Latest News

Thursday, September 28, 2017

နိုင်ငံမှာရှိတဲ့ မြောက်ကိုရီးယားကုမ္ပဏီတွေ လုပ်ငန်းပိတ်သိမ်းဖို့ တရုတ် ညွှန်ကြား

နိုင်ငံမှာရှိတဲ့ မြောက်ကိုရီးယားကုမ္ပဏီတွေ လုပ်ငန်းပိတ်သိမ်းဖို့
တရုတ် ညွှန်ကြား

နိုင်ငံမှာ လာရောက်ဖွင့်လှစ်လုပ်ကိုင်နေလျက်ရှိတဲ့ မြောက်ကိုရီးယားကုမ္ပဏီတွေကို လာမယ့်ဇန်န၀ါရီလမတိုင်မီ လုပ်ငန်းတွေ ရပ်ဆိုင်းပိတ်သိမ်းဖို့ တရုတ်အာဏာပိုင်တွေက ညွှန်ကြားထားလိုက်ပြီဖြစ်ပါတယ်။

ဒါဟာ ပြုံယမ်းအာဏာပိုင်တို့ရဲ့ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအပြီး ချမှတ်လိုက်တဲ့ ကုလ ဆန်ရှင်တွေကို လိုက်နာဆောင်ရွက်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ကြောင်း တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက်မှာ ကြေညာပါတယ်။

ပြည်တွင်းကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအပါအ၀င် မြောက်ကိုရီးယားကုမ္ပဏီတွေအားလုံးကို လုပ်ငန်းတွေ ပိတ်သိမ်းရပ်ဆိုင်းဖို့ အချိန် ရက်ပေါင်း ၁၂၀ ပေးမှာဖြစ်ကြောင်း အဆိုပါ ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ချမှတ်ထားခဲ့တဲ့ ဆန်ရှင်တွေကို မိမိတို့လည်း လိုက်နာမှာဖြစ်ကြောင်း တရုတ်တို့ အတည်ပြုပြောကြားထားခဲ့ပြီးနောက် ယခုလို ကြေညာချက်ကို ထုတ်ပြန်လာတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရန်လိုနေတဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားရည်မှန်းချက်တွေ သူ့အလိုလို စွန့်လွှတ်သွားဖို့အတွက် ယင်းနိုင်ငံအပေါ် စီးပွားရေးအရ ဖိအားပေးသွားဖို့ တရုတ်ကို အမေရိကန်က တိုက်တွန်းထားပါတယ်။

Mizzima


No comments:

Post a Comment