Latest News

Wednesday, September 27, 2017

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဟိန္ဒူဘာသာဝင်များပူးပေါင်း၍ ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များကို ရှာဖွေမှု ဆက်လက်ဆောင်ရွက်

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဟိန္ဒူဘာသာဝင်များပူးပေါင်း၍ ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များကို ရှာဖွေမှု ဆက်လက်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂၇

ဩဂုတ်လ ၂၆ ရက်တွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မောင်တောမြို့ ဆောက်လုပ်ဆဲ ခရိုင်တရားရုံး၌ ဟိန္ဒူဘာသာဝင် ခြောက်ဦး၊ နေအိမ်အတွင်းရှိ ဟိန္ဒူဘာသာဝင် ကလေးငယ်တစ်ဦး စုစုပေါင်း ခုနစ်ဦးတို့မှာ သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ARSA အစွန်းရောက် အကြမ်း ဖက်သမားများ တိုက်ခိုက်မှုဖြစ်စဉ်များ ကြောင့် ဟိန္ဒူဘာသာဝင် မိသားစု ၅၆၃ စု၊ လူဦးရေ ၂၇၅၂ ဦးတို့သည် နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး စစ်တွေမြို့ရှိ ယာယီကယ်ဆယ်ရေး စခန်းများတွင် အိမ်ထောင်စု ၃၂၁ စု၊ လူဦးရေ ၁၂၆၂ ဦး၊ မောင်တောမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဟိန္ဒူဘာသာဝင်များပူးပေါင်း၍ ပျောက်ဆုံးနေသည့်ဟိန္ဒူဘာသာဝင်များကို ရှာဖွေမှုဆက်လက်ဆောင်ရွက် ယာယီကယ်ဆယ်ရေး စခန်းများတွင် အိမ်ထောင်စု ၂၄၁ စု၊ လူဦးရေ ၁၄၈၇ ဦး၊ ဘူးသီးတောင်မြို့ရှိ ယာယီကယ်ဆယ် ရေးစခန်းတွင် အိမ်ထောင်စု တစ်စု၊ လူဦးရေ သုံးဦးတို့ အသီးသီး ခိုလှုံနေထိုင် လျက်ရှိကြောင်း သိရှိရသည်။
ထို့အပြင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မောင်တော မြို့နယ်အတွင်းရှိ ဟိန္ဒူဘာသာဝင်များ ပျောက်ဆုံးနေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမောလ်ပါ ထွက်ပြေးတိမ်းရှောင်ခဲ့ ရသည့် ဟိန္ဒူဘာသာဝင်များနှင့်အတူ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းမှ စတင်၍ ရှာဖွေခဲ့ရာ ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၅၀၀ ခန့် အကွာတွင် မြေကျင်းနှစ်ကျင်း၌ ARSA အစွန်းရောက် အကြမ်းဖက် သမားများက သတ်ဖြတ်မြှုပ်နှံထားသည့် ရုပ်အလောင်း ၂၈ လောင်းကို ဦးစွာတူးဖော်တွေ့ရှိ ခဲ့သည်။ ယင်းသို့ တွေ့ရှိရသည့် ရုပ် အလောင်း ၂၈ လောင်းတွင် ၁၀ နှစ် အောက် ကလေးသူငယ်ခြောက်ဦးနှင့် ၁၆ နှစ်အောက် ကလေးငယ်နှစ်ဦး စုစုပေါင်း ကလေးငယ်ရှစ်ဦး၏ အလောင်း များ ပါဝင်ခဲ့သည်။

စက်တင်ဘာ ၂၅ ရက်နေ့တွင် ပထမတွေ့ရှိခဲ့သည့်နေရာ၏ အရှေ့ဘက် မီတာ၂၀၀ အကွာတွင် မြေကျင်းနှစ်ကျင်း ၌ မြှုပ်နှံထားသည့် ရုပ်အလောင်း ၁၇ လောင်းကို ထပ်မံတူးဖော်တွေ့ရှိခဲ့သဖြင့် အကြမ်းဖက်သတ်ဖြတ်ခြင်း ခံရသော ဟိန္ဒူဘာသာဝင် စုစုပေါင်း ၅၂ ဦး ရှိပြီဖြစ်သည်။
စက်တင်ဘာ ၂၆ ရက်နေ့တွင်လည်း ရှာဖွေမှုများ ဆက်လက် ဆောင်ရွက်ခဲ့ရာ ရဲဘော်ကျကျေးရွာမှ ပျောက်ဆုံးနေဆဲ ဖြစ်သည့် ဟိန္ဒူဘာသာဝင် ၄၈ ဦးကို ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့်အပြင် မောင်တောမြို့နယ် အိုးထိန်းကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၄၄ ဦး ပျောက်ဆုံးနေကြောင်း ထပ်မံသိရှိရသဖြင့် ဆက်လက် ရှာဖွေလျက်ရှိသည်။ ARSA အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် ဟိန္ဒူဘာသာဝင် ၅၂ ဦး သေဆုံးခဲ့ရပြီး စုစုပေါင်း ၁၉၂ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခံခဲ့ ရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်း များ တူးဖော်တွေ့ရှိခဲ့သည့်နေရာသို့ မြန်မာနိုင်ငံအခြေစိုက် ပြည်တွင်းပြည်ပ မီဒီယာများဖြစ်သည့်  TBS ? Asahi Shinbum ၊ EPA ၊ AFP၊ VOA ၊ CNA ၊ BBC ၊ Xinhua ၊ TV Asahi ၊ Nippon TV ၊ Frontier Myanmar နှင့် Reuter  သတင်းဌာနတို့မှ သတင်း အဖွဲ့များသည် ယနေ့တွင် နေ့ချင်းပြန် သွားရောက်သတင်းယူခဲ့ကြောင်း သိရ သည်။

Ref; MOI

No comments:

Post a Comment