲ့ ရင်ဆိုင်ရတာ။အဲတော့ ဒီနှစ်ချက်ကို တာဝန်ရှိသူတွေ လေးလေးနက်နက် စဉ်းစားသင့်တယ်။
Time Ayeyar။။။။။။။။။။။ခုလို အချိန်ပေးဖြေကြားပေးတာကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment