Latest News

Saturday, September 23, 2017

ရာသက်ပန်နံပါတ်အနီ အငှားယာဉ်ဈေးကွက် ကျပ် ၁၀ သိန်းကျော် မြင့်တက်

ရာသက်ပန်နံပါတ်အနီ အငှားယာဉ်ဈေးကွက် ကျပ် ၁၀ သိန်းကျော် မြင့်တက်

ရန်ကုန်မြို့တွင် ရာသက် ပန်နံပါတ်အနီ ပြုလုပ်ထားသည့် အငှားယာဉ်များမှလွဲ၍ ကျန် နံပါတ်အနီများ အနက်ပြန်ပြောင်းရမည်ဆိုသည့် သတင်းကြောင့် တစ်ပတ်အတွင်း ရာသက်ပန်နံပါတ်အနီယာဉ် တစ်စီးလျှင် ကျပ် ၁၀ သိန်းကျော်မြင့်တက်လာကြောင်း ၀ယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။
၂၀၁၇ မော်ဒယ် ရာသက်ပန် နံပါတ်အနီ ပရိုဘောက်စ်တစ်စီး လျှင် ပုံမှန်ပေါက်ဈေး ကျပ် ၁၇၅ သိန်းသာရှိရာမှ ယခုအခါ ၁၈၅ သိန်းအထိ ဈေးမြင့်တက်ကြောင်း မော်တော်ယာဉ် အရောင်းအ၀ယ်ပြုလုပ်သူများက ပြောသည်။

ပရိုဘောက်စ်နည်းတူ ရာ သက်ပန် နံပါတ်အနီဖြစ်သော ကယ်ဒီးနား၊ အေဒီဗင်န်၊ ဖီဒါအစ ရှိသော ယာဉ်အမျိုးအစားများ လည်း စက်တင်ဘာ တတိယပတ် အတွင်း ဈေးနှုန်းမြင့်တက်လာ ကြောင်း လှိုင်ယာဉ်ရောင်းဝယ် ရေးစခန်းမှ ၀ယ်ရောင်း ဦးကြီးမြင့်က ဆိုသည်။

အထူးသဖြင့် CNG သုံး အက္ခရာအပူး ရာသက်ပန်အနီ ယာဉ်များ အ၀ယ်လိုက်နေပြီး ဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။

ရာသက်ပန်မဟုတ်သော နံပါတ်အနီများကမူ ယခုတစ် ပတ်အတွင်း အ၀ယ်ကျဆင်းသွား ပြီး ဈေးမှာလည်း အနည်းငယ် ကျဆင်းမှုရှိကြောင်း ယာဉ်အ ရောင်းစင်တာပိုင်ရှင် ဦးထင်ဝင်း က ပြောသည်။

‘‘နံပါတ်ထွက်ပြီး ကားတွေ ကတော့ အရောင်းမလိုက်တော့ ဘူး။ တက္ကစီဆိုရင် ရာသက်ပန် ဘက်ကို လှည့်ကုန်ပြီ။ ဈေးက လည်း ထောင်တက်သွားတယ်’’ ဟု စက်တင်ဘာ တတိယပတ်က ဈေးကွက် အခြေအနေကို ၎င်းက ပြောပြသည်။

စက်တင်ဘာ ၁၅ ရက်က ပြု လုပ်သည့် YBS ယာဉ်လိုင်းများ ရှစ်လပြည့်သုံးသပ်အစည်းအဝေး တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကရာ သက်ပန်အငှားယာဉ်များမှလွဲပြီး ကျန်နံပါတ်အနီများ အနက် ပြောင်းရန် စီစဉ်နေသည်ဆိုသော သတင်းအပြီးတွင် အများစုက ရာ သက်ပန်အနီများကို လိုက်လံဝယ် ယူနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် ၂၀၁၇ က စတင်ကာ ရန်ကုန်တွင်ရှိသော အငှားယာဉ်အရေအတွက်ကို လေ့လာဆန်းစစ်နေပြီး ရန်ကုန်မြို့တွင်ရှိသင့်သည့် အရေအတွက်ကိုသာ ထားရှိရန် စီစဉ်နေသည်။

ရာသက်ပန်နံပါတ်အနီဖြစ် သော AA,BB စသည့် ယာဉ်နံပါတ် များသည် ပြီးခဲ့သည့် အစိုးရလက် ထက်က တက္ကစီကုမ္ပဏီများကို တင်သွင်းခွင့်ပေးခဲ့သည့် မော်တော်ယာဉ်များဖြစ်ပြီး လက်ရှိတွင် အဆိုပါကုမ္ပဏီအများစုသည်  ဖျက်သိမ်းထားသည်။

ရန်ကုန်မြို့တွင် ပြေးဆွဲနေ သော အငှားယာဉ်များကို စနစ် တကျ စီမံခန့်ခွဲရန် အချိန်ပေးပြီး လုပ်ဆောင်ရဖွယ်ရှိကြောင်း HelloCabs အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့တွင် အငှားယာဉ်အစီးရေ ခုနစ်သောင်းကျော်ရှိ ကြောင်း ကညနလုပ်ငန်းလိုင်စင်ဌာနမှ သိရသည်။ ရာသက်ပန် နံပါတ်အနီ ပြောင်းလဲထားသော ယာဉ်အစီးရေမှာ ရန်ကုန်တွင် သုံး သောင်းကျော်ရှိပြီး အနီမှအနက် သို့ ပြောင်း၍ရသောယာဉ်မှာ အစီး ရေ လေးသောင်းကျော်ရှိကြောင်း သိရသည်။

အဆိုပါ အငှားယာဉ်စာရင်း တွင် နယ်လိုင်စင်ဖြင့် ၀င်ရောက် ပြေးဆွဲနေသည့် ယာဉ်များကို ထည့်သွင်းတွက်ချက်ထားခြင်းမ ရှိသေးပေ။

7Day News

No comments:

Post a Comment