Latest News

Saturday, September 23, 2017

အကြွေးမပေးဘဲ ပါးရိုက်လွှတ်သူကို လက်ဖက်ရည်ဆိုင်အတွင်း ဓားဖြင့်ဝင်ခုတ်၍ သေဆုံး

အကြွေးမပေးဘဲ ပါးရိုက်လွှတ်သူကို လက်ဖက်ရည်ဆိုင်အတွင်း
ဓားဖြင့်ဝင်ခုတ်၍ သေဆုံး

 အကြွေးကျပ်တစ် သောင်းခွဲတောင်းလာသူကို အ ကြွေးမပေးဘဲ ပါးရိုက်လွှတ်လိုက် သူအား ကြွေးရှင်ညီအစ်ကိုနှစ်ဦး က မြောက်ဥက္ကလာပမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်အတွင်း ဓား ဖြင့်ဝင်ခုတ်ရာ အဆိုပါအမျိုးသား သေဆုံးခဲ့သည်။

သေဆုံးသူသည် အသက် (၂၈)နှစ်အရွယ် ဂွေးသီး(ခေါ်) ဆန်းဝင်းအောင်ဆိုသူဖြစ်ပြီး စက် တင်ဘာ ၂၂ ရက်ညနေက အ ကြွေးပိုက်ဆံတစ်သောင်းခွဲပေး ရန်လာတောင်းသူ  (ဓားဖြင့်ဝင် ခုတ်သူ၏ညီ)အား ပါးရိုက်လွှတ် ခဲ့ခြင်းကို မကျေနပ်သောကြောင့် အစ်ကိုဖြစ်သူက ဓားဖြင့်ခုတ်ခြင်း ဖြစ်သည်ဟု စစ်ဆေးသိရကြောင်း မြောက်ဥက္ကလာပမြို့နယ်ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဓားဖြင့် ၀င်ရောက်ခုတ်သူ သည် မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)ရပ်ကွက်နေ (၂၂)နှစ် အရွယ် ဇေယျာကျော်ဆိုသူဖြစ်ပြီး ညီအစ်ကိုနှစ်ဦး လက်ဖက်ရည် ဆိုင်သို့ရောက်ရှိလာကာ အစ်ကို ဖြစ်သူတစ်ဦးတည်းက ဓားဖြင့် ခုတ်ခြင်းဖြစ်ပြီး လည်ပင်းပြတ်လု ဒဏ်ရာ၊ နောက်ကျောထိုးသွင်း ဒဏ်ရာများဖြင့် ဂွေးသီးသေဆုံးခဲ့ ခြင်းဖြစ်သည်ဟု အဆိုပါရပ်ကွက် နေသူအချို့က ပြောသည်။

  ‘‘လက်ဖက်ရည်မှာပြီးလို့ သောက်တောင်မသောက်ရသေး ဘူး ၀င်ခုတ်တာ။ ၀င်လုပ်တာ တော့ တစ်ယောက်တည်းတွေ့ တယ်။ ရုန်းရင်းဆန်ခတ်ဖြစ်တာ မိနစ် ၂၀ လောက်ကြာတယ်။ ဓား ပါတော့ ဘေးကလူတွေလည်း ၀င်မဆွဲရဲဘူး။ အဲဒီလိုဖြစ်တော့ ကျွန်တော်က ရပ်ကွက်ရုံးသွား တိုင်လိုက်တယ်’’ ဟု အခင်းဖြစ် ပွားခဲ့သော လက်ဖက်ရည်ဆိုင်ပိုင် ရှင်ဦးကျော်စိုးနိုင်က ပြောသည်။

ဓားဖြင့်ဝင်ခုတ်ခဲ့သူ ဇေယျာ ကျော်နှင့် ၎င်း၏ညီ နေမင်းထက် တို့ကို မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်းဖမ်း မိပြီး စစ်ဆေးနေသည်။


7Day News

No comments:

Post a Comment