YBS ၄၂ ယာဉ်ပေါ် ခါးပှိုက်နှိုက်နေသူ အမျိုးသားသုံးဦအား ရဲတပ်ဖွဲ့မှ အသွင်ယူဖမ်းဆီး
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ မီးပွိုင့်အနီး YBS ၄၂ ယာဉ်ပေါ် ခါးပိုက်နှိုက်နေသူ အမျိုးသားသုံးဦးအား ရဲတပ်ဖွဲ့မှ အသွင်ယူဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာလ ၂၄ ရက်က YBS ၄၂ ယာဉ်ပေါ်တွင် အသွင်ယူလိုက်ပါစီးနင်းနေစဉ် အသက် ၃ဝ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးလွယ် ထားသည့် အိတ်အတွင်းမှ ပစ္စည်းများနှိုက်ယူနေသော အမျိုးသားသုံးဦးအား လက်ရဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခါးပိုက်နှိုက်နေသော အမျိုးသား ၃ ဦးမှာ ရွှေပြည်သာမြို့နယ်နေ အသက် ၂၃နှစ်အရွယ် ပြည့်ဖြိုး အောင်၊ မြောက်ဥက္ကလာပမြို့နယ်နေသူများဖြစ်သည့် အသက် ၂၂ နှစ်အရွယ် နိုင်လင်းဝေဆိုသူနှင့် အသက် ၃၈ နှစ် အရွယ် ထွန်းထွန်း(ခ) ထွန်းထွန်းအောင်ဆိုသူတို့ ဖြစ်သည်။
ဖမ်းဆီးရမိခဲ့သော အမျိုးသား ၃ ဦးထံမှ ခေါက်ပိုက်ဆံအိတ်တစ်အိတ်အား တွေ့ရှိခဲ့ပြီး ပိုက်ဆံအိတ်အတွင်းတွင် ဇေယျာဖြိုးအမည်ပါ ယာဉ်မောင်းလိုင်စင်တစ်ခု၊ ငွေကျပ် ၄၈၉ဝဝ တို့ပါရှိကြောင်း သိရသည်။
အဆိုပါ ပိုက်ဆံအိတ်မှာ YBS ၄၂ ယာဉ်ပေါ်ပါ အသက် ၃ဝ နှစ်ခန့်ရှိ ခရီးသည်အမျိုးသားတစ်ဦးလွယ်ထားသည့် အိတ်အတွင်းမှ နှိုက်ယူခဲ့ခြင်းဖြစ်ပြီး ခေါက်ပိုက်ဆံအိတ်အား နှိုက်ယူစဉ် ပြည့်ဖြိုးအောင်နှင့်နိုင်လင်းအောင်တို့မှ လူကာပေးပြီး ထွန်းထွန်း(ခ)ထွန်းထွန်းအောင်မှ နှိုက်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့ပြင် ဖမ်းဆီးရမိသူ ထွန်းထွန်း(ခ)ထွန်းထွန်းအောင်၏ အင်္ကျီအိတ်ကပ်အတွင်းတွေ့ရှိသော Telenor တံဆိပ် ပါ လက်ကိုင်ဖုန်းမှာလည်း စက်တင်ဘာလ ၁၇ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲမှတ်တိုင်အနီး YBS ၄၂ ယာဉ်ပေါ်ပါ အသက် ၄ဝ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးထံမှ နှိုက်ယူရရှိခဲ့သော လက်ကိုင်ဖုန်းဖြစ်ကြောင်း ထပ် မံစစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထိုသို့ စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးရမိခဲ့သူ ၃ ဦးကို သက်ဆိုင်ရာရဲစခန်းများတွင် အမှုများ အသီးသီး ဖွင့်ကာ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။
Mizzima
Subscribe to:
Post Comments (Atom)
No comments:
Post a Comment