ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်၊ ၂၀၁၇ ခုနှစ်။
ဧရာဝတီတိုင်းအတွင်းရှိ ဗလီများတွင် ဧည့်သည်လက်မခံရန်နှင့် စစ်ဆေးလိုပါက အချိန်မရွေးစစ်ဆေးနိုင်ရန် ညွန်ကြားထား ကြောင်း တိုင်းအိုလမာအစ္စလာမ်အဖွဲ့ချုပ်မှ သိရသည်။
ဗလီများတွင် တရားအားထုတ်သူများမှ လွဲပြီး ဆေးရုံလာတက်သူ၊ ပြက္ခဒိန်လာ ရောင်းသူ နှင့် အလှူလာခံသည့်သူများ စသည့်ဧည့်သည်များကို တည်းခိုခန်း မှာသာ တည်းခိုင်းထားပြီး မည်သူမျှ လက်ခံမထားရှိကြောင်း သံသယရှိ၍ စစ်ဆေးလိုပါက အချိန်မရွေးစစ်ဆေး လို့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး အိုလမာအစ္စလာမ်အဖွဲ့ချုပ် ဥက္ကဌ ဦးကိုလတ်ထံမှ သိရသည်။
“ကျွန်တော်တို့ညွန်ကြားထားတာက ဗလီတွေမှာတရားအားထုတ်တဲ့သူက လွဲလို့ ကျန်တဲ့ဧည့်သည်ဆောင်သည်တွေကို ဘယ်သူမှလက်မခံဖို့နဲ့ တချို့ကလည်း ဇဝေဇ၀ါတွေနဲ့ဖြစ်နေလို့ ဆိုရင် ကျွန်တော်တို့နဲ့ဆက်သွယ်ပြီးတော့ ဧရာဝတီတိုင်းတစ်တိုင်းလုံးမှာရှိတဲ့ ဗလီတွေကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလိုစစ်မယ်ဆိုလို့ရှိရင်လည်း အစစ်ဆေးခံဖို့အဆင်သင့်ရှိပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အိုလမာအစ္စလာမ်အဖွဲ့ချုပ် ဥက္ကဌဦးကိုလတ်ကပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးနေသည့် အကြမ်းဖက်မှုများနှင့် ပါတ်သတ်ပြီး မွတ်ဆလင်ဘာသာဝင်များကြား ဘာတစ်ခုမှ ပြောကြားခြင်း မရှိပဲဘာသာပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်းမူအတိုင်း ပင်နေထိုင်နေကြောင်း၊ ကောလဟာလများ ထွက်ပေါ်နေသော်လည်း ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုမရှိပဲ လိုအပ်ပါက ညသန်းခေါင်လည်း ဗလီများကို စစ်ဆေးနိုင်ကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဗလီကျောင်း ၁၄၈ ကျောင်းရှိနေပြီး အများဆုံးမှာ ပုသိမ်မြို့နယ်တွင်း တည်ရှိနေကြောင်း တိုင်းဒေသကြီးအိုလမာ အစ္စလာမ်အဖွဲ့ချုပ်မှ သိရသည်။
Ayeyarwaddy Times
No comments:
Post a Comment