Latest News

Saturday, September 23, 2017

အော်ပရေတာများက အင်တာနက်အသုံးပြုခကို 1MB လျှင် ငါးကျပ်အထိ အနိမ့်ဆုံးလျှော့ချနိုင်ဟုဆို

အော်ပရေတာများက အင်တာနက်အသုံးပြုခကို 1MB လျှင် ငါးကျပ်အထိ အနိမ့်ဆုံးလျှော့ချနိုင်ဟုဆို

 ဆက်သွယ်ရေးအော်ပ ရေတာများ၏ ဈေးနှုန်းပြိုင်ဆိုင်မှု တွင် အနိမ့်ဆုံးအနေဖြင့် မိုဘိုင်း အင်တာနက်အသုံးပြုခကို 1MB လျှင် ငါးကျပ်အထိ လျှော့ချပြိုင် ဆိုင်နိုင်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ အမည်မဖော် လိုသူ အရာရှိက ပြောသည်။

 ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် အော်ပရေတာများ ဈေးကွက်ပြိုင်ဆိုင်မှုကို ထိန်းချုပ်ရန် ပြိုင်ဆိုင်မှုဈေးနှုန်းအမြင့် ဆုံးနှင့် အနိမ့်ဆုံးကို ပြီးခဲ့သည့် ဇူလိုင်အတွင်းက စတင်သတ်မှတ် ခဲ့သည်။   ဆက်သွယ်ရေးအော်ပရေတာများသည်  လက်ရှိအချိန် ထိ  ပုံမှန်မိုဘိုင်းအင်တာနက်အ သုံးပြုခကို 1MB လျှင် ငါးကျပ်အထိ လျှော့ချပြိုင်ဆိုင်ခြင်း မရှိသေးဘဲ အသုံးပြုသူများအတွက် ရှုပ်ထွေးစေသည့် ပရိုမိုးရှင်းမျိုးစုံကို သာ ယခင်ကကမ်းလှမ်းခဲ့သည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက မိုဘိုင်းအင်တာနက် အသုံးပြုခကို ဆိုရှယ်အစီအစဉ် များ (Facebook, Viber ...) အ တွက် 1MB လျှင် တစ်ကျပ်အထိ အနိမ့်ဆုံးကောက်ခံနိုင်ကြောင်း၊ Data Package အတွက် 1MB လျှင် တစ်ကျပ်ခွဲအထိ အနိမ့်ဆုံး ကောက်ခံနိုင်ကြောင်း သတ်မှတ် ထားသည်။

‘‘အခမဲ့ဆိုတာတွေကတော့ ဘယ်ဟာကိုမှ ခွင့်မပြုတော့ဘူး။ ဒါကြောင့် Facebook 0 ဆိုတဲ့ အစီအစဉ်ကို  ရပ်လိုက်ရတာပါ’’ ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။ အော်ပရေတာများ သည် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားချက်ကြောင့်၎င်းတို့၏ ပရိုမိုးရှင်းအစီအစဉ်များ ကို အရိုးရှင်းဆုံးနှင့် အလွယ်ကူ ဆုံးဖြစ်ရန် ပြန်လည်ပြင်ဆင်လာ ခဲ့သော်လည်း သာမန်မိုဘိုင်းအင် တာနက်အသုံးပြုခကို ငါးကျပ်အ ထိ လျှော့ချပြိုင်ဆိုင်ခြင်းမရှိဘဲ ရှစ် ကျပ်ခန့်သာ ဆက်လက်ကောက်ခံခဲ့သည်။

လက်ရှိတွင် အော်ပရေတာသုံးခု၏ Data Package ဈေးနှုန်းများသည် တူညီမှုမရှိဘဲအချို့ Package များသည် အနိမ့်ဆုံး သတ်မှတ်ဈေးထက်ပင် လျော့ ကျနေကာ အချို့ Package သည် အနိမ့်ဆုံးသတ်မှတ်ဈေးထက် ပို မိုမြင့်မားနေသည်။ မြန်မာနိုင်ငံရှိ မြို့နေလူတန်းစားသည်  မိုဘိုင်း အင်တာနက်ကို    လစဉ် 3GB အထိ အသုံးပြုကြောင်း၊ အဆိုပါ ပမာဏသည်   ဥရောပနိုင်ငံများရှိ မိုဘိုင်းအင်တာနက်အသုံးပြုမူ ပမာဏထက်   ကျော်လွန်နေ ကြောင်း တယ်လီနောက သတင်း ထုတ်ပြန်ထားသည်။

7Day News

No comments:

Post a Comment