Latest News

Sunday, September 10, 2017

ခိုးဝင်ဘင်္ဂါလီရှံ့ချခြင်းနှင့်ဒေသအတွင်းတည်ငြိမ်အေးချမ်းမှုရှိအတွက် မဖသအဖွဲ့ဦးစီးကာဆန္ဒပြ

ခိုးဝင်ဘင်္ဂါလီရှံ့ချခြင်းနှင့်ဒေသအတွင်းတည်ငြိမ်အေးချမ်းမှုရှိအတွက် မဖသအဖွဲ့ဦးစီးကာဆန္ဒပြ

ပုသိမ်lစက်တင်ဘာလ ၁၀ ရခိုင်ပြည်နယ်ဒေသအသီးသီးတွင်ဖြစ်ပေါ်နေသော အစွန်းရောက်ခိုးဝင် ဘင်္ဂါလီများ၏အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှံ့ချခြင်းနှင့် ဒေသအတွင်းတည်ငြိမ်အေးချမ်းမှုအမြန်ဆုံးရရှိရေးအတွက် ဧရာဝတီတိုင်းအတွင်းရှိ မဘသအဖွဲ့အစည်းများကဦးဆောင်၍ စက်တင်ဘလ၁၀ရက်နေ့ နေ့လည်၁ရီတွင် ပုသိမ်မြို့အတွင်းလှည့်လည်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပြည်သူပေါင်း ၆၀၀ခန့်က ပုသိမ်မြို့ကန်သာယာကွင်းအတွင်းစတင်စုဝေးကာ မဟာဗန္ဓုလလမ်းမကြီးl ရှင်ပင်ဘုန်းပွင့်လမ်း lထောင်ကုန်းလမ်း lရွှေစေတီလမ်း l ကုန်သည်လမ်း lမြေနုလမ်း l တရုတ်ဗုံကျောင်းလမ်းနှင့်ကမ်းနားလမ်းအတိုင်း ချီတက်ကာ လှည့်လည်ဆန္ဒပြခဲ့ကြသည်။
 မဘသဦးစီသောဆန္ဒပြပြည်သူများသည် စီတန်းလှည့်လည်ရာ လမ်းတစ်လျောက်တွင် "အစွန်းရောက်အကြမ်းဖက်ခိုးဝင်ဘင်္ဂါလီများ""အလိုမရှိ""အစွန်းရောက်အကြမ်းဖက်ဝါဒမှန်သမျှ""ဆန့်ကျင်ကြ""အကြမ်းဖက်မှုကိုနှိမ်နင်းနေသောပြည်သူ့တပ်မတော်နှင့်လုံးခြုံးရေးတပ်ဖွဲ့ဝင်များ""ဘေးကင်းကြပါစေ""တိုင်းရင်းသားဘဝလုံးခြုံးရေး""တိုးမြင့်ဆောင်ရွက်ပေး""လက်သည်းဆိတ်တော့လက်ထိပ်နာတို့ပြည်သူတွေ""စည်းလုံးကြ""တပ်နှင့်ပြည်သူလက်တွဲကူအကြမ်းဖက်ဟူသမျှ""ချေမှုမ်းကြ""ခိုးဝင်ဘင်္ဂါလီဖော်ထုတ်ပေးရေး""ဒို့အရေး"စသည့်ကြွေးကြော်သံများပါရှိသောလက်ကိုင်ဆိုင်းဘုတ်များကိုင်ဆောင်ကြွေးကြော်ခဲ့ကြသည်။
"နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့်နယ်မြေများအပေါ် တရားမဝင်ကြူးကြော်ပြီး တိုင်းရင်းသားလူမျိုးများရဲ့ အသက်အိုးအိမ်စည်းဇိမ်များကိုဖျက်စီးရန်ရှာနေတဲ့အပေါ်သည်းမခံနိုင်တော့လို့အခုလိုဆန္ဒထုတ်ဖော်တာပါ တာဝန်သိစိတ် ယုံကြည်ချက် ခံယူချက် မျိုးချစ်စိတ်တူညီစွာရှိတဲ့ ပြည်သူတွေက ဘယ်အသင်း ဘယ်ပါတီ ဘယ်အဖွဲ့အစည်းများရဲ့ သွေးထိုးလှုံ့ဆော်မှုမရှိပဲ အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့်ဆန္ဒထုတ်ဖော်ခဲ့တာပါဟု"ဟောပြောရာတွင်ဦးဆောင်ပါဝင်သူဦးသန်းဝင်းကပြောသည်။
ယခုကဲ့သို့ခိုးဝင်ဘင်္ဂါလီများအရေးနှင့်ရခိုင်တွင်ဖြစ်ပွားလျက်ရှိသော စစ်ပွဲများနှင့်ပတ်သတ်၍ တပ်မတော်၏လုပ်ရက်များကိုထောက်ခံအားပေးခြင်းမှာ ဘာသာခြားများအပေါ်မုန်းတီးစိတ်မရှိပဲ မြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားများ၏အကျိုးစီပွားနှင့်အသက်အန္တရာယ်များကိုထိပါးနေသည့်အတွက် တစ်မျိုးသားလုံး၏ရန်သူဟူသတ်မှတ်သောကြောင့် တပ်မတော်မှရခိုင်ရှိဘင်္ဂါလီများအားအမြစ်ပျက်ခြေမှုန်းပေးရန်လည်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။
 မဘသအဖွဲ့များမှဦးစီးကျင်းပခဲ့သော ဆန္ဒပြပွဲကြီးသည် အစွန်းရောက်အကြမ်းဖက်မှုအား ဆန့်ကျင်ခုခံတွန်းလှန်နေခြင်းအပေါ် ထောက်ခံခြင်းသာဖြစ်ပြီး နိုင်ငံအချုပ်အခြာအာဏာ တည်တံ့ရေးနှင့်ငြိမ်းချမ်းရေးရရန်သာရည်ရွယ်ပြီး ဘာသာရေး လူမျိုးရေး ပဋိပက္ခကိုအားပေး လှုံ့ဆော်ခြင်းမျိုးမဟုတ်ကြောင်းကိုလည်း ကြေညာချက်ထုတ်ထားကြောင်းမဘသအဖွဲ့အစည်းမှသတင်းရှိသည်။

ထက်ဝဠာမင်း

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post